Cele News

ထွက်ပြေးတိမ်းရှောင်နေရပေမယ့် ဇာတိမြေရန်ကုန်ကို အရမ်းလွမ်းနေတဲ့အကြောင်းနဲ့ အရင်လို သံပုံးတီးကြသေးလားလို့ မေးလာတဲ့ မင်းမော်ကွန်း

ထွက်ပြေးတိမ်းရှောင်နေရပေမယ့် ဇာတိမြေရန်ကုန်ကို အရမ်းလွမ်းနေတဲ့အကြောင်းနဲ့အရင်လိုသံပုံးတီးကြသေးလားလို့မေးလာတဲ့မင်းမော်ကွန်း

လတ်တလောမြန်မာနိုင်ငံရဲ့ဒီမီုကရေစီအရေးမှာ အမှန်တရားကိုလိုလားကြတဲ့ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်းပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒီလိုပြည်သူတွေနဲ့အတူတစ်သားတည်းပါဝင်လှုပ်ရှားတဲ့အနုပညာရှင်တွေထဲမှာသရုပ်ဆောင်မင်းမော်ကွန်းလည်းအပါအဝင်ပါပဲ။မင်းမော်ကွန်းကလူထုလှုပ်ရှားမှုတွေမှာအောင်မြင်မှုတွေကိုဘေးချိတ်ပြီးလူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေမပျောက်အောင်တာဝန်သိပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။

မင်းမော်ကွန်းကတော့ကိုယ်တိုင်လည်းလမ်းမထွက်ကာလှုပ်ရှားမှုတွေမှာစိတ်ရောကိုယ်ပါနှစ်ပြီးပါဝင်သလိုဖြိုခွင်းမှုတွေကြောင့်ထိခိုက်နစ်နာသူတွေကိုလည်းစာနာနားလည်မှုလေးတွေနဲ့ အတူဖေးမကူညီမှုလေးတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်လည်းမင်းမော်ကွန်းက၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံထားရပြီးထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။မင်းမော်ကွန်းရဲ့ဖခင်ဦးဇင်ဝိုင်းလည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးယမန်နေ့ကမှပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

မင်းမော်ကွန်းကရှောင်တိမ်းနေရပေမယ့်လည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြည်သူတွေအတွက်ခွန်အားဖြစ်စေနိုင်တဲ့စာလေးတွေနဲ့ သတင်းအချက်လေးတွေကိုလည်းမျှဝေပေးနေတာဖြစ်ပါတယ်။မကြာသေးမီကတော့မင်းမော်ကွန်းကသူ့ရဲ့ Facebookစာမျက်နှာမှာရန်ကုန်မှာမွေးရန်ကုန်မှာကြီးတော့ရန်ကုန်ကိုလဲသိပ်လွမ်းတယ်ဗျာခုထိရောည၈နာရီဆိုရင်ရန်ကုန်မှာသံဗုံးတွေတီးကြသေးလားကျွန်တော့်အိမ်မက်ကရန်ကုန်ကိုအမြန်ဆုံးပြန်လိုချင်တာဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Zawgyi Version

လတ္တေလာျမန္မာနိုင္ငံရဲ႕ဒီမီုကေရစီအေရးမွာ အမွန္တရားကိုလိုလားၾကတဲ့ျပည္သူေတြနဲ႕အတူ အႏုပညာရွင္မ်ားစြာကလည္းပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ဒီလိုျပည္သူေတြနဲ႕အတူတစ္သားတည္း ပါဝင္လႈပ္ရွားတဲ့အႏုပညာရွင္ေတြထဲမွာ သ႐ုပ္ေဆာင္မင္းေမာ္ကြန္းလည္းအပါအဝင္ပါပဲ။မင္းေမာ္ကြန္းကလူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြကို ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ႕အနာဂတ္အိမ္မက္ေတြမေပ်ာက္ေအာင္ တာဝန္သိ ျပည္သူတစ္ေယာက္အနဲ႕ စိတ္အားထက္သန္စြာ ပါဝင္ခဲ့တဲ့အႏုပညာရွင္တစ္ေယာက္ပါ။

မင္းေမာ္ကြန္းကေတာ့ကိုယ္တိုင္လည္းလမ္းမထြက္ကာလႈပ္ရွားမႈေတြမွာစိတ္ေရာကိုယ္ပါႏွစ္ၿပီးပါဝင္သလိုၿဖိဳခြင္းမႈေတြေၾကာင့္ထိခိုက္နစ္နာသူေတြကိုလည္းစာနာနားလည္မႈေလးေတြနဲ႕ အတူေဖးမကူညီမႈေလးေတြကိုလည္း ေဆာင္႐ြက္ခဲ့ပါတယ္။ဒါေၾကာင့္လည္းမင္းေမာ္ကြန္းက ၅၀၅(က)နဲ႕အမႈဖြင့္အေရးယူခံထားရၿပီးထြက္ေျပးတိမ္းေရွာင္ေနရတာျဖစ္ပါတယ္။ မင္းေမာ္ကြန္းရဲ႕ဖခင္ဦးဇင္ဝိုင္းလည္းဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီးယမန္ေန႕ကမွျပန္လည္လြတ္ေျမာက္လာခဲ့တာျဖစ္ပါတယ္။

မင္းေမာ္ကြန္းကေရွာင္တိမ္းေနရေပမယ့္လည္း သူ႕ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာကေနျပည္သူေတြအတြက္ခြန္အားျဖစ္ေစနိုင္တဲ့စာေလးေတြနဲ႕ သတင္းအခ်က္ေလးေတြကိုလည္းမွ်ေဝေပးေနတာျဖစ္ပါတယ္။မၾကာေသးမီကေတာ့မင္းေမာ္ကြန္းကသူ႕ရဲ႕ Facebookစာမ်က္ႏွာမွာရန္ကုန္မွာေမြးရန္ကုန္မွာႀကီးေတာ့ရန္ကုန္ကိုလဲ သိပ္လြမ္းတယ္ဗ်ာခုထိေရာည၈နာရီဆိုရင္ရန္ကုန္မွာသံဗုံးေတြတီးၾကေသးလားကြၽန္ေတာ့္အိမ္မက္ကရန္ကုန္ကိုအျမန္ဆုံးျပန္လိုခ်င္တာဆိုၿပီးေရးသားထားခဲ့တာျဖစ္ပါတယ္။

Credit