Cele News

ယနေ့ရုံးချိန်မှာ အာမခံပေးဖို့မလွယ်ကူတဲ့အခြေအနေတစ်ခုမှာရှိနေတဲ့ ပိုင်တံခွန်ရဲ့အမှုအနေအထားကိုပြောပြလာခဲ့တဲ့ ပိုင်တံခွန်ရဲ့ရှေ့နေ

ယနေ့ရုံးချိန်မှာအာမခံပေးဖို့မလွယ်ကူတဲ့အခြေအနေတစ်ခုမှာရှိနေတဲ့ပိုင်တံခွန်ရဲ့အမှုအနေအထားကိုပြောပြလာခဲ့တဲ့ပိုင်တံခွန်ရဲ့ရှေ့နေ

စစ်ကောင်စီကပုဒ်မ၅၀၅(က)နဲ့ဖမ်းဆီးတရားစွဲထားတဲ့သရုပ်ဆောင်မော်ဒယ်ပိုင်တံခွန်အမှုကို ဇွန်လ ၉ ရက်ဒီနေ့ရုံးချိန်းခေါ်ခဲ့ပြီးတရားလိုမြောက်ဒဂုံမြို့မရဲစခန်းမှူးဒုရဲမှူးဇော်မင်းအောင်ကိုအင်းစိန်ထောင်တွင်းတရားရုံးမှာစတင်စစ်ဆေးခဲ့ပါတယ်။အမှုကိုပြန်ချေပနိုင်ဖို့ တရားလိုရဲ့စွပ်စွဲချက်တွေခိုင်မာမှုရှိမရှိပိုင်တံခွန် ရဲ့ဥပဒေအကြံပေးကသုံးသပ်နေပြီးတရားလိုပြသက်သေတွေရဲ့စွဲချက်တွေကိုနောက်ရုံးချိန်းမှာစောင့်ကြည့်ရဦးမယ်လို့ပိုင်တံခွန်ရဲ့ဥပဒေအကြံပေးတရားလွှတ်တော် ရှေ့နေဦးခင်မောင်မြင့်ကပြောပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကိုအင်းစိန်ထောင်တွင်းသီးသန့်ဆောင်မှာထိန်းသိမ်းထားတာဖြစ်ပြီးအခုရုံးချိန်းမှာကျန်းမာရေးကောင်းမွန်တာတွေ့ရတယ်လို့ရှေ့နေကပြောပါတယ်။ပိုင်တံခွန်ကိုစကစကစွဲချက်တင်ရာမှာဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကအထောက်အထားတွေနဲ့ စွပ်စွဲတာဖြစ်ပါတယ်။

သရုပ်ဆောင်ပိုင်တံခွန်ကိုဧပြီ၈ရက်နေ့က မြောက်ဒဂုံကသူ့ရဲ့နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ပိုင်တံခွန်အမှုအတွက်နောက်ရုံးချိန်းကိုဇွန်လ၂၃ ရက်နေ့မှာပြန်ခေါ်ထားပြီးတရားလိုပြသက်သေတွေကိုဆက်စစ်မှာဖြစ်ပါတယ်။အင်းစိန်ထောင်ထဲရောက်ပြီးပုဒ်မ ၅၀၅ နဲ့အစွဲခံထားရသူတွေကိုအာမခံပေးလေ့မရှိတဲ့အတွက်ပိုင်တံခွန်အတွက်အာမခံလျှောက်ထားဖို့ကလည်းခက်ခဲနေတယ်လို့သူ့ရဲ့ဥပဒေအကြံပေးကပြောပါတယ်။

Zawgyi Version

စစ္ေကာင္စီကပုဒ္မ ၅၀၅(က)နဲ႕ ဖမ္းဆီးတရားစြဲထားတဲ့သ႐ုပ္ေဆာင္ေမာ္ဒယ္ပိုင္တံခြန္အမႈကို ဇြန္လ ၉ ရက္ဒီေန႕႐ုံးခ်ိန္းေခၚခဲ့ၿပီးတရားလို ေျမာက္ဒဂုံၿမိဳ႕မရဲစခန္းမႉးဒုရဲမႉးေဇာ္မင္းေအာင္ကိုအင္းစိန္ေထာင္တြင္းတရား႐ုံးမွာစတင္စစ္ေဆးခဲ့ပါတယ္။အမႈကိုျပန္ေခ်ပနိုင္ဖို႔ တရားလိုရဲ႕စြပ္စြဲခ်က္ေတြခိုင္မာမႈရွိမရွိပိုင္တံခြန္ ရဲ႕ဥပေဒအႀကံေပးကသုံးသပ္ေနၿပီး တရားလိုျပသက္ေသေတြရဲ႕စြဲခ်က္ေတြကို ေနာက္႐ုံးခ်ိန္းမွာေစာင့္ၾကည့္ရဦးမယ္လို႔ပိုင္တံခြန္ရဲ႕ဥပေဒအႀကံေပးတရားလႊတ္ေတာ္ ေရွ႕ေနဦးခင္ေမာင္ျမင့္ကေျပာပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ကိုအင္းစိန္ေထာင္တြင္းသီးသန႔္ေဆာင္မွာထိန္းသိမ္းထားတာျဖစ္ၿပီးအခု႐ုံးခ်ိန္းမွာက်န္းမာေရးေကာင္းမြန္တာေတြ႕ရတယ္လို႔ေရွ႕ေနကေျပာပါတယ္။ပိုင္တံခြန္ကိုစကစကစြဲခ်က္တင္ရာမွာေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚကအေထာက္အထားေတြနဲ႕ စြပ္စြဲတာျဖစ္ပါတယ္။

သ႐ုပ္ေဆာင္ပိုင္တံခြန္ကိုဧၿပီ၈ရက္ေန႕က ေျမာက္ဒဂုံကသူ႕ရဲ႕ေနအိမ္မွာဝင္ေရာက္ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။ပိုင္တံခြန္အမႈအတြက္ေနာက္႐ုံးခ်ိန္းကိုဇြန္လ ၂၃ ရက္ေန႕မွာျပန္ေခၚထားၿပီး တရားလိုျပသက္ေသေတြကိုဆက္စစ္မွာျဖစ္ပါတယ္။အင္းစိန္ေထာင္ထဲေရာက္ၿပီး ပုဒ္မ ၅၀၅ နဲ႕အစြဲခံထားရသူေတြကိုအာမခံေပးေလ့မရွိတဲ့အတြက္ပိုင္တံခြန္အတြက္အာမခံေလွ်ာက္ထားဖို႔ကလည္းခက္ခဲေနတယ္လို႔သူ႕ရဲ႕ဥပေဒအႀကံေပးကေျပာပါတယ္။

Credit