Cele News

အနုပညာရှင်အချို့ကို အမှုတွေပိတ်သိမ်းပေးတော့မည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြော

အနုပညာရှင်အချို့ကိုအမှုတွေပိတ်သိမ်းပေးတော့မည်ဟု နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ပြော

ပုဒ်မ၅၀၅ကဖြင့်အမှုဖွင့်ခံထားရတဲ့အနုပညာရှင်အချို့ကိုအမှုတွေကိုပိတ်သိမ်းပေးမယ်လို့နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။ဇွန်၁၂ရက်ကနေပြည်တော်မှာပြုလုပ်တဲ့နစကသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးရဲ့မေးခွန်းကိုဖြေကြားရာမှာဗိုလ်ချုပ်ဇော်မင်းထွန်းကယခုလိုပြောကြားသွားခဲ့တာဖြစ်ပါတယ်။

ပုဒ်မ ၅၀၅-ကနှင့်အမှုဖွင့်ထားတဲ့အနုပညာရှင်အချို့ကိုအမှုပိတ်သိမ်းပေးဖို့အစီအစဉ်ရှိပါတယ်။အမှုပိတ်သိမ်းဖို့ဆောင်ရွက်ရာမှာတော့အကြမ်းဖျင်းအားဖြင့် CDM ဝန်ထမ်းတွေ အချိန်မီလုပ်ငန်းခွင်ပြန်ဝင်လာအောင်ဆောင်ရွက်တဲ့အဆင့်အတိုင်းပဲဆောင်ရွက်ပေးလျှက်ရှိပါတယ်လို့သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ကပြောကြားခဲ့ပါတယ်။

အနုပညာရှင်တွေနှင့်ပတ်သက်ပြီးတော့ပထမအဆင့်ကပြစ်မှုကျူးလွန်မထားသူတွေ၊ CDM ကိစ္စ၊ Social Bullying မှာထဲထဲဝင်ဝင်လှုံဆော်တာမလုပ်ခဲ့တဲ့သူတွေကိုသူတို့ရဲ့လှုမှုရေးကိစ္စတွေ၊လှုမှုစီးပွားကိစ္စတွေကိုထောက်ထားပြီးပြန်လည်ကုစားမှုတွေဆောင်ရွက်ပေးလျှက်ရှိတယ်လို့သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့ရက်များအတွင်းအနုပညာရှင်အချို့ဖမ်းဆီးထိန်းသိမ်းခံရာကပြန်လွတ်လာတာကိုလည်းသူကအတည်ပြုခဲ့ပါတယ်။လွတ်မြောက်ဖို့ငွေပေးရတယ်ဆိုတဲ့ကောလာဟလအချို့ကိုလည်းသူကထပ်မံငြင်းဆိုပါတယ်။

အနုပညာရှင်အချို့ကိုယ်တိုင် ငွေမပေးရပါဘူးလို့ သူတို့ wall ပေါ်တက်ရေးထားတာရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးအမှုပိတ်သိမ်းပြီးပြန်ရောက်နေတဲ့အနုပညာရှင်တွေရှိပါတယ်။သူတို့တွေကိုသာမေးကြည့်ကြပါလို့ပြောချင်ပါတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်၁၁ရက်ကအဆိုတော်အေသင်ချိုဆွေ ထိန်းသိမ်းခံထားရကနေနေအိမ်ပြန်ရောက်လာပြီလို့အေသင်ချိုဆွေရဲ့ညီမနှင့်မိခင်ဖြစ်သူတွေက သူတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေပေါ် ရေးသားခဲ့ပါတယ်။ပုဒ်မ၅၀၅-ကဖြင့်အမှုဖွင့်ခံထားရတဲ့အနုပညာရှင်တွေရဲ့အမည်နှင့်စာရင်းတွေကိုပြီးခဲ့တဲ့လတွေကနစကသတင်းထုတ်ပြန်ရေးအဖွဲ့ကနေ့စဉ်လူ၂၀ဦးစီထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

Zawgyi Version

ပုဒ္မ၅၀၅ကျဖင့္အမႈဖြင့္ခံထားရတဲ့အႏုပညာရွင္အခ်ိဳ႕ကိုအမႈေတြကိုပိတ္သိမ္းေပးမယ္လို႔နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာပါတယ္။ဇြန္၁၂ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့နစကသတင္းထုတ္ျပန္ေရးအဖြဲ႕ရဲ႕သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္တစ္ဦးရဲ႕ေမးခြန္းကိုေျဖၾကားရာမွာဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကယခုလိုေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။

ပုဒ္မ ၅၀၅-ကႏွင့္အမႈဖြင့္ထားတဲ့အႏုပညာရွင္အခ်ိဳ႕ကိုအမႈပိတ္သိမ္းေပးဖို႔အစီအစဥ္ရွိပါတယ္။အမႈပိတ္သိမ္းဖို႔ေဆာင္႐ြက္ရာမွာေတာ့ အၾကမ္းဖ်င္းအားျဖင့္ CDM ဝန္ထမ္းေတြ အခ်ိန္မီလုပ္ငန္းခြင္ျပန္ဝင္လာေအာင္ေဆာင္႐ြက္တဲ့အဆင့္အတိုင္းပဲေဆာင္႐ြက္ေပးလွ်က္ရွိပါတယ္လို႔သတင္းထုတ္ျပန္ေရးအဖြဲ႕ ေခါင္းေဆာင္ကေျပာၾကားခဲ့ပါတယ္။

အႏုပညာရွင္ေတြႏွင့္ပတ္သက္ၿပီးေတာ့ပထမအဆင့္ကျပစ္မႈက်ဴးလြန္မထားသူေတြ၊ CDM ကိစၥ၊ Social Bullying မွာထဲထဲဝင္ဝင္လႈံေဆာ္တာမလုပ္ခဲ့တဲ့သူေတြကိုသူတို႔ရဲ႕လႈမႈေရးကိစၥေတြ၊လႈမႈစီးပြားကိစၥေတြကိုေထာက္ထားၿပီးျပန္လည္ကုစားမႈေတြေဆာင္႐ြက္ေပးလွ်က္ရွိတယ္လို႔သူကဆက္ေျပာပါတယ္။ၿပီးခဲ့တဲ့ရက္မ်ားအတြင္းအႏုပညာရွင္အခ်ိဳ႕ဖမ္းဆီးထိန္းသိမ္းခံရာကျပန္လြတ္လာတာကိုလည္း သူကအတည္ျပဳခဲ့ပါတယ္။လြတ္ေျမာက္ဖို႔ေငြေပးရတယ္ဆိုတဲ့ေကာလာဟလအခ်ိဳ႕ကိုလည္းသူကထပ္မံျငင္းဆိုပါတယ္။

အႏုပညာရွင္အခ်ိဳ႕ကိုယ္တိုင္ ေငြမေပးရပါဘူးလို႔ သူတို႔ wall ေပၚတက္ေရးထားတာရွိပါတယ္။ အဲဒါနဲ႕ပတ္သက္ၿပီးအမႈပိတ္သိမ္းၿပီးျပန္ေရာက္ေနတဲ့အႏုပညာရွင္ေတြရွိပါတယ္။သူတို႔ေတြကိုသာေမးၾကည့္ၾကပါလို႔ေျပာခ်င္ပါတယ္လို႔ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာၾကားခဲ့ပါတယ္။ၿပီးခဲ့တဲ့ဇြန္၁၁ရက္ကအဆိုေတာ္ေအသင္ခ်ိဳေဆြ ထိန္းသိမ္းခံထားရကေနေနအိမ္ျပန္ေရာက္လာၿပီလို႔ေအသင္ခ်ိဳေဆြရဲ႕ညီမႏွင့္မိခင္ျဖစ္သူေတြက သူတို႔ရဲ႕လူမႈကြန္ယက္စာမ်က္ႏွာေတြေပၚ ေရးသားခဲ့ပါတယ္။

Credit