Local News

ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားလို့ ဆေးကုသမှုခံယူနေဆဲအချိန်မှာတောင် ဒေါင်းနေအကျဉ်းထောင်ထဲသို့ ဖမ်းဆီးခံလိုက်ရတဲ့ မောင်လျှံဖြိုးအောင်

ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားလို့ဆေးကုသမှုခံယူနေဆဲအချိန်မှာတောင်ဒေါင်းနေအကျဉ်းထောင်ထဲသို့ ဖမ်းဆီးခံလိုက်ရတဲ့မောင်လျှံဖြိုးအောင်

လူငယ်သူရဲကောင်းတစ်ယောက်ဖြစ်တဲ့မောင်လျှံဖြိုးအောင်ကတော့လူထုလှုပ်ရှားမှုတွေမှာတက်တက်ကြွကြွပါဝင်ဆောင်ရွက်ရင်းကိုယ်လက်အင်္ဂါတချို့ကိုဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ကအင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တာကြောင့်ညာဘက်လက်တစ်ဖက်ဖြတ်လိုက်ရတာကိုခံစားရပေမယ့်လည်းအားတင်းပြီးနေထိုင်နေတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ကိုမိသားစုဝင်တွေနဲ့သူငယ်ချင်းတွေကအားပေးဖေးမကြတဲ့အပြင်ပြည်သူလူထုကလည်းသူ့အတွက်တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။

မနေ့ကဇွန်လ(၇)ရက်နေ့ညနေ(၄)နာရီအချိန်လောက်မှာတော့မောင်လျှံဖြိုးအောင်ကိုတရားစွဲဆိုထားတဲ့၅၀၅(က)အမှု့အားအချုပ်နဲ့ရင်ဆိုင်ရန်ဒေါင်းနေအကျဉ်းထောင်သို့ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာဆိုရင်မောင်လျှံဖြိုးအောင်ရဲ့ကျန်းမာရေးအခြေအနေကလည်းမျက်နှာသစ်ခြင်း၊ထမင်းစားခြင်းမှစပြီးအပေါ့၊အလေးသွားခြင်းမှအဆုံးမိသားစုရဲ့အကူအညီနဲ့သာလှုပ်ရှားနေရတာဖြစ်ပါတယ်။ညာဘက်မျက်လုံးကိုလည်းမျက်ကြည်လွှာအစားထိုးကုသဖို့အတွက်အရေးပေါ်လိုအပ်နေသလိုဘယ်ခြေထောက်အတွက်လည်းလေ့ကျင့်ခန်းပြုလုပ်ဖို့အထူးလိုအပ်နေသေးတာဖြစ်ပါတယ်။

မောင်လျှံဖြိုးအောင်ရဲ့အစ်ကိုဖြစ်သူကတော့သူ့ရဲ့ညီလေးကိုစွဲဆိုထားတဲ့အမှုမှအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ဝိုင်းဝန်းကူညီပေးကြရန်မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။အခုလိုမျိုးကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားရတဲ့အပြင်ဆေးကုသမှုခံယူနေဆဲအချိန်မှာဖမ်းဆီးခံလိုက်ရတဲ့မောင်လျှံဖြိုးအောင်အတွက်ပြည်သူလူထုကလည်းအရမ်းဝမ်းနည်းနေကြပြီးတတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။သူ့ကိုစွဲဆိုထားတဲ့အမှုအတွက်အချုပ်ဖြင့်ရင်ဆိုင်ရမယ့်မောင်လျှံဖြိုးအောင်ရဲ့အဖြစ်အပျက်လေးကိုစိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Credit