Cele News

ဒီကာလအတွင်း တွေ့ကြုံခံစားခဲ့ရတဲ့ အခက်အခဲတွေကို ဝမ်းနည်းစွာ ပြောပြနေရင်း မျက်ရည်တွေပါ စီးကျလာတဲ့ ထားထက်ထက်ရဲ့ ဗီဒီယိုဖိုင်

ဒီကာလအတွင်းတွေ့ကြုံခံစားခဲ့ရတဲ့အခက်အခဲတွေကို ဝမ်းနည်းစွာပြောပြနေရင်းမျက်ရည်တွေပါစီးကျလာတဲ့ ထားထက်ထက်ရဲ့ဗီဒီယိုဖိုင်

မော်ဒယ်သရုပ်ဆောင်ထားထက်ထက်ကတော့မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာပြည်သူတွေနဲ့အတူတက်ကြွစွာပူးပေါင်းပါဝင်ခဲ့သောအနုပညာရှင်တစ်ဦးဖြစ်ပါတယ်။အခုလိုပါဝင်ခဲ့တဲ့အတွက်လည်းပုဒ်မ၅၀၅(က)ဖြင့်တရားစွဲဆိုအရေးယူခံထားရတာဖြစ်ပါတယ်။ဒါ့ကြောင့်ဘေးကင်းရာသို့တိမ်းရှောင်ရင်းပြည်သူတွေရဲ့အန္တရာယ်တွေကိုရှေ့ဆုံးကနေကာကွယ်ရန်တတ်နိုင်သလောက်ကြိုးစားနေသူဖြစ်ပါတယ်။

လက်ရှိမှာတော့လွတ်မြောက်နယ်မြေတစ်နေရာတွင်တော်လှန်ရေးအတွက်စစ်သင်တန်းတက်ရောက်သင်ကြားနေတာဖြစ်ပါတယ်။သူမရောက်ရှိနေသောနေရာတွင်စားနပ်ရိက္ခာလိုအပ်မှုများရှိနေတာကြောင့်တတ်နိုင်သမျှပါဝင်လှူဒါန်းပေးကြဖို့ကိုလည်းအမြဲတိုက်တွန်းနေတာလည်းဖြစ်ပါတယ်။မနေ့ကဖြေထားတဲ့အင်တာဗျူးတစ်ခုမှာလည်းသူမရဲ့လက်ရှိခံစားချက်တွေကိုဝမ်းနည်းစွာဖြင့်ဖွင့်ဟပြောပြထားတာဖြစ်ပါတယ်။

သူမရဲ့မိသားစုဝင်များနဲ့သူငယ်ချင်းများအားလုံးကိုသတိ​ရနေပြီးသူတို့တွေဘေးကင်းစွာနေကြဖို့မျှော်လင့်ကြောင်းကိုလည်းပြောထားတာဖြစ်ပါတယ်။ထားထက်ထက်ကတော့ဧပြီလကတည်းကတောထဲတွင်စစ်ပညာသင်ကြားနေတာဖြစ်ပြီးတတ်နိုင်တဲ့ဘက်ကနေအာဏာရှင်ကို တိုက်ထုတ်ဖို့အတွက်လုပ်ဆောင်နေတာပါ။ဖေဖော်ဝါရီလကတည်းကစတင်ကာငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သော်လည်းတစ်ဖက်မှအင်အားသုံးချေမှုန်းခဲ့တာဖြစ်တဲ့အတွက်အပြစ်မဲ့တဲ့လူပေါင်းများစွာကျဆုံးခဲ့ရလို့ဝမ်းနည်းရပြီးနောက်ဆုံးမှာတော့တော်လှန်ရေးအတွက် ယလွတ်မြောက်နယ်မြေသို့သွားရောက်ဖို့အခုလို ယဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ဒီရောက်ရှိနေစဉ်အတွင်းနေ့စဉ်လုပ်ဆောင်ရတဲ့လုပ်ငန်းဆောင်တာတွေကိုလည်းပရိသတ်တွေသိရှိရအောင်ပြောပြထားပါသေးတယ်။ထားထက်ထက်ရဲ့မိသားစုဝင်များမှသူမရဲ့ပါဝင်ဆောင်ရွက်မှုတွေကို Facebook မှမြင်တွေ့ကာပြန်လာဖို့ပြောသော်လည်းသူတို့နဲ့အဆက်အသွယ်မလုပ်ဘဲနေခဲ့ကြောင်းကိုလည်းပြောပြထားပါတယ်။စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးပြန်ဖြစ်သွားတဲ့အခါသူမလုပ်ချင်တဲ့အရာလေးတွေကိုလည်းပြောပြထားတာဖြစ်တဲ့အတွက်ပရိသတ်တွေလည်းကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ရပါတယ်။

Video ကြည့်ရန်

Zawgyi Version

ေမာ္ဒယ္သ႐ုပ္ေဆာင္ထားထက္ထက္ကေတာ့ျမန္မာနိုင္ငံတြင္လက္ရွိျဖစ္ေပၚေနတဲ့လူထုလႈပ္ရွားမႈေတြမွာျပည္သူေတြနဲ႕အတူတက္ႂကြစြာပူးေပါင္းပါဝင္ခဲ့ေသာအႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။အခုလိုပါဝင္ခဲ့တဲ့အတြက္လည္းပုဒ္မ၅၀၅(က)ျဖင့္တရားစြဲဆိုအေရးယူခံထားရတာျဖစ္ပါတယ္။ဒါ့ေၾကာင့္ေဘးကင္းရာသို႔တိမ္းေရွာင္ရင္းျပည္သူေတြရဲ႕အႏၱရာယ္ေတြကိုေရွ႕ဆုံးကေနကာကြယ္ရန္တတ္နိုင္သေလာက္ႀကိဳးစားေနသူျဖစ္ပါတယ္။

လက္ရွိမွာေတာ့လြတ္ေျမာက္နယ္ေျမတစ္ေနရာတြင္ေတာ္လွန္ေရးအတြက္စစ္သင္တန္းတက္ေရာက္သင္ၾကားေနတာျဖစ္ပါတယ္။သူမေရာက္ရွိေနေသာေနရာတြင္စားနပ္ရိကၡာလိုအပ္မႈမ်ားရွိေနတာေၾကာင့္တတ္နိုင္သမွ်ပါဝင္လႉဒါန္းေပးၾကဖို႔ကိုလည္းအၿမဲတိုက္တြန္းေနတာလည္းျဖစ္ပါတယ္။မေန႕ကေျဖထားတဲ့အင္တာဗ်ဴးတစ္ခုမွာလည္းသူမရဲ႕လက္ရွိခံစားခ်က္ေတြကိုဝမ္းနည္းစြာျဖင့္ဖြင့္ဟေျပာျပထားတာျဖစ္ပါတယ္။

သူမရဲ႕မိသားစုဝင္မ်ားနဲ႕သူငယ္ခ်င္းမ်ားအားလုံးကိုသတိ​ရေနၿပီးသူတို႔ေတြေဘးကင္းစြာေနၾကဖို႔ေမွ်ာ္လင့္ေၾကာင္းကိုလည္းေျပာထားတာျဖစ္ပါတယ္။ထားထက္ထက္ကေတာ့ဧၿပီလကတည္းကေတာထဲတြင္စစ္ပညာသင္ၾကားေနတာျဖစ္ၿပီးတတ္နိုင္တဲ့ဘက္ကေနအာဏာရွင္ကို တိုက္ထုတ္ဖို႔အတြက္လုပ္ေဆာင္ေနတာပါ။ေဖေဖာ္ဝါရီလကတည္းကစတင္ကာၿငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ခဲ့ေသာ္လည္းတစ္ဖက္မွအင္အားသုံးေခ်မႈန္းခဲ့တာျဖစ္တဲ့အတြက္အျပစ္မဲ့တဲ့လူေပါင္းမ်ားစြာက်ဆဳံးခဲ့ရလို႔ဝမ္းနည္းရၿပီးေနာက္ဆုံးမွာေတာ့ေတာ္လွန္ေရးအတြက္ ယလြတ္ေျမာက္နယ္ေျမသို႔သြားေရာက္ဖို႔အခုလို ယဆုံးျဖတ္ခ်က္ခ်ခဲ့တာျဖစ္ပါတယ္။ဒီေရာက္ရွိေနစဥ္အတြင္းေန႕စဥ္လုပ္ေဆာင္ရတဲ့လုပ္ငန္းေဆာင္တာေတြကိုလည္းပရိသတ္ေတြသိရွိရေအာင္ေျပာျပထားပါေသးတယ္။ထားထက္ထက္ရဲ႕မိသားစုဝင္မ်ားမွသူမရဲ႕ပါဝင္ေဆာင္႐ြက္မႈေတြကို Facebook မွျမင္ေတြ႕ကာျပန္လာဖို႔ေျပာေသာ္လည္းသူတို႔နဲ႕အဆက္အသြယ္မလုပ္ဘဲေနခဲ့ေၾကာင္းကိုလည္းေျပာျပထားပါတယ္။

Credit