Cele News

ကျောင်းပေါက်ဝမှာ ကြိမ်လုံးကိုင်ပြီးစောင့်နေတဲ့ စစ်ကောင်စီကလူတွေကို အထိနာသွားအောင် ပြောလိုက်တဲ့ မေဦးရဲ့စကား

ကျောင်းပေါက်ဝမှာကြိမ်လုံးကိုင်ပြီးစောင့်နေတဲ့စစ်ကောင်စီကလူတွေကိုအထိနာသွားအောင်ပြောလိုက်တဲ့ မေဦးရဲ့စကား

မိတ်ကပ်ပညာရှင်ဖြစ်တဲ့မေဦးကတော့ တော်လှန်ရေးတိုက်ပွဲမှာပြည်သူတွေနဲ့တစ်သွေးတစ်သားတည်းလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်ပြုလုပ်နေသူပဲဖြစ်ပါတယ်။တတ်နိုင်တဲ့ဘက်ကနေရသလောက်ပါဝင်နေတဲ့မေဦးကတော့ ၅၀၅ ကဖြင့်အမှုဖွင့်အရေးယူခံထားရတဲ့မေဦးကတော့လက်ရှိမှာလည်းမျိုးဆက်သစ်လူငယ်တွေနဲ့အတူစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတဲ့အပြင်လူမှုကွန်ယက်ပေါ်မှာလည်းလှုပ်ရှားမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

မေဦးကတော့ဒီကနေ့မှာလည်းကျောင်းဂိတ်ပေါက်ဝမှာကြိမ်လုံးကိုင်ပြီးစောင့်နေတဲ့စစ်ကောင်စီကလူတွေကိုအထိနာသွားစေမယ့်စကားတွေနဲ့ထိထိမိမိပြောလိုက်ပြန်ပါတယ်။ကျောင်းနေအရွယ်ကလေးတွေကိုကျောင်းမှာရောအိမ်မှာပါကြိမ်လုံးနဲ့မရိုက်ဘဲကောင်းကောင်းမွန်မွန်ဆိုဆုံးနေကြတာဖြစ်တာကြောင့်အခုလိုစစ်ဝတ်စုံနဲ့ကျောင်းဂိတ်ပေါက်ဝမှာကြိမ်လုံးကိုင်ပြီးစောင့်နေတာကိုပြင်းပြင်းထန်ထန်ရှုံ့ချထားတာဖြစ်ပါတယ်။

တွေ့လားလူဖြစ်ရှုံးသောက်ညဏ်မရှိအောလီစစ်သူပုန်လို့ပြောတော့နာကြတယ်နိုင်ငံတကာမှာ ကျောင်းမှာမပြောနဲ့အိမ်မှာတောင်သားသမီးကိုကြိမ်လုံးနဲ့မရိုက်ပဲကောင်းကောင်းမွန်မွန်လူလိုသူလိုဆိုဆုံးမနေကြပြီအခုတော့ပုံထဲကချီးဦးနှောက်နဲ့အကောင်ကမဆီမဆိုင်ဝင်ပြီး ကြိမ်လုံးနဲ့အပေါက်ဝမှာဂိတ်စောင့်နေတယ်ရွံလိုက်တာကြိမ်လုံးပဲကိုင်ထားတာရိုက်တာတွေ့လို့လားလာမပြောနဲ့နော်ဘောငုံဘောမတွေကြိမ်လုံးကိုင်စရာဘာသောက်ကြောင်းမှကိုမရှိတာဆိုပြီးမေဦးကရေးသားထားတာဖြစ်ပါတယ်။အများပြည်သူကျောင်းသားမိဘတွေအနေနဲ့လည်း အခုလိုအချိန်မျိုးမှာသားသမီးတွေဘေးကင်းလုံခြုံစေဖို့အဓိကဦးစားပေးသင့်ကြောင့်ပြည်သူတွေကတိုက်တွန်းထားကြတာလည်းတွေ့ရပါတယ်။

Zawgyi Version




Credit