Cele News

ဆင်းရဲချို့တဲ့ပြီး စားဖို့ဆန်တောင်မရှိတော့လို့ အခက်အခဲဖြစ်နေတဲ့ သွေးနုသားနု မိခင်တစ်ဦးကို ငွေကြေးလှူဒါန်းပေးလိုက်တဲ့ စူးရှထက်

ဆင်းရဲချို့တဲ့ပြီးစားဖို့ဆန်တောင်မရှိတော့လို့ အခက်အခဲဖြစ်နေတဲ့သွေးနုသားနုမိခင်တစ်ဦးကို ငွေကြေးလှူဒါန်းပေးလိုက်တဲ့စူးရှထက်

ပရိတ်သကြီးရမော်ဒယ်စူးရှထက်ကတော့ ခုလတ်တလောမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့အထိပြည်သူလူထုနဲ့အတူရပ်တည်ကာလမ်းပေါ်ထွက်လှုပ်ရှားမှုတွေကိုအားတတ်သရောပြုလုပ်ခဲ့သူတစ်ယောက်ပါ။

ဒါ့အပြင်အစားအသောက်များကိုကိုယ်တိုင်ချက်ပြုတ်ကာလှုပ်ရှားမှုပြုလုပ်နေတဲ့ပြည်သူတွေအပြင်ညကင်းစောင့်တဲ့သူရဲကောင်းတွေကိုလည်းလိုက်ဝေငှလှူဒါန်းရင်းရရာနေရာကနေတတ်နိုင်သလောက်ကူညီ အားဖြည့်ခဲ့တာဖြစ်ပါတယ်။

ခုလိုအရာရာခက်ခဲလွန်းတဲ့တော်လှန်ရေးကာလကြီးမှာလည်းစားဝတ်နေရေးအဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေကိုသူမရဲ့ချွေးနည်းစာလေးနဲ့လိုအပ်တာမှန်သမျှကိုတတ်နိုင်သလောက်ထောက်ပံ့ဝေမျှပေးခဲ့တာကြောင့်အားလုံးကလေးစားချစ်ခင်နေရတာပါ။သူကိုယ်တိုင်လည်းချွေတာကာအင်တိုက်အားတိုက်လှူဒါန်းခဲ့ပြီးကိုယ်ကျိူးမကြည့်ဘဲလုပ်ဆောင်နေသူတစ်ယောက်လည်းဖြစ်ပါတယ်။

မကြာခင်နာရီပိုင်းလောက်ကလည်းသူမရဲ့ပို့စ်အောက်မှာလာရောက်အကူအညီတောင်းခံထားတဲ့ကလေးမိခင်တစ်ဦးကိုတတ်နိုင်သလောက်အလှူငွေ(၅၀၀၀၀)လှူဒါန်းဖြစ်ခဲ့ကြောင်းဖော်ပြထားပါတယ်။အလှူခံသူမှာဆင်းရဲချို့တဲ့ပြီးအစားလည်းပုံမှန်မစားနိုင်လို့နို့မထွက်တာကြောင့်ကလေးဖြစ်သူကိုနို့မှုန့်လေးဝယ်ပေးချင်လို့

အလှူခံရခြင်းဖြစ်ကြောင်းစူးရှထက်ရဲ့ပို့စ်လေးမှာရေးသားခဲ့တာတွေ့ရပါတယ်။စူးရှထက်ရဲ့စိတ်ထားလေးကိုလေးစားမိတာကြောင့်ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ဖတ်ရှုပေးတဲ့ပရိတ်သတ်ကြီးကိုအထူးပဲ​ကျေးဇူးတင်ရှိပါတယ်နော်။

Credit