Cele News

ကိုရီးယားလူမျိုးတွေဖတ်ဖို့အတွက် တောင်ကိုရီးယားသတင်းဌာနမှာတောင် ဖော်ပြရေးသားခြင်းခံခဲ့ရတဲ့ ဦးဇာဂနာရဲ့အကြောင်း

ကိုရီးယားလူမျိုးတွေဖတ်ဖို့အတွက်တောင်ကိုရီးယားသတင်းဌာနမှာတောင်ဖော်ပြရေးသားခြင်းခံခဲ့ရတဲ့ဦးဇာဂနာရဲ့အကြောင်း

လက်ရှိအခြေအနေမှာဆိုရင်တော့အနုပညာရှင်တစ်စုကလည်းပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ပေးပြီးဖေဖော်ဝါရီလအစကတည်းကနိုင်သလောက်ဝန်ကိုမျှထမ်းပေးလာကြတာဖြစ်ပါတယ်။ဒါ့အပြင်အနုပညာရှင်တချို့ကခက်ခဲနေတဲ့ပြည်သူတွေကိုတစ်တပ် တစ်အားကူညီဖေးမပေးကြတာဖြစ်ပါတယ်။အခုချိန်မှာဆိုရင်တော့အနုပညာရှင်တွေထဲမှာ၅၀၅(က)နဲ့ဖမ်းဝရမ်းအထုတ်ခံထားရသလိုနာမည်ကြီးအနုပညာရှင်တချို့လည်းဖမ်းဆီးခံလိုက်ရပြီဖြစ်ပါတယ်။

ပြည်သူတွေကလည်းရှေ့ဆုံးကနေအားကြိုးမာန်တက်ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အနုပညာရှင်တွေအကုန်လုံးဘေးအန္တရာယ်ကင်းပြီးအမြန်လွတ်မြောက်ပါစေလို့ဆုတောင်းပေးနေကြတာဖြစ်ပါတယ်။ဧပြီလ(၆)ရက်နေ့ကဆိုရင်လည်းဇာဂနာ(ခ)ဦးသူရဖမ်းဆီးခံလိုက်ရတယ်လို့လူမှုကွန်ယက်စာမျက်နှာပေါ်မှာတက်လာတာကိုတွေ့ရပါတယ်။ဦးဇာဂနာကတော့လက်ရှိအခြေအနေမှာထဲထဲဝင်ဝင်မပါဝင်ပေမယ့်လည်းနိုင်ငံခြားသတင်းဌာနကအကြောင်းအရာတွေကိုအနှစ်ချုပ်ဘာသာပြန်ပြီးတင်ပေးခဲ့တာဖြစ်ပါတယ်။

ဦးဇာဂနာကဟိုးအရင်ကတည်းကဟောပြောပွဲတွေမှာလှည့်လည်ပြောဆိုခဲ့တာကြောင့်တချို့ပြည်သူတွေကလည်းသူဟောပြောတဲ့တချို့စကားလေးတွေကိုကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။မနေ့ညကဆိုရင်တော့တောင်ကိုရီးယားသတင်းထဲမှာဦးဇာဂနာ(ခ)ဦးသူရရဲ့အကြောင်းပါလာခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားသတင်းဌာနကလည်းဦးဇာဂနာရဲ့အကြောင်းကိုကိုရီးယားလူမျိုးတွေဖတ်ရအောင်လို့ဖော်ပြရေးသားခဲ့တဲ့အကြောင်းကိုပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi Version




Credit