Local News

ဗုံးထိမှန်ထားပြီး ဖခင်ကိုယ်တိုင် ပြုစုပေးနေရတဲ့ MMA လက်ဝှေ့သမား ဖိုးသော်ရဲ့ လက်ရှိအခြေအနေ

ဗုံးထိမှန်ထားပြီးဖခင်ကိုယ်တိုင်ပြုစုပေးနေရတဲ့MMA လက်ဝှေ့သမားဖိုးသော်ရဲ့လက်ရှိအခြေအနေ

MMAလက်ဝှေ့ကစားသမားတစ်ဦးဖြစ်တဲ့ဖိုးသော်ကတော့ဗုံးပေါက်ကွဲမှုမှာအပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီးလက်ရှိမှာဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ(၅)ရက်နေ့ညပိုင်းကရန်ကုန်မြိုကန်တော်ကြီးပတ်လမ်းရှိယူရိုးပီးယားတာဝါဗုံးပေါက်ကွဲမှုမှာဖိုးသော်ကအသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပါတယ်။

ယူရိုးပီးယားတာဝါကတော့MMAသင်တန်းနဲ့ အားကစားခန်းမ(GYM)လည်းဖွင့်ထားပြီးဖိုးသော်ကိုယ်တိုင်လေ့ကျင့်မှုတွေမကြာခဏပြုလုပ်တဲ့နေရာလည်းဖြစ်တယ်လို့လည်းသိရပါတယ်။

ဖိုးသော်ကတော့အဆိုပါဗုံးကွဲမှုဖြစ်စဉ်ကြောင့် အမှတ်(၂)စစ်ဆေးရုံမှာလက်ရှိဆေးကုသမှုခံယူနေတာဖြစ်ပြီးဖခင်ဖြစ်သူဦးအောင်နိုင်ကိုယ်တိုင်ပြုစုပေးနေတာလည်းတွေ့ရပါတယ်။

Credit