Cele News

စစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ ဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်လိုက်ကြတဲ့ မနော၊ညီမင်းခိုင် နဲ့ ဝေကြီး

စစ်ကောင်စီကဖွဲ့စည်းလိုက်တဲ့ဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့မှတရားဝင်နှုတ်ထွက်လိုက်ကြတဲ့ မနော၊ညီမင်းခိုင်နဲ့ဝေကြီး

အဆိုတော်မနောကတော့လက်ရှိမှာအောင်မြင်လျက်ရှိနေတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီးမြန်မာသံသီချင်းကောင်းလေးတွေများစွာကိုသီဆိုခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။အဆိုတော်ညီမင်းခိုင်ကတော့အနုပညာလောကမှာနေရာတစ်ခုကိုရယူထားနိုင်ခဲ့ပြီးအောင်မြင်မှုတွေကိုဆွတ်ခူးထားနိုင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

မနော၊​​​ဝေကြီးနဲ့ညီမင်းခိုင်တို့ကတော့ဇွန်လ၁ရက်နေ့မြန်မာနိုင်ငံဂီတအစည်းအရုံးယာယီအမှုဆောင်အဖွဲ့မှာအဖွဲ့ဝင်တွေအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ယနေ့မှာတော့မနောနဲ့ညီမင်းခိုင်တို့၂ယောက်ဟာမြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ယာယီအမှုဆောင်အဖွဲ့မှ တရားဝင်နှုတ်ထွက်လိုက်ကြပါတယ်။

ညီမင်းခိုင်ကတော့ယာယီအမှုဆောင်အဖွဲ့မှာ စည်းရုံးရေးမှူးအဖြစ်တာဝန်ခန့်အပ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ညီမင်းခိုင်ကတော့အချိန်မျိုးမှာလက်ခံဖို့ခက်ခဲတဲ့အရာမို့လူကြီးမင်းများအားလုံးနားလည်ပေးကြပါရန်လေးစားစွာဖြင့်နှုတ်ထွက်အပ်ပါသည်ဆိုပြီးနှုတ်ထွက်လိုက်တဲ့အကြောင်းလူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားထားခဲ့ပါတယ်။

Zawgyi Version




Credit