Local News

ဟင်းမပါဘဲ ထမင်းဖြူလေးကိုသာ နောက်ဆုံးမနက်စာအဖြစ် စားပြီး အာဏာရှင်ကိုတိုက်ထုတ်ရင်း အသက်ပေးသွားခဲ့ရတဲ့ မင်းတပ်PDFလူငယ်လေး

ဟင်းမပါဘဲထမင်းဖြူလေးကိုသာနောက်ဆုံးမနက်စာအဖြစ်စားပြီးအာဏာရှင်ကိုတိုက်ထုတ်ရင်းအသက်ပေးသွားခဲ့ရတဲ့မင်းတပ်PDFလူငယ်လေး

အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊စစ်အာဏာရှင်ဖြုတ်ချရေးတို့ကြောင့်မြန်မာလူငယ်တွေဟာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲဝင်ရောက်ပြီးအာဏာရှင်ကိုတွန်းလှန်နေကြပါတယ်။ချင်းပြည်နယ်၊မင်းတပ်မြို့မှာစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်(CDF)တို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလျက်ရှိနေပါတယ်။စစ်ကောင်စီတပ်တွေကအင်အားများစွာသုံးပြီးလက်နက်ကြီးတွေနဲ့ပတ်ခတ်နေတာကြောင့်မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(၂၁)ဦးတိတိကျဆုံးသွားခဲ့ရပါတယ်။

ချင်းပြည်နယ်၊မင်းတပ်မြို့နယ်မှာမနေ့ကလည်းစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်(CDF)တို့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CDF)ဘက်ကလူငယ်တစ်ဦးကျဆုံးသွားခဲ့ပါတယ်။အသက်ပေးသွားခဲ့ရတဲ့အဆိုပါလူငယ်လေးဟာအသက်(၁၈)နှစ်အရွယ်သာရှိသေးတဲ့ဆလိုင်းလိန်းယောအွမ်ဖြစ်တယ်လို့သိရပါတယ်။အဆိုပါလူငယ်လေးမကျဆုံးမီထမင်းစားနေခဲ့တဲ့ပုံရိပ်လေးကိုကြည့်ပြီးပြည်သူတွေကယူကျုံးမရဖြစ်ကာဝမ်းနည်းပူဆွေးနေကြပါတယ်။

ပညာသင်ကြားနေရမယ့်အသက်အရွယ်မှာ အာဏာရှင်လူတစ်စုရဲ့ဆိုးရွားတဲ့လုပ်ရပ်ကြောင့် ရရာလက်နက်ဆွဲကိုင်ပြီးတိုက်ပွဲဝင်ခဲ့တဲ့ ကွယ်လွန်သူညီလေးဆလိုင်းလိန်းယောအွမ်ရဲ့စိတ်ဓာတ်ဟာလေးစားချီးကျူးစရာကောင်းလွန်းနေခဲ့ပါတယ်။အသက်ငယ်ပေမယ့်ရဲရင့်တဲ့ အာဇာနည်စိတ်ဓာတ်နဲ့တိုင်းပြည်နဲ့လူမျိုးကိုကာကွယ်ပေးရင်းကျဆုံးသွားတဲ့ကိုဆလိုင်းလိန်းယောအွမ်တစ်ယောက်ကောင်းရာသုဂတိလားပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

Zawgyi Version

အသက္အိုးအိမ္စည္းစိမ္လုံၿခဳံေရး၊စစ္အာဏာရွင္ျဖဳတ္ခ်ေရးတို႔ေၾကာင့္ျမန္မာလူငယ္ေတြဟာျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြထဲဝင္ေရာက္ၿပီး အာဏာရွင္ကိုတြန္းလွန္ေနၾကပါတယ္။ခ်င္းျပည္နယ္၊မင္းတပ္ၿမိဳ႕မွာစစ္ေကာင္စီတပ္ေတြနဲ႕ျပည္သူ႕ကာကြယ္ေရးတပ္(CDF)တို႔ တိုက္ပြဲေတြျပင္းထန္စြာျဖစ္ပြားလ်က္ရွိေနပါတယ္။

ခ်င္းျပည္နယ္၊မင္းတပ္ၿမိဳ႕နယ္မွာမေန႕ကလည္းစစ္ေကာင္စီတပ္ေတြနဲ႕ျပည္သူ႕ကာကြယ္ေရးတပ္(CDF)တို႔တိုက္ပြဲေတြျဖစ္ပြားခဲ့ၿပီးျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕(CDF)ဘက္ကလူငယ္တစ္ဦး က်ဆဳံးသြားခဲ့ပါတယ္။အသက္ေပးသြားခဲ့ရတဲ့ အဆိုပါလူငယ္ေလးဟာအသက္ (၁၈)ႏွစ္အ႐ြယ္သာရွိေသးတဲ့ဆလိုင္းလိန္းေယာအြမ္ျဖစ္တယ္လို႔သိရပါတယ္။

ပညာသင္ၾကားေနရမယ့္အသက္အ႐ြယ္မွာ အာဏာရွင္လူတစ္စုရဲ႕ဆိုး႐ြားတဲ့လုပ္ရပ္ေၾကာင့္ ရရာလက္နက္ဆြဲကိုင္ၿပီးတိုက္ပြဲဝင္ခဲ့တဲ့ ကြယ္လြန္သူညီေလးဆလိုင္းလိန္းေယာအြမ္ရဲ႕ စိတ္ဓာတ္ဟာေလးစားခ်ီးက်ဴးစရာေကာင္းလြန္းေနခဲ့ပါတယ္။အသက္ငယ္ေပမယ့္ရဲရင့္တဲ့ အာဇာနည္စိတ္ဓာတ္နဲ႕တိုင္းျပည္နဲ႕လူမ်ိဳးကိုကာကြယ္ေပးရင္းက်ဆဳံးသြားတဲ့ကိုဆလိုင္းလိန္းေယာအြမ္တစ္ေယာက္ေကာင္းရာသုဂတိလားပါေစေၾကာင္းဆုမြန္ေကာင္းေတာင္းေပးလိုက္ရပါတယ္။

Credit