Cele News

နိုင်ငံရေးအခြေအနေမကောင်းတာကိုသိပေမယ့်လည်း တစ်ခြားစီးပွားရေးဘာမှမရှိတဲ့အတွက် live saleပြန်လုပ်ဖို့ ပရိတ်သတ်ကိုခွင့်တောင်းလိုက်တဲ့ ခင်ရတနာစိုး

နိုင်ငံရေးအခြေအနေမကောင်းတာကိုသိပေမယ့်လည်း တစ်ခြားစီးပွားရေးဘာမှမရှိတဲ့အတွက် live saleပြန်လုပ်ဖို့ပရိတ်သတ်ကိုခွင့်တောင်းလိုက်တဲ့ခင်ရတနာစိုး

ပရိတ်သတ်ကြီးရေတစ်နိုင်ငံလုံးကပရိသတ်တွေရင်ခုန်စွာနဲ့ အားပေးခဲ့ကြရတဲ့ The Voice Myanmar Season (3)ရဲ့ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ခင်ရတနာစိုးဟာဆိုရင်သူမကျွမ်းကျင်တဲ့အဆိုပညာနဲ့ဆိုင်းပညာကိုကောင်းကောင်းအသုံးချပြီးပရိတ်သတ်တွေအံ့သြမှင်သက်စေအောင်သီဆိုဖျော်ဖြေနိုင်ခဲ့တဲ့ထူးခြားတဲ့ပါရမီရှင်တစ်ဦးပဲဖြစ်ပါတယ်။ခင်ရတနာစိုးကတော့ကံမကောင်းစွာနဲ့ Winner ဆုကြီးကို လွဲချော်ခဲ့ရပေမယ့်လည်းတစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုကိုသိမ်းကြုံးရရှိသွားခဲ့တာတဲ့သူလည်းဖြစ်ပါတယ်နော်။ပြိုင်ပွဲပြီးဆုံးသွားပြီးနောက်ပိုင်းမှာဆိုရင်လည်း Onlineကနေတစ်ဆင့်ရတနာပစ္စည်းတွေကို Liveလွှင့်ရောင်းချပြီးသူမအရမ်းချစ်ရတဲ့မိခင်ကြီးကို ရိုးသားစွာနဲ့ရှာကျွေးနေတာပဲဖြစ်ပါတယ်နော်။

ခင်ရတနာစိုးကလတ်တလောဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေမှာဆိုရင်လည်းသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်ပြီးသူမရဲ့ဖေ့စ်ဘုတ်အကောင့်မှတစ်ဆင့် Speak Out လုပ်ပေးနေတာကိုလည်းတွေ့မြင့်ရပါသေးတယ်နော်။နိုင်ငံရေးအခြေအနေတွေကြောင့်ရယ်ကိုဗစ် 19 ရောဂါတွေဖြစ်ပေါ်နေတဲ့အတွက်ရယ်ကြောင့် သူမရဲ့အလုပ်တွေကိုရပ်နားထားရတာပဲဖြစ်ပါတယ်နော်။အခြားသောစီးပွားရေးလုပ်ငန်းမရှိတဲ့ခင်ရတနာစိုးကသူမတို့ရဲ့စားဝတ်နေရေးအတွက် Online ကတစ်ဆင့် Live လွှင့်ဈေးရောင်းတဲ့အလုပ်ကိုပြန်လည်လုပ်ကိုင်ချင်တဲ့အတွက်ပရိတ်သတ်တွေသူမရဲ့အလုပ်ကိုနားလည်ပေးဖို့ခွင့်ပန်လာခဲ့တာပဲဖြစ်ပါတယ်နော်။

ခင်ရတနာစိုးကနိုင်ငံရေးအခြေအနေမကောင်းသေးတာညီမသိပါတယ်ရှင့်သို့ပေမယ့်ညီမပရိတ်သတ်ကိုခွင့်တောင်းစရာလေးရှိပါတယ်ရှင့်တော်တော်များများLive saleလေးတွေပြန်လုပ်နေကြပါပြီညီမလည်းနိုင်ငံရေးအခြအနေမဖြစ်ခင်ကထဲငွေကြိုယူထားတဲ့Live saleလေးတွေကောစရံယူထားတဲ့Live saleလေးတွေကောအနည်းငယ်ရှိပါတယ်ရှင့်အလုပ်ရှင်များကလည်းlive saleလုပ်ဖို့ပြန်ကမ်းလှမ်းလာတဲ့အတွက် live saleလေးတွေပြန်လုပ်ခွင့်ပေးပါရှင်ညီမလည်းCovidနဲ့ နိုင်ငံရေးကြားစီးပွါးရေးကလည်းတစ်ခြားဘာမှမရှိတဲ့အတွက်ခွင့်ပန်ပါရစေရှင့်အားလုံးနားလည်ပေးကြပါအခက်အခဲအားလုံးမှာရှိတာသိပေမယ့်ညီမအတွက်ဒီအလုပ်လေးတွေရှိလက်စမို့လုပ်ခွင့်ပြုပါလို့ရိုသေစွာခွင့်ပန်ပါရစေရှင့်ပရိတ်သတ်အမြင်မကြည်မဖြစ်ရအောင်လည်းညီမရက်ဆက်တိုက်Live saleမလုပ်ပါဘူးရှင့်တတ်နိုင်သလောက်ခပ်ခွါခွါလုပ်ပါ့မယ်အားလုံကျန်းမာချမ်းသာဘေးကင်းကြပါစေဆိုပြီးခွင့်ပန်လာခဲ့တာပဲဖြစ်ပါတယ်နော်။ချစ်ပရိတ်သတ်ကြီးကလည်းခင်ရတနာစိုးရဲ့အခက်အခဲကိုနားလည်ပေးလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။

Zawgyi Version




Credit