Cele News

သူတို့ရဲ့ ဆိုင်တွေကို boycott ကြဖို့ ပြောနေတဲ့လူတစ်ချို့ကို သက်သေအခိုင်အလုံဖြင့် ပြန်လည်ရှင်းပြလိုက်တဲ့ သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

သူတို့ရဲ့ဆိုင်တွေကို boycott ကြဖို့ ပြောနေတဲ့လူတစ်ချို့ကိုသက်သေအခိုင်အလုံဖြင့်ပြန်လည်ရှင်းပြလိုက်တဲ့သဉ္ဇာနွယ်ဝင်းတို့ဇနီးမောင်နှံ

သဉ္ဇာနွယ်ဝင်းကတော့အိမ်ထောင်ကျပြီးနောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေသိပ်မရှိတော့ဘဲခင်ပွန်းဖြစ်သူရဲ့စီးပွားရေးလုပ်ငန်းတွေကိုဝိုင်းကူပေးနေတာဖြစ်ပါတယ်။အခုရက်ပိုင်းအတွင်းမှာတော့သူမတို့ဇနီးမောင်နှံရဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးသတင်းတစ်ချို့ထွက်နေတာဖြစ်ပါတယ်။ဒါကတော့သူမတို့ဖွင့်လှစ်ထားတဲ့ဟော့ပေါ့နဲ့အကင်ဆိုင်တွေကိုတပ်အသိုင်းအသိုင်းနဲ့ဆက်နွယ်မှုရှိတာကြောင့်boycottကြဖို့လတ်တလောလူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားနေကြတာဖြစ်ပါတယ်။

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမနေ့ညကသဉ္ဇာနွယ်ဝင်းခင်ပွန်းရဲ့လူမှုကွန်ယက်တွင်ပြန်လည်ဖြေရှင်းထားတာဖြစ်ပါတယ်။အခုနာမည်ကြီးနေတဲ့ဓာတ်ပုံတစ်ပုံကတော့၂၀၁၈ခုနှစ်ကသူတို့ရဲ့သားအကြီးဆုံးရဲ့မွေးနေ့အခမ်းအနားတုန်းကပုံဖြစ်ပြီးမဟုတ်ဘဲနဲ့ သတင်းအမှားတွေအဖွခံနေရတာဖြစ်ကြောင်းရှင်းပြထားပါတယ်။သူတို့အတွက်ကြောင့်နဲ့အကုသိုလ်မရစေဖို့မဟုတ်မှန်တဲ့သတင်းတွေကိုပြန်လည်စဉ်းစားသုံးသပ်ပေးကြဖို့ကိုလည်းအခုလိုရေးသားတောင်းဆိုထားတာဖြစ်ပါတယ်။

ဟိုးရက်ကကျွန်တော်အသိတစ်ယောက်ဖုန်းဆက်လာပြီးအကြံတောင်းတယ်။သူလုပ်တဲ့ဟိုတယ်ရဲ့အပေါ်ထပ်မှာတပ်ပေးစွဲထားပါတယ်ဘယ်လိုဘယ်လိုလုပ်နေပါတယ်ဆိုပြီးအကောင့်တစ်ခုနဲ့ လုပ်ငန်းပေ့ချ်အောက်မှာရောဂရုတွေထဲလည်းလျှောက်ရေးရော။မဟုတ်ပေမယ့်လည်းအဲ့ဒီသတင်းကြီးကပွပြီးဝိုင်းဆဲတာကောင်းကောင်းခံလိုက်ရတော့သူဘယ်လိုပြန်ရှင်းသင့်လဲလာမေးတယ်။

ပြောရရင်သူကစီးပွားရေးကိုသန့်သန့်လေးလုပ်ပြီးသူ့ကြိုးစားမှုနဲ့သူတက်လာတာမို့ဒီလိုပလိန်းကြီးရေးခံထိတာတော်တော်လေးယဒုက္ခရောက်ရတယ်။နဂိုကတည်းကလူအေးဆိုတော့ဘယ်အဖွဲ့အစည်းနဲ့မှမပေါင်းသင်းမလုပ်ရတဲ့ဟိုတယ်လိုင်းလေးပဲသေချာလေးလုပ်နေတဲ့သူ။သူ့ဟိုတယ်မှာဟိုကဖွသလိုဘာမှမရှိသလိုလူအဝင်ပါးလို့စိတ်ဆင်းရဲနေတဲ့ကြားကဒီလိုချောက်တွန်းခံရလိုက်ရတော့။

မင်းကွာဖြေရှင်းမနေပါနဲ့လို့ပြောလိုက်ရပေမယ့်လည်းသူ့ကိုလာရန်ရှာတဲ့ facebookလူအုပ်ကြီးကလည်းကြောက်စရာအခုတော့ကိုယ့်အလှည့်ကျမှခံစားဖူးမှသိတော့တယ်။သားလေးတစ်နှစ်ပြည့်ပွဲရဲ့၂၀၁၈ကပုံတစ်ခုကိုဦးတည်ပြီးမဟုတ်ပဲနဲ့အဖွခံရတဲ့အမုန်းတရားနဲ့ချောက်တွန်းတဲ့ကိစ္စ။အားလုံးတကယ့်အမှန်တရားတွေပိုက်ရင်းအေးချမ်းတဲ့ဘဝလေးအမြန်ပိုင်ဆိုင်ရပါစေဗျာ။

မဟုတ်ဘဲနဲ့အစွပ်စွဲခံရတာကတော့ကိုယ့်ကံအကြောင်းတရားပဲဆိုတော့ကောင်းမှုကုသိုလ်လေးနဲ့ပြန်ဖြေလိုက်ပါ့မယ်။ကျွန်တော်ကြောင့်တော့အကုသိုလ်မရစေဖို့မဟုတ်တာတွေရေးနေဖွနေတာကိုတော့တစ်ချက်လောက်ပြန်စဉ်းစားသုံးသပ်စေချင်ပါတယ်။ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။သဉ္ဇာနွယ်ဝင်းကလည်းတစ်ခုခုပြောမယ်ဆိုရင်အရင်ဆုံးမှန်လားမှားလားအသေအချာသိမှသူတစ်ပါးကိုဝေဖန်ပါပြောပါ။ဆိုပြီးသူမခင်ပွန်းရဲ့ပို့စ်ကိုပြန်လည်ဝေမျှပြီးရှင်းပြထားတာဖြစ်ပါတယ်။ပရိသတ်တွေအားလုံးလည်းအကြောင်းစုံသိရှိစေဖို့ဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Credit