Cele News

ဝေါမြို့နယ် ကျိုက်လှရွာက နွမ်းပါးချို့တဲ့သော အိမ်ထောင်စု (၁၂၀ ) စာအတွက် စားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်

ဝေါမြို့နယ်ကျိုက်လှရွာကနွမ်းပါးချို့တဲ့သော အိမ်ထောင်စု(၁၂၀ )စာအတွက်စားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ဝေဠုကျော်

ပရဟိတမင်းသားကြီးဝေဠုကျော်ကတော့အောင်မြင်ကျော်ကြားတဲ့ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်သလိုလက်ရှိအခြေအနေတွေမှာလည်းပြည်သူတွေနဲ့အတူရပ်တည်နေသူပဲဖြစ်ပါတယ်။ဝေဠုကျော်ကတော့ခုလိုကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့်အမှန်တကယ်စားဝတ်နေရေးခက်ခဲနေကြတဲ့ပြည်သူတွေအတွက်အခြေခံစားသောက်ကုန်တွေပေးဝေလှူဒါန်းပြီး တတ်နိုင်သလောက်ဖေးမကူညီနေတာလည်းဖြစ်ပါတယ်။

သူကိုယ်တိုင်လည်းဖောင်ဒေးရှင်းတစ်ခုတည်ထောင်ထားပြီးအဖွဲ့သားများနဲ့အတူလိုအပ်တဲ့နေရာများကိုကိုယ်တိုင်သွားရောက်လေ့လာကာကူညီလှူဒါန်းပေးနေတာတွေကိုမြင်တွေ့ရတာလည်းကြည်နူးစရာကောင်းလွန်းလှပါတယ်နော်။ဒီလိုအနစ်နာခံကာသူတစ်ပါးအပေါ် ကူညီတတ်တာတွေကြောင့်ပရိသတ်တွေက လေးစားဂုဏ်ယူနေကြတာပါ။

ဒီရက်ပိုင်းတွေမှာမအားလပ်ရအောင်အလှူတွေတောက်လျှေက်လိုက်လိုက်လှူဒါန်းပေးနေတာပါ။အခုလည်းဝေါမြို့နယ်ကျိုက်လှရွာကနွမ်းပါးချို့တဲ့သောအိမ်ထောင်စု(၁၂၀ )စာအတွက်ဆန်၊ကုလားပဲ၊ကြက်သွန်စတာတွေကိုအလှူရှင်တွေကိုယ်စားကိုယ်တိုင်သွားရောက်ဝေငှလှူဒါန်းပေးခဲ့ပါတယ်။ပရိသတ်ကြီးအတွက်ဝေဠုကျော်ရဲ့အလှူပုံရိပ်တွေကိုမျှဝေပေးလိုက်ပါရစေ။

ZawGyi Version




Credit