Cele News

ဂျုဗင်တပ်အသင်း ရာသီသစ် ဂျတ်ကတ်အတွက် ကြော်ငြာ ရိုက်ကူးပေးခဲ့တဲ့ မြန်မာမော်ဒယ် မေမြတ်နိုး

ဂျုဗင်တပ်အသင်းရာသီသစ်ဂျတ်ကတ်အတွက် ကြော်ငြာရိုက်ကူးပေးခဲ့တဲ့မြန်မာမော်ဒယ်မေမြတ်နိုး

မြန်မာနိုင်ငံကမော်ဒယ်တွေထဲမှာကမ္ဘာ့အဆင့်အထိတက်လှမ်းနိုင်ခဲ့တဲ့မော်ဒယ်ဆိုတာအရမ်းရှားပါးပါတယ်။နိုင်ငံတကာအဆင့်အထိအောင်မြင်မှုရတဲ့မြန်မာမော်ဒယ်တစ်ယောက်အဖြစ်မေမြတ်နိုးကခေါင်းမော့နိုင်ခဲ့ပါပြီ။နာမည်ကျော်ဂျူဗင်တပ်အသင်းရဲ့ Official Store ကလာမယ့် ၂၀၂၁-၂၂ ဘောလုံးရာသီအတွက် အပေါ်ဝတ်ဂျက်ကတ်အရောင်းကြော်ငြာမှာမြန်မာမော်ဒယ်လ်တစ်ဦးဖြစ်တဲ့မေမြတ်နိုးပါဝင်လာခဲ့ပါတယ်။

ဂျူဗင်တပ်အသင်းရဲ့တရားဝင်စတိုးဝက်ဘ်ဆိုက်မှာဖော်ပြထားတာဖြစ်ပြီးမေမြတ်နိုးဟာ Anthem Jacket ဝတ်ဆင်ပြီးသရုပ်ပြနေတဲ့ဓါတ်ပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။မြန်မာမော်ဒယ်မေမြတ်နိုးဟာအသက် ၂၂နှစ် အရွယ်သာရှိသေးပြီးနိုင်ငံတကာမော်ဒယ်လ်တစ်ဦးအဖြစ်လုပ်ကိုင်နေသူဖြစ်ပြီး ၂၀၁၄ Miss Asia Pacific World မှာပါဝင်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါ့အပြင်သူမဟာ၂၀၁၆ Fourth season of Asia’s Next Top Model ပြိုင်ပွဲမှာနောက်ဆုံးအဆင့် ၁၄ဦးစာရင်းဝင်ခဲ့ပြီးအခြားပြိုင်ပွဲတွေမှာလည်းအောင်မြင်မှုအထိုက်အလျောက်ကိုရယူနိုင်ခဲ့ပါတယ်။

မေမြတ်နိုးဟာပရိသတ်အခိုင်အမာရရှိထားသူဖြစ်ပြီးဂီတ၊ရုပ်ရှင်ဘက်တွေမှာလည်းလှုပ်ရှားမှုတွေရှိတဲ့သူတစ်ယောက်ပါ။သူမအခုလိုမျိုးဂျူဗင်တပ်အသင်းရဲ့ကြော်ငြာမှာပါဝင်ခဲ့တာကို ပရိသတ်တွေအံ့သြခဲ့ရပါတယ်။အခုလိုမျိုးဂျူဗင်တပ်အသင်းရဲ့တရားဝင်ကြော်ငြာမှာပါဝင်လာတာဟာမြန်မာမော်ဒယ်လ်တစ်ဦးအတွက် မြင့်မားတဲ့ခြေလှမ်းတစ်ခုကိုလှမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

မေမြတ်နိုးဟာ Clear ခေါင်းလျှော်ရည်ကြော်ငြာလည်းရိုက်ကူးခဲ့ရပြီးဂျူဗင်တပ်ကစားသမား စီရော်နယ်ဒိုရဲ့ပုံရိပ်တွေနဲ့အတူဖော်ပြခံနေရပါတယ်။မေမြတ်နိုးနဲ့အတူကြော်ငြာခဲ့တဲ့ဂျူဗင်တပ် Anthem Jacket ဟာယူရို ၉၀တန်ကြေးရှိတယ်လို့လည်းသိရပါတယ်။ပြိုင်ပွဲမစခင်မှာ ကစားသမားတွေဝတ်ဆင်တဲ့ဂျက်ကတ်ဖြစ်ပြီး မြန်မာငွေတန်ဖိုးအားဖြင့်ကျပ်၁သိန်း၈သောင်းနီးပါးကျသင့်မှာဖြစ်ပါတယ်။မေမြတ်နိုးနဲ့အတူဒီဂျက်ကတ်ကိုဂျူဗင်တပ်ကစားသမားတွေဝတ်ဆင်ထားပုံနဲ့အတူကလပ်အသင်းကကြော်ငြာထားတာလည်းဖြစ်ပါတယ်။

Zawgyi Version

ဂ်ဳဗင္တပ္အသင္း ရာသီသစ္ ဂ်တ္ကတ္အတြက္ ေၾကာ္ျငာ ရိုက္ကူးေပးခဲ့တဲ့ ျမန္မာေမာ္ဒယ္ ေမျမတ္နိုး

ျမန္မာနိုင္ငံကေမာ္ဒယ္ေတြထဲမွာကမၻာ့အဆင့္အထိတက္လွမ္းနိုင္ခဲ့တဲ့ေမာ္ဒယ္ဆိုတာအရမ္းရွားပါးပါတယ္။နိုင္ငံတကာအဆင့္အထိ ေအာင္ျမင္မႈရတဲ့ျမန္မာေမာ္ဒယ္တစ္ေယာက္အျဖစ္ေမျမတ္နိုးကေခါင္းေမာ့နိုင္ခဲ့ပါၿပီ။နာမည္ေက်ာ္ဂ်ဴဗင္တပ္အသင္းရဲ႕ Official Store က လာမယ့္ ၂၀၂၁-၂၂ ေဘာလုံးရာသီအတြက္ အေပၚဝတ္ဂ်က္ကတ္အေရာင္းေၾကာ္ျငာမွာျမန္မာေမာ္ဒယ္လ္တစ္ဦးျဖစ္တဲ့ေမျမတ္နိုးပါဝင္လာခဲ့ပါတယ္။

ဂ်ဴဗင္တပ္အသင္းရဲ႕တရားဝင္စတိုးဝက္ဘ္ဆိုက္မွာေဖာ္ျပထားတာျဖစ္ၿပီးေမျမတ္နိုးဟာ Anthem Jacket ဝတ္ဆင္ၿပီးသ႐ုပ္ျပေနတဲ့ ဓါတ္ပုံေတြကိုျမင္ေတြ႕ရမွာျဖစ္ပါတယ္။ျမန္မာေမာ္ဒယ္ေမျမတ္နိုးဟာအသက္ ၂၂ႏွစ္ အ႐ြယ္သာရွိေသးၿပီးနိုင္ငံတကာေမာ္ဒယ္လ္တစ္ဦးအျဖစ္လုပ္ကိုင္ေနသူျဖစ္ၿပီး ၂၀၁၄ Miss Asia Pacific World မွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့သူလည္း ျဖစ္ပါတယ္။

ေမျမတ္နိုးဟာပရိသတ္အခိုင္အမာရရွိထားသူျဖစ္ၿပီးဂီတ၊႐ုပ္ရွင္ဘက္ေတြမွာလည္းလႈပ္ရွားမႈေတြရွိတဲ့သူတစ္ေယာက္ပါ။သူမအခုလိုမ်ိဳးဂ်ဴဗင္တပ္အသင္းရဲ႕ေၾကာ္ျငာမွာပါဝင္ခဲ့တာကို ပရိသတ္ေတြအံ့ၾသခဲ့ရပါတယ္။အခုလိုမ်ိဳးဂ်ဴဗင္တပ္အသင္းရဲ႕တရားဝင္ေၾကာ္ျငာမွာပါဝင္လာတာဟာျမန္မာေမာ္ဒယ္လ္တစ္ဦးအတြက္ ျမင့္မားတဲ့ေျခလွမ္းတစ္ခုကိုလွမ္းနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ေမျမတ္နိုးဟာ Clear ေခါင္းေလွ်ာ္ရည္ေၾကာ္ျငာလည္းရိုက္ကူးခဲ့ရၿပီးဂ်ဴဗင္တပ္ကစားသမား စီေရာ္နယ္ဒိုရဲ႕ပုံရိပ္ေတြနဲ႕အတူေဖာ္ျပခံေနရပါတယ္။ေမျမတ္နိုးနဲ႕အတူေၾကာ္ျငာခဲ့တဲ့ဂ်ဴဗင္တပ္ Anthem Jacket ဟာ ယူရို ၉၀တန္ေၾကးရွိတယ္လို႔လည္းသိရပါတယ္။ၿပိဳင္ပြဲမစခင္မွာ ကစားသမားေတြဝတ္ဆင္တဲ့ဂ်က္ကတ္ျဖစ္ၿပီး ျမန္မာေငြတန္ဖိုးအားျဖင့္က်ပ္၁သိန္း၈ေသာင္း နီးပါးက်သင့္မွာျဖစ္ပါတယ္။

Credit