Cele News

လက်သုံးချောင်းထောင်ကာ အားပေးစကားပြောပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်နေကြောင်းပြသခဲ့တဲ့ မင်းသား Lee Seung Gi နဲ့ ကိုရီးယားအနုပညာရှင်များ

လက်သုံးချောင်းထောင်ကာအားပေးစကားပြောပြီး မြန်မာပြည်သူတွေနဲ့အတူရပ်တည်နေကြောင်းပြသခဲ့တဲ့ မင်းသား Lee Seung Gi နဲ့ ကိုရီးယားအနုပညာရှင်များ

လက်ရှိအခြေအနေတွေဆိုးရွားနေတဲ့မြန်မာနိုင်ငံအတွက် ပြည်ပနိုင်ငံတော်တော်များများကပြည်သူတွေနဲ့အတူရပ်တည်နေပြီးစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကိုရှုံ့ချကာရပ်တန့်ပေးဖို့တိုက်တွန်းထားကြတာတွေ့ရသလို နိုင်ငံသီးသီးမှာ ရောက်ရှိနေကြတဲ့ မြန်မာပြည်သူတွေကလည်းအရေးတော်ပုံကြီးမှာ တစ်ဖက်တစ်လမ်းကနေတတ်နိုင်သလောက်ပါဝင်အားဖြည့်နေကြတာဖြစ်ပါတယ်။ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော်မင်းသားဖြစ်တဲ့ Lee Seung Gi တို့ကလည်းမြန်မာပြည်သူတွေနဲ့အတူရပ်တည်ကြောင်းပြသကာအားပေးစကားတွေလည်းပြောလာပါတယ်။

ကိုရီးယားနိုင်ငံရဲ့နာမည်ကျော်SBS ရုပ်သံရဲ့ပရိုဂရမ်တစ်ခုမှာမြန်မာနိုင်ငံသားဖြစ်တဲ့ဆရာမချမ်းမြမြသော်ကိုအဓိကထားပြီးကမ္ဘာအရပ်ရပ်(ပြင်သစ်၊ အီတလီ စတဲ့)နိုင်ငံခြားသားတွေစုဝေးပြီးမြန်မာ့အရေးကိုသုံးသပ်ဆွေးနွေးကြမယ့် Master in the houseဆိုတဲ့အစီအစဉ်မှာ မင်းသား Lee Seung Gi ကအခြားအနုပညာရှင်တွေနဲ့အတူMC အဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်။MC အနေနဲ့ the master in the house အဖွဲ့သားများက (Lee Seung Gi,Cha Eun Woo, Yang Sae Hyung, Kim Dong Hyun) ဦးဆောင်ကြပြီးပါဝင်ဆွေးနွေးသူများအဖြစ်ကိုရီးယားနိုင်ငံမှာနာမည်ကျော်အနုပညာရှင်အနေနဲ့ ရပ်တည်နေကြတဲ့အမေရိကန်လူမျိုး Tylor, ပြင်သစ်လူမျိုး Robin,အီတလီလူမျိုး Alberto, အိန္ဒိယလူမျိုး Lucky,တရုတ်လူမျိုး Magukjinတို့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ရိုက်ကူးရေးအပြီးအမှတ်တရဓာတ်ပုံတွေရိုက်တဲ့အခါမှာမင်းသား Lee Seung Gi နဲ့အခြားအနုပညာရှင်တွေအားလုံးကလက်သုံးချောင်းထောင်ကာအားပေးရင်းမြန်မာပြည်သူနဲ့ရပ်တည်နေကြောင်းပြသလိုက်တာဖြစ်ပါတယ်။ဖေဖော်ဝါရီတစ်ရက်နေ့ကတည်းကယနေ့အချိန်ထိအဖြစ်အပျက်အခြေအနေတွေကိုဆွေးနွေး တင်ဆက်ခဲ့တာဖြစ်ပြီးပရိုဂရမ်တာဝန်ရှိသူတွေကဒါကိုအဆင်ပြေသလိုတည်းဖြတ်ကာ၆လပိုင်း ၆ရက် TVမှာ ထုတ်လွှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။

MCများအားလုံးနဲ့နိုင်ငံခြားသားအနုပညာသည် အားလုံးတို့ဟာမြန်မ့ာအရေးကိုအမှန်တကယ် စိတ်ဝင်တစားရှိနေကြပြီးစိတ်ရင်းနဲ့ ပူပန်စိုးရိမ်နေကြတာကိုသိခဲ့ရပါတယ်။မင်းသား Lee Seung Gi ဆိုရင်ကျွန်မကိုဘာကြောင့်ဒီလိုဖြစ်ရသလဲကိုသူစဥ်းစားမရနိုင်တဲ့အကြောင်း ထပ်ခါထပ်ခါပြောခဲ့ပါတယ်။

Idol Cha Eun Wooကလည်းအစီအစဥ်ပြီးတဲ့အထိကျွန်မနဲ့ စကားပြောရင်းမြန်မာလိုကျွန်မသင်ပေးလိုက်တဲ့ အားတင်းထားဆိုတဲ့စကားလေးကို ထပ်ခါထပ်ခါပြောပေးခဲ့ပါတယ်။ကလေးအဖေ ဖြစ်တဲ့အားကစား ချန်ပီယံ Kim Dong Hyunကဆိုရင်ကလေးငယ်တွေသေဆုံးမှုအကြောင်း နားထောင်ပြီးကျွန်မဘေးကနေသက်ပြင်း အကြိမ်ကြိမ်ချနေခဲ့ပါတယ်။

အမေရိကန်လူမျိုး Tylorကလည်းမြန်မာလူမျိုးတွေအနေနဲ့ USအပေါ် ယုံကြည်အားကိုးမှုတွေရှိတာသိရပေမယ့်ထိရောက်တဲ့လုပ်ဆောင်မှုတွေမပေးနိုင်တာကြောင့်သူအားနာမိကြောင်းနဲ့မြန်မာ့အရေးကို သူ့ကိုယ်ပိုင် snsမှာတင်ပေးမယ့်အကြောင်းပြောခဲ့ပါတယ်။ဆိုပြီးတော့လည်းဆရာမချမ်းမြမြသော်ကပြောပြထားပါသေးတယ်။

Credit