Cele News

လူရွှင်တော် 5 Star အဖွဲ့က အောင်သော် ဦးစီးလုပ်ကိုင်နေတဲ့ ပရဟိတအသင်းရုံးကို အင်အား (၅၀)ခန့်ဖြင့် ညပိုင်းတွင်ဝင်ရောက်စစ်ဆေးမှုများပြုလုပ်

လူရွှင်တော် 5 Star အဖွဲ့ကအောင်သော်ဦးစီးလုပ်ကိုင်နေတဲ့ပရဟိတအသင်းရုံးကိုအင်အား (၅၀)ခန့်ဖြင့် ညပိုင်းတွင်ဝင်ရောက်စစ်ဆေးမှုများပြုလုပ်

ဟာသဇာတ်ရုပ်တွေနဲ့ပရိသတ်တွေကိုရယ်မောပျော်ရွှင်စေသလိုပရဟိတအလုပ်တွေနဲ့လည်းပြည်သူတွေကိုအကျိုးပြုနေသူတွေထဲမှာ 5Star အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့အောင်သော်ကလည်းအပါအဝင်ပါပဲ။အောင်သော်ကိုယ်တိုင်ဦးစီးတည်ထောင်ထားတဲ့ရန်ကုန်မြို့က Golden Middle Way ပရဟိတအသင်းရုံးကိုပြီးခဲ့တဲ့ညကစစ်သားအယောက်(၅၀)ခန့်လာရောက်ဝိုင်းပြီး စစ်ဆေးမှုတွေပြုလုပ်သွားတယ်လို့သိရပါတယ်။

Golden Middle Way ပရဟိတအသင်းရုံးမှာအလှူငွေတွေလည်းမရှိသလိုအောင်သော်ကိုယ်တိုင်ကလည်းလွန်ခဲ့တဲ့(၃)လကတည်းက စစ်ကိုင်းတောင်ရိုးမှာတရားရှာနေတာဖြစ်တယ်လို့ဆိုပါတယ်။အဆိုပါအကြောင်းအရာကိုတော့ ဘုန်းကြီးလူထွက်ပြည်သူဘက်တော်သား တော်လှန်ရေးရဲဘော်ဖြစ်တဲ့ဦးဇင်းဦးကေသရကသူ့ရဲ့လူမှူကွန်ယက်စာမျက်နှာကနေပြောပြထားတာဖြစ်ပါတယ်။

သေချာတာကတော့အသင်းကနေပြီးပြည်သူ့အစိုးရလက်ထက်မှာရှိစုမဲ့စုအသင်းပိုင်ကားလေးတွေနဲ့မနားတမ်းပြေးလွှားလှုပ်ရှားခဲ့ရတဲ့ Covid လူနာနဲ့စောင့်ကြည့်လူနာကြိုပို့ထားတဲ့စာရင်းတွေအတော်လေးရသွားမယ်လို့တော့ထင်ပါတယ်ဆိုပြီးတော့လည်း ဦးကေသရကပြောပြထားပါသေးတယ်။ပြည်သူတွေကလည်းအများအကျိုးပြုပေးနေတဲ့ပရဟိတအသင်းတွေအတွက်အားပေးစကားတွေဆိုထားသလိုအောင်သော်တို့အသင်းအတွက်လည်းဆုတောင်းပေးထားကြတာတွေ့ရပါတယ်။

Zawgyi Version

ဟာသဇာတ္႐ုပ္ေတြနဲ႕ပရိသတ္ေတြကိုရယ္ေမာေပ်ာ္႐ႊင္ေစသလိုပရဟိတအလုပ္ေတြနဲ႕လည္း ျပည္သူေတြကိုအက်ိဳးျပဳေနသူေတြထဲမွာ 5Star အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ေအာင္ေသာ္ကလည္း အပါအဝင္ပါပဲ။ေအာင္ေသာ္ကိုယ္တိုင္ဦးစီးတည္ေထာင္ထားတဲ့ရန္ကုန္ၿမိဳ႕က Golden Middle Way ပရဟိတအသင္း႐ုံးကိုၿပီးခဲ့တဲ့ညကစစ္သားအေယာက္(၅၀)ခန႔္လာေရာက္ဝိုင္းၿပီး စစ္ေဆးမႈေတြျပဳလုပ္သြားတယ္လို႔သိရပါတယ္။

Golden Middle Way ပရဟိတအသင္း႐ုံးမွာ အလႉေငြေတြလည္းမရွိသလိုေအာင္ေသာ္ကိုယ္တိုင္ကလည္းလြန္ခဲ့တဲ့(၃)လကတည္းက စစ္ကိုင္းေတာင္ရိုးမွာတရားရွာေနတာျဖစ္တယ္လို႔ဆိုပါတယ္။အဆိုပါအေၾကာင္းအရာကိုေတာ့ ဘုန္းႀကီးလူထြက္ျပည္သူဘက္ေတာ္သား ေတာ္လွန္ေရးရဲေဘာ္ျဖစ္တဲ့ဦးဇင္းဦးေကသရက သူ႕ရဲ႕လူမႉကြန္ယက္စာမ်က္ႏွာကေနေျပာျပထားတာျဖစ္ပါတယ္။

ေသခ်ာတာကေတာ့အသင္းကေနၿပီးျပည္သူ႕အစိုးရလက္ထက္မွာရွိစုမဲ့စုအသင္းပိုင္ကားေလးေတြနဲ႕မနားတမ္းေျပးလႊားလႈပ္ရွားခဲ့ရတဲ့ Covid လူနာနဲ႕ေစာင့္ၾကည့္လူနာႀကိဳပို႔ထားတဲ့စာရင္းေတြ အေတာ္ေလးရသြားမယ္လို႔ေတာ့ထင္ပါတယ္ဆိုၿပီးေတာ့လည္း ဦးေကသရကေျပာျပထားပါေသးတယ္။ျပည္သူေတြကလည္းအမ်ားအက်ိဳးျပဳေပးေနတဲ့ပရဟိတအသင္းေတြအတြက္အားေပးစကားေတြဆိုထားသလိုေအာင္ေသာ္တို႔အသင္းအတြက္လည္းဆုေတာင္းေပးထားၾကတာေတြ႕ရပါတယ္။

Credit