Cele News

ထွက်ပြေးတိမ်းရှောင်နေရင်း အိမ်မပြန်ရတာ ကြာလှပြီမို့ မိသားစုကို ဘယ်လောက်တောင် လွမ်းနေကြောင်းပြောပြလာတဲ့ ညီနန္ဒ

ထွက်ပြေးတိမ်းရှောင်နေရင်းအိမ်မပြန်ရတာကြာလှပြီမို့ မိသားစုကိုဘယ်လောက်တောင်လွမ်းနေကြောင်းပြောပြလာတဲ့ ညီနန္ဒ

သရုပ်ဆောင်မင်းသားညီနန္ဒကတော့တော်လှန်ရေးတိုက်ပွဲကြီးမှာပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကိုရဲရဲရင့်ရင့်နဲ့အင်တိုက်အားတိုက်ပြုလုပ်တာကြောင့် ၅၀၅ကဖြင့်အမှုဖွင့်အရေးယူခြင်းခံထားရတဲ့အနုပညာရှင်တွေထဲကတစ်ယောက်ပါပဲ။ညီနန္ဒကတော့ အကြမ်းဖက်စစ်ကောင်စီရဲ့အမှုဖွင့်အရေးယူခြင်းခံထားရတာကြောင့်လတ်တလောမှာ အခက်အခဲတွေနဲ့အန္တရာယ်တွေကြားက ရှောင်တိမ်းပုန်းခိုနေရသူလည်းဖြစ်ပါတယ်။

လတ်တလောအခြေအနေတွေမှာအိမ်မပြန်နိုင်တာအတော်လေးကြာနေပြီဖြစ်တဲ့အတွက်ချစ်ရတဲ့မိသားစုကိုလွမ်းနေရပြီးအိမ်ပြန်ချင်တဲ့စိတ်ဇောတွေကြောင့်အိပ်မက်မက်ခဲ့တဲ့အကြောင်းတွေပြောပြလာပါတယ်။မိသားစုကို နေ့နေ့ညညသတိရလွမ်းဆွတ်နေရပြီးအခုချိန်မှာ လက်တွေ့အကောင်အထည်မဖော်နိုင်သေးတဲ့ အိမ်ပြန်ခြင်းကိုအိပ်မက်ထဲမှာပြုလုပ်ခဲ့တဲ့အကြောင်းတွေကိုလွမ်းလွမ်းဆွေးဆွေးလေး ပြောပြထားတာဖြစ်ပါတယ်။

အလွမ်းပြန်ချင်စိတ်ကြောင့်အလွမ်းပြန်ချင်ဇောကြောင့်နေ့ခင်းအိပ်မက်ထဲမှာအတွေးအိပ်မက်ထဲမှာအိမ်ပြန်ဖြစ်တယ်ဆိုပြီးသူ့ရဲ့အဖြစ်တွေကိုညီနန္ဒကပြောပြထားတာဖြစ်ပါတယ်။တော်လှန်ရေးအတွက်လူထုလှုပ်ရှားမှုတွေပြုလုပ်ကာအရေးတော်ပုံကြီးမှာတတ်နိုင်သလောက်ကြိုးစားပါဝင်အားဖြည့်ခဲ့ပြီးမိသားစုတွေနဲ့ ခွဲခွာနေနေရတဲ့ညီနန္ဒကိုပြည်သူပရိသတ်တွေကလည်းအားပေးစကားတွေပြောထားကြတာတွေ့ရပါတယ်။

Zawgyi Version

သ႐ုပ္ေဆာင္မင္းသားညီနႏၵကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာျပည္သူေတြနဲ႕အတူ လမ္းေပၚထြက္လႈပ္ရွားမႈေတြကိုရဲရဲရင့္ရင့္နဲ႕ အင္တိုက္အားတိုက္ျပဳလုပ္တာေၾကာင့္ ၅၀၅က ျဖင့္အမႈဖြင့္အေရးယူျခင္းခံထားရတဲ့အႏုပညာရွင္ေတြထဲကတစ္ေယာက္ပါပဲ။ညီနႏၵကေတာ့ အၾကမ္းဖက္စစ္ေကာင္စီရဲ႕အမႈဖြင့္အေရးယူျခင္းခံထားရတာေၾကာင့္လတ္တေလာမွာ အခက္အခဲေတြနဲ႕အႏၱရာယ္ေတြၾကားက ေရွာင္တိမ္းပုန္းခိုေနရသူလည္းျဖစ္ပါတယ္။

လတ္တေလာအေျခအေနေတြမွာအိမ္မျပန္နိုင္တာအေတာ္ေလးၾကာေနၿပီျဖစ္တဲ့အတြက္ခ်စ္ရတဲ့မိသားစုကိုလြမ္းေနရၿပီးအိမ္ျပန္ခ်င္တဲ့စိတ္ေဇာေတြေၾကာင့္အိပ္မက္မက္ခဲ့တဲ့အေၾကာင္းေတြေျပာျပလာပါတယ္။မိသားစုကို ေန႕ေန႕ညညသတိရလြမ္းဆြတ္ေနရၿပီးအခုခ်ိန္မွာ လက္ေတြ႕အေကာင္အထည္မေဖာ္နိုင္ေသးတဲ့ အိမ္ျပန္ျခင္းကိုအိပ္မက္ထဲမွာျပဳလုပ္ခဲ့တဲ့အေၾကာင္းေတြကိုလြမ္းလြမ္းေဆြးေဆြးေလး ေျပာျပထားတာျဖစ္ပါတယ္။

အလြမ္းျပန္ခ်င္စိတ္ေၾကာင့္အလြမ္းျပန္ခ်င္ေဇာေၾကာင့္ေန႕ခင္းအိပ္မက္ထဲမွာအေတြးအိပ္မက္ထဲမွာအိမ္ျပန္ျဖစ္တယ္ဆိုၿပီးသူ႕ရဲ႕အျဖစ္ေတြကိုညီနႏၵကေျပာျပထားတာျဖစ္ပါတယ္။ေတာ္လွန္ေရးအတြက္လူထုလႈပ္ရွားမႈေတြျပဳလုပ္ကာ အေရးေတာ္ပုံႀကီးမွာတတ္နိုင္သေလာက္ ႀကိဳးစားပါဝင္အားျဖည့္ခဲ့ၿပီးမိသားစုေတြနဲ႕ ခြဲခြာေနေနရတဲ့ညီနႏၵကိုျပည္သူပရိသတ္ေတြကလည္းအားေပးစကားေတြေျပာထားၾကတာေတြ႕ရပါတယ္။

Credit