Cele News

မြန်မာပြည်ကြီး အေးအေးချမ်းချမ်းနဲ့ ပုံမှန်ပြန်ဖြစ်သွားရင် Show ပွဲတွေ ပြန်လာလုပ်မယ်လို့ ဂျပန်တီဗီအင်တာဗျူးမှာဖြေခဲ့တာကြောင့် အပြင်းအထန်ဝေဖန်ခံနေရတဲ့ အဝင်း

မြန်မာပြည်ကြီးအေးအေးချမ်းချမ်းနဲ့ပုံမှန်ပြန်ဖြစ်သွားရင် Show ပွဲတွေ ပြန်လာလုပ်မယ်လို့ ဂျပန်တီဗီအင်တာဗျူးမှာဖြေခဲ့တာကြောင့် အပြင်းအထန်ဝေဖန်ခံနေရတဲ့အဝင်း

အဝင်းလို့သူ့ပရိတ်သတ်တွေကချစ်စနိုးခေါ်ကြတဲ့မိုရီဆာကီဝင်း(Morisaki Win)မှာဂျပန်မှာကြီးတဲ့မြန်မာပြည်ပေါက်အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူဟာမြန်မာနဲ့ဂျပန်နိုင်ငံကရုပ်ရှင်တွေမှာသာမကပဲဟော်လိဝုဒ်ရုပ်ရှင်တစ်ချို့မှာပါပါဝင်ဖူးတဲ့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။အဝင်းဟာဂျပန်မှာကြီးပြင်းလာခဲ့တဲ့အတွက်မြန်စကားကိုလည်လည်ဝယ်ဝယ်မပြောတတ်ပေမဲ့မြန်မာပရိတ်သတ်အခိုင်အမာရရှိထားတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

ဂျပန်စကားပြောတီဗီ show ပွဲတစ်ခုမှာအဝင်းကမြန်မာနိူင်ငံပုံမှန်အခြေအနေဖြစ်သွားရင်Show ပွဲတွေပြန်လာလုပ်မယ်ဆိုပြီးပြောခဲ့တဲ့အတွက် ပရိတ်သတ်တွေကအဝင်းကိုသာကူးလို့အမည်တပ်ပြီးဝေဖန်ပြစ်တင်မှုတွေလုပ်နေကြပါတယ်။အဝင်းကမြန်မာပြည်မှာလက်ရှိဖြစ်နေတာတွေကိုသူ့အနေနဲ့ဘာမှမလုပ်ပေးနိုင်တဲ့အတွက် အားအင်မရှိသလိုခံစားရတယ်လို့လည်းပြောသွားပါတယ်။စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကတည်းကမြန်မာပြည်နဲ့ပတ်သတ်လို့မည်မည်ရရသိပ်မပြောခဲ့တဲ့အတွက်အဝင်းကို မြန်မာပြည်ကပရိတ်သတ်တွေကအရင်ကတည်းကအမြင်မကြည်ခဲ့ပါဘူး။

ကိုရီယားနဲ့ဂျပန်လူမျိုးအနုပညာရှင်တစ်ချို့တောင်မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးအတွက် ဝိုင်းဝန်းကူညီပေးနေတဲ့အချိန်မှာမြန်မာပြည်ဖွား သရုပ်ဆောင်မိုရီဆာကာဝင်းတစ်ယောက်နှုတ်ဆိတ်နေတာကိုပရိတ်သတ်တွေကမချင့်မရဲဖြစ်ခဲ့ကြပါတယ်။မြန်မာပြည်ပရိတ်သတ်နဲ့မစိမ်းသောဂျပန်အပြာရုပ်ရှင်သရုပ်ဆောင် Mizugu Somezima(ဂျပန်ကတုံး)ကတော့မြန်မာ့နွေဦးတော်လှန်ရေးကိုထောက်ခံအားပေးတဲ့အပြင် ဂျပန်နိုင်ငံရှိမြန်မာ့အရေးလှုပ်ရှားမှုတွေမှာပါပါဝင်ကူညီပေးလို့မြန်မာပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိနေပါတယ်။

Zawgyi Version

အဝင္းလို႔သူ႕ပရိတ္သတ္ေတြကခ်စ္စနိုးေခၚၾကတဲ့မိုရီဆာကီဝင္း(Morisaki Win)မွာဂ်ပန္မွာႀကီးတဲ့ျမန္မာျပည္ေပါက္အဆိုေတာ္ သ႐ုပ္ေဆာင္တစ္ဦးျဖစ္ပါတယ္။သူဟာျမန္မာနဲ႕ ဂ်ပန္နိုင္ငံက႐ုပ္ရွင္ေတြမွာသာမကပဲေဟာ္လိဝုဒ္႐ုပ္ရွင္တစ္ခ်ိဳ႕မွာပါပါဝင္ဖူးတဲ့သ႐ုပ္ေဆာင္ တစ္ေယာက္ျဖစ္ပါတယ္။အဝင္းဟာဂ်ပန္မွာႀကီးျပင္းလာခဲ့တဲ့အတြက္ျမန္စကားကို လည္လည္ဝယ္ဝယ္မေျပာတတ္ေပမဲ့ျမန္မာ ပရိတ္သတ္အခိုင္အမာရရွိထားတဲ့သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ပါတယ္။

ဂ်ပန္စကားေျပာတီဗီ show ပြဲတစ္ခုမွာအဝင္းက ျမန္မာနိူင္ငံပုံမွန္အေျခအေနျဖစ္သြားရင္Show ပြဲေတြျပန္လာလုပ္မယ္ဆိုၿပီးေျပာခဲ့တဲ့အတြက္ ပရိတ္သတ္ေတြကအဝင္းကိုသာကူးလို႔ အမည္တပ္ၿပီးေဝဖန္ျပစ္တင္မႈေတြလုပ္ေနၾကပါတယ္။အဝင္းကျမန္မာျပည္မွာလက္ရွိျဖစ္ေနတာေတြကိုသူ႕အေနနဲ႕ဘာမွမလုပ္ေပးနိုင္တဲ့အတြက္ အားအင္မရွိသလိုခံစားရတယ္လို႔လည္းေျပာသြားပါတယ္။စစ္ေကာင္စီအာဏာသိမ္းၿပီးခ်ိန္ကတည္းကျမန္မာျပည္နဲ႕ပတ္သတ္လို႔ မည္မည္ရရသိပ္မေျပာခဲ့တဲ့အတြက္အဝင္းကို ျမန္မာျပည္ကပရိတ္သတ္ေတြကအရင္ကတည္းကအျမင္မၾကည္ခဲ့ပါဘူး။

ကိုရီယားနဲ႕ဂ်ပန္လူမ်ိဳးအႏုပညာရွင္တစ္ခ်ိဳ႕ေတာင္ျမန္မာျပည္ရဲ႕ႏြေဦးေတာ္လွန္ေရးအတြက္ ဝိုင္းဝန္းကူညီေပးေနတဲ့အခ်ိန္မွာျမန္မာျပည္ဖြား သ႐ုပ္ေဆာင္မိုရီဆာကာဝင္းတစ္ေယာက္ႏႈတ္ဆိတ္ေနတာကိုပရိတ္သတ္ေတြကမခ်င့္မရဲျဖစ္ခဲ့ၾကပါတယ္။ျမန္မာျပည္ပရိတ္သတ္နဲ႕မစိမ္းေသာ ဂ်ပန္အျပာ႐ုပ္ရွင္သ႐ုပ္ေဆာင္ Mizugu Somezima (ဂ်ပန္ကတုံး)ကေတာ့ျမန္မာ့ႏြေဦးေတာ္လွန္ေရးကိုေထာက္ခံအားေပးတဲ့အျပင္ ဂ်ပန္နိုင္ငံရွိျမန္မာ့အေရးလႈပ္ရွားမႈေတြမွာပါ ပါဝင္ကူညီေပးလို႔ျမန္မာပရိတ္သတ္ရဲ႕ခ်စ္ခင္အားေပးမႈကိုတစ္ခဲနက္ရရွိေနပါတယ္။

Credit