Cele News

မလွန်ဆန်နိုင်တဲ့ အခြေအနေတွေကြောင့် သွားရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာအသင်းကို အပြစ်မမြင်ကြဖို့ တောင်းဆိုလိုက်တဲ့ ရန်ရန်ချန်း

မလွန်ဆန်နိုင်တဲ့ အခြေအနေတွေကြောင့်သွားရောက်ယှဉ်ပြိုင်ခဲ့ကြသောမြန်မာအသင်းကိုအပြစ်မမြင်ကြဖို့ တောင်းဆိုလိုက်တဲ့ရန်ရန်ချန်း

မနေ့ညကဂျပန်နိုင်ငံတွင်ကျင်းပပြုလုပ်တဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်မြန်မာအသင်းမှဂျပန်အသင်းကိုဆယ်ဂိုးဂိုးမရှိဖြင့်ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။အခုလိုအခြေအနေတွေမှာသွားရောက်ယှဉ်ပြိုင်ခဲ့သောမြန်မာဘောလုံးအသင်းကိုပရိသတ်များမှဝေဖန်အပြစ်တင်နေကြတာလည်းဖြစ်ပါတယ်။သို့သော်လည်းမနေ့ကပွဲအတွင်းမြင်တွေ့လိုက်ရတဲ့ကစားသမားတွေရဲ့မျက်နှာအမူအရာတွေကြောင့်အားလုံးကစိတ်မကောင်းဖြစ်နေကြရပြန်ပါတယ်။

သူတို့အားလုံးနိုင်ငံတော်သီချင်းကိုတောင်လုံးဝမဆိုကြဘဲသက်ပြင်းတွေအကြိမ်ကြိမ်ချနေကြတာကိုအားလုံးလည်းမြင်တွေ့ခဲ့ကြရမှာပါ။သူတို့အားလုံးဘယ်လိုမှမတတ်သာတဲ့အခြေအနေတွေကြောင့်သွားရောက်ယှဉ်ပြိုင်ခဲ့ကြတယ်လို့ပရိသတ်တစ်ချို့မှကောက်ချက်ချနေကြတာလည်းဖြစ်ပါတယ်။မနေ့ညကအဆိုတော်ရန်ရန်ချန်းရဲ့လူမှုကွန်ယက်တွင်လည်းမတတ်သာတဲ့အခြေအနေတွေကြောင့်သွားရောက်ယှဉ်ပြိုင်ခဲ့ကြသောမြန်မာအသင်းကိုအပြစ်မမြင်ကြဖို့တောင်းဆိုထားတာဖြစ်ပါတယ်။

မြန်မာဘောလုံးအသင်းကိုအရမ်းမပြောကြပါနဲ့ကွာသူတို့မှာလည်းမလွန်ဆန်နိုင်တာတွေရှိနေလောက်မယ်ထင်ပါတယ်သူတို့အခုချိန်ဘယ်လောက်တောင်စိတ်ဖိစီးနေကြမလည်းသူတို့လည်းပြည်သူတွေပါပဲအချင်းချင်းအားပေးကြရအောင်လေနော်ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။မနေ့ကပြိုင်ပွဲတွင်မြန်မာအသင်းမှအရန်ကစားသမားတစ်ဦးကနိုင်ငံတော်သီချင်းဆိုချိန်တွင်လက်သုံးချောင်းထောင်ပြီးဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပါတယ်။ထိုကစားသမားရဲ့ရဲရင့်သတ္တိရှိမှုတွေကိုပြည်သူတွေကလေးစားဂုဏ်ယူနေကြပြီးသူ့ရဲ့ဘေးကင်းလုံခြုံမှုအတွက်တော့စိုးရိမ်နေကြတာဖြစ်ပါတယ်။

Zawgyi Version

မေန႕ညကဂ်ပန္နိုင္ငံတြင္က်င္းပျပဳလုပ္တဲ့ကမၻာ့ဖလားေျခစစ္ပြဲတြင္ျမန္မာအသင္းမွဂ်ပန္အသင္းကိုဆယ္ဂိုးဂိုးမရွိျဖင့္ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။အခုလိုအေျခအေနေတြမွာသြားေရာက္ယွဥ္ၿပိဳင္ခဲ့ေသာျမန္မာေဘာလုံးအသင္းကိုပရိသတ္မ်ားမွေဝဖန္အျပစ္တင္ေနၾကတာလည္းျဖစ္ပါတယ္။သို႔ေသာ္လည္းမေန႕ကပြဲအတြင္းျမင္ေတြ႕လိုက္ရတဲ့ကစားသမားေတြရဲ႕မ်က္ႏွာအမူအရာေတြေၾကာင့္အားလုံးကစိတ္မေကာင္းျဖစ္ေနၾကရျပန္ပါတယ္။

သူတို႔အားလုံးနိုင္ငံေတာ္သီခ်င္းကိုေတာင္လုံးဝမဆိုၾကဘဲသက္ျပင္းေတြအႀကိမ္ႀကိမ္ခ်ေနၾကတာကိုအားလုံးလည္းျမင္ေတြ႕ခဲ့ၾကရမွာပါ။သူတို႔အားလုံးဘယ္လိုမွမတတ္သာတဲ့အေျခအေနေတြေၾကာင့္သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကတယ္လို႔ပရိသတ္တစ္ခ်ိဳ႕မွေကာက္ခ်က္ခ်ေနၾကတာလည္းျဖစ္ပါတယ္။မေန႕ညကအဆိုေတာ္ရန္ရန္ခ်န္းရဲ႕လူမႈကြန္ယက္တြင္လည္းမတတ္သာတဲ့အေျခအေနေတြေၾကာင့္သြားေရာက္ယွဥ္ၿပိဳင္ခဲ့ၾကေသာျမန္မာအသင္းကိုအျပစ္မျမင္ၾကဖို႔ေတာင္းဆိုထားတာျဖစ္ပါတယ္။

ျမန္မာေဘာလုံးအသင္းကိုအရမ္းမေျပာၾကပါနဲ႕ကြာသူတို႔မွာလည္းမလြန္ဆန္နိုင္တာေတြရွိေနေလာက္မယ္ထင္ပါတယ္သူတို႔အခုခ်ိန္ဘယ္ေလာက္ေတာင္စိတ္ဖိစီးေနၾကမလည္းသူတို႔လည္းျပည္သူေတြပါပဲအခ်င္းခ်င္းအားေပးၾကရေအာင္ေလေနာ္ဆိုၿပီးေရးသားထားတာျဖစ္ပါတယ္။မေန႕ကၿပိဳင္ပြဲတြင္ျမန္မာအသင္းမွအရန္ကစားသမားတစ္ဦးကနိုင္ငံေတာ္သီခ်င္းဆိုခ်ိန္တြင္လက္သုံးေခ်ာင္းေထာင္ၿပီးဆႏၵထုတ္ေဖာ္ခဲ့တာ ျဖစ္ပါတယ္။

Credit