Cele News

ရက်ပေါင်း ၄၀ ကြာနေအိမ်အကျယ်ချုပ်ကနေ ဖမ်းဆီးထိမ်းသိမ်းခံရပြီးနောက် ဒီနေ့မှာ လွတ်မြောက်လာပြီဖြစ်တဲ့ ခီမောင်နှံ

ရက်ပေါင်း ၄၀ကြာနေအိမ်အကျယ်ချုပ်ကနေဖမ်းဆီးထိမ်းသိမ်းခံရပြီးနောက်ဒီနေ့မှာလွတ်မြောက်လာပြီဖြစ်တဲ့ခီမောင်နှံ

မြန်မာ့ရုပ်ရှင်လောကမှာသက်တမ်းနုပြီးတော့ပရိသတ်တွေရဲ့ရင်ထဲကိုထိရောက်စွာဆွဲဆောင်နိုင်ခဲ့တာကတော့ခီမောင်နှံတို့ပဲဖြစ်ပါတယ်ခရစ်စတီးနားခီကတော့ခင်ပွန်းဖြစ်သူကိုမင်းသားတင်ရိုက်ပြီးကိုယ်တိုင်ကဒါရိုက်တာလုပ်ပြီးထက်မြက်တဲ့အိမ်ရှင်မကောင်းပဲဖြစ်ပါတယ်။

ခရစ်စတီးနားခီနဲ့ဇာဏ်ခီတို့ဇနီးမောင်နှံကတော့
ရုပ်ရှင်ကားအနည်းငယ်နဲ့တင်မတူကွဲပြားစွာထိုးမြောက်နိုင်တာကြောင့်သူတို့ရဲ့ရုပ်ရှင်ကားတွေကို စောင့်မျှော်နေကြတာဖြစ်ပါတယ်။ရုပ်ရှင်သရုပ်ဆောင်ဇဏ်ခီနဲ့မိသားစုဟာနေအိမ်အကျယ်ချုပ်ရက်ပေါင်း ၄၀ကျော်ခန့်ထိန်းသိမ်းစစ်ဆေးခံရပြီးတဲ့နောက်မှာလွတ်မြောက်သွားပြီလို့သရုပ်ဆောင်ဇဏ်ခီနဲ့ နီးစပ်တဲ့ရန်ကုန်မြို့က သူ့ရဲ့မိတ်ဆွေတွေကဘီဘီစီကိုအတည်ပြုပါတယ်။

လက်ရှိမှာတော့သူတို့မိသားစုဟာအာရှနိုင်ငံတခုမှာရောက်ရှိနေပါတယ်။သရုပ်ဆောင်ဇဏ်ခီကတော့ထိန်းသိမ်းခံရချိန်ကာလတုန်းကဆေးကုသခွင့်မရတဲ့သူ့ရဲ့နဂိုရောဂါအခံဖြစ်တဲ့အရိုးအကြောရောဂါကပိုမိုဆိုးရွားခဲ့တာကြောင့်လက်ရှိမှာအခုရောက်ရှိနေတဲ့နိုင်ငံမှာဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။သရုပ်ဆောင်ဇဏ်ခီနဲ့မိသားစုဟာပြီးခဲ့တဲ့ဧပြီ၁၇ရက်မှာပြည်ပထွက်ခွာဖို့ရန်ကုန်လေဆိပ်မှာလိုအပ်တဲ့စစ်ဆေးမှုခံယူနေစဉ်ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။ဒါ့ကြောင့်ဒီနေ့မှာထွက်ပေါ်လာတဲ့သတင်းကောင်းလေးကြောင့်ပရိသတ်လေးလည်းပျော်ရွင်ကြပါစေနော်။

 

Zawgyi Version

ျမန္မာ့႐ုပ္ရွင္ေလာကမွာသက္တမ္းႏုၿပီးေတာ့ ပရိသတ္ေတြရဲ႕ရင္ထဲကိုထိေရာက္စြာဆြဲေဆာင္နိုင္ခဲ့တာကေတာ့ခီေမာင္ႏွံတို႔ပဲျဖစ္ပါတယ္ခရစ္စတီးနားခီကေတာ့ခင္ပြန္းျဖစ္သူကိုမင္းသားတင္ရိုက္ၿပီးကိုယ္တိုင္ကဒါရိုက္တာလုပ္ၿပီး ထက္ျမက္တဲ့အိမ္ရွင္မေကာင္းပဲျဖစ္ပါတယ္။

ခရစ္စတီးနားခီနဲ႕ဇာဏ္ခီတို႔ဇနီးေမာင္ႏွံကေတာ့
႐ုပ္ရွင္ကားအနည္းငယ္နဲ႕တင္မတူကြဲျပားစြာထိုးေျမာက္နိုင္တာေၾကာင့္သူတို႔ရဲ႕႐ုပ္ရွင္ကားေတြကို ေစာင့္ေမွ်ာ္ေနၾကတာျဖစ္ပါတယ္။႐ုပ္ရွင္သ႐ုပ္ေဆာင္ဇဏ္ခီနဲ႕မိသားစုဟာေနအိမ္အက်ယ္ခ်ဳပ္ရက္ေပါင္း ၄၀ ေက်ာ္ခန႔္ထိန္းသိမ္းစစ္ေဆးခံရၿပီးတဲ့ေနာက္မွာလြတ္ေျမာက္သြားၿပီလို႔သ႐ုပ္ေဆာင္ဇဏ္ခီနဲ႕ နီးစပ္တဲ့ရန္ကုန္ၿမိဳ႕က သူ႕ရဲ႕မိတ္ေဆြေတြကဘီဘီစီကိုအတည္ျပဳပါတယ္။

လက္ရွိမွာေတာ့သူတို႔မိသားစုဟာအာရွနိုင္ငံတခုမွာေရာက္ရွိေနပါတယ္။သ႐ုပ္ေဆာင္ဇဏ္ခီကေတာ့ထိန္းသိမ္းခံရခ်ိန္ကာလတုန္းက ေဆးကုသခြင့္မရတဲ့သူ႕ရဲ႕နဂိုေရာဂါအခံျဖစ္တဲ့ အရိုးအေၾကာေရာဂါကပိုမိုဆိုး႐ြားခဲ့တာေၾကာင့္ လက္ရွိမွာအခုေရာက္ရွိေနတဲ့နိုင္ငံမွာေဆးကုသမႈခံယူေနရတယ္လို႔ဆိုပါတယ္။သ႐ုပ္ေဆာင္ဇဏ္ခီနဲ႕မိသားစုဟာၿပီးခဲ့တဲ့ဧၿပီ၁၇ရက္မွာျပည္ပထြက္ခြာဖို႔ရန္ကုန္ေလဆိပ္မွာလိုအပ္တဲ့စစ္ေဆးမႈခံယူေနစဥ္ထိန္းသိမ္းခံခဲ့ရတာျဖစ္ပါတယ္။

Credit