Cele News

မနက်ဖြန်မှာ ကျရောက်တော့မယ့် အမေစုရဲ့မွေးနေ့အတွက် မွန်မြတ်တဲ့လက်ဆောင်တစ်ခုပေးဖို့ ဆုံးဖြတ်လိုက်ကြတဲ့ ဟားငါးကောင်အဖွဲ့

မနက်ဖြန်မှာကျရောက်တော့မယ့်အမေစုရဲ့မွေးနေ့အတွက်မွန်မြတ်တဲ့လက်ဆောင်တစ်ခုပေးဖို့ဆုံးဖြတ်လိုက်ကြတဲ့ ဟားငါးကောင်အဖွဲ့

ဟားငါးကောင်လူရွှင်တော်အဖွဲ့ကတော့တော်လှန်ရေးတိုက်ပွဲများတွင်တတ်နိုင်တဲ့နေရာကနေပါဝင်ဆောင်ရွက်ဖို့အတွက်လွတ်မြောက်နယ်မြေတွင်စစ်သင်တန်းတက်ရောက်နေကြပြီဖြစ်ပါတယ်။သူတို့ရဲ့လှုပ်ရှားမှုတွေကိုလည်းပြည်သူတွေသိရှိကြစေဖို့အမြဲလိုလိုဝေမျှပေးနေကြတာဖြစ်ပါတယ်။မကြာသေးခင်မိနစ်ပိုင်းလောက်ကလည်းလူရွှင်တော်တိုင်းကျော်ရဲ့လူမှုကွန်ယက်မှာကြည်နူးစရာသတင်းလေးတစ်ခုတင်ထားတာဖြစ်ပါတယ်။

ဒါကတော့မနက်ဖြန်မှာကျရောက်တော့မယ့်အမေစုရဲ့မွေးနေ့အတွက်မွန်မြတ်တဲ့လက်ဆောင်တစ်ခုပေးဖို့ဆုံးဖြတ်လိုက်ကြတာဖြစ်ပါတယ်။အမေ့ရဲ့မွေးနေ့အတွက်သူတို့တစ်ဖွဲ့လုံးနှစ်ချီသောက်ခဲ့ကြတဲ့အရက်ကိုသစ္စာဆိုပြီးလှူလိုက်ကြပြီဖြစ်ပါတယ်။အမေပြန်လာမှတောင်ရှည်ရင်ဖုံးပြန်ဝတ်ပြီးစင်ပေါ်ပြန်တက်မယ့်အကြောင်းကိုလည်းအခုလိုရေးသားဝေမျှထားတာဖြစ်ပါတယ်။

မနက်ဖြန်အမေ့မွေးနေ့ကိုသားတို့အတက်နိုင်ဆုံးအကောင်းဆုံးကြိုးစားစီစဉ်ထားတယ်အမေ။သားတို့အမေပြန်လာမှတောင်ရှည်ရင်ဖုံးပြန်ဝတ်ပြီးစင်ပေါ် ပြန်တက်မယ်အမေဪမေ့လို့အမေတိုးကျော်၊ပိုးလေး၊ဝိုင်းကျော်၊ပြည်ကျော်တို့နှစ်နဲ့ချီသောက်ခဲ့တဲ့အရက်ကိုအမေ့ကိုမွေးနေ့လက်ဆောင်အဖြစ်၊သစ္စာဆိုလှူလိုက်ကြပြီအမေသားလည်းဘီယာမသောက်တော့ဘူး အမေဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ပရိသတ်တွေကလည်းဟားငါးကောင်အဖွဲ့သားတွေပေးတဲ့မွေးနေ့လက်ဆောင်လေးကြောင့်မျက်ရည်ကျမိတဲ့အထိကြည်နူးရကြောင်းမှတ်ချက်ပေးရေးသားထားကြတာဖြစ်ပါတယ်။အားလုံးလည်းအပျော်တွေကူးစက်သွားကြစေဖို့ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi Version

ဟားငါးေကာင္လူ႐ႊင္ေတာ္အဖြဲ႕ကေတာ့ေတာ္လွန္ေရးတိုက္ပြဲမ်ားတြင္တတ္နိုင္တဲ့ေနရာကေနပါဝင္ေဆာင္႐ြက္ဖို႔အတြက္လြတ္ေျမာက္နယ္ေျမတြင္စစ္သင္တန္းတက္ေရာက္ေနၾကၿပီျဖစ္ပါတယ္။သူတို႔ရဲ႕လႈပ္ရွားမႈေတြကိုလည္းျပည္သူေတြသိရွိၾကေစဖို႔အၿမဲလိုလိုေဝမွ်ေပးေနၾကတာျဖစ္ပါတယ္။မၾကာေသးခင္မိနစ္ပိုင္းေလာက္ကလည္းလူ႐ႊင္ေတာ္တိုင္းေက်ာ္ရဲ႕လူမႈကြန္ယက္မွာၾကည္ႏူးစရာသတင္းေလးတစ္ခုတင္ထားတာျဖစ္ပါတယ္။

ဒါကေတာ့မနက္ျဖန္မွာက်ေရာက္ေတာ့မယ့္အေမစုရဲ႕ေမြးေန႕အတြက္မြန္ျမတ္တဲ့လက္ေဆာင္တစ္ခုေပးဖို႔ဆုံးျဖတ္လိုက္ၾကတာျဖစ္ပါတယ္။အေမ့ရဲ႕ ေမြးေန႕အတြက္သူတို႔တစ္ဖြဲ႕လုံးႏွစ္ခ်ီေသာက္ခဲ့ၾကတဲ့အရက္ကိုသစၥာဆိုၿပီးလႉလိုက္ၾကၿပီျဖစ္ပါတယ္။အေမျပန္လာမွေတာင္ရွည္ရင္ဖုံးျပန္ဝတ္ၿပီးစင္ေပၚျပန္တက္မယ့္အေၾကာင္းကိုလည္းအခုလိုေရးသားေဝမွ်ထားတာျဖစ္ပါတယ္။

မနက္ျဖန္အေမ့ေမြးေန႕ကိုသားတို႔အတက္နိုင္ဆုံးအေကာင္းဆုံးႀကိဳးစားစီစဥ္ထားတယ္အေမ။သားတို႔အေမျပန္လာမွေတာင္ရွည္ရင္ဖုံးျပန္ဝတ္ၿပီးစင္ေပၚ ျပန္တက္မယ္အေမဪေမ့လို႔အေမတိုးေက်ာ္၊ပိုးေလး၊ဝိုင္းေက်ာ္၊ျပည္ေက်ာ္တို႔ႏွစ္နဲ႕ခ်ီေသာက္ခဲ့တဲ့အရက္ကိုအေမ့ကိုေမြးေန႕လက္ေဆာင္အျဖစ္၊သစၥာဆိုလႉလိုက္ၾကၿပီအေမသားလည္းဘီယာမေသာက္ေတာ့ဘူး အေမဆိုၿပီးေရးသားထားတာျဖစ္ပါတယ္။ပရိသတ္ေတြကလည္းဟားငါးေကာင္အဖြဲ႕သားေတြေပးတဲ့ေမြးေန႕လက္ေဆာင္ေလးေၾကာင့္မ်က္ရည္က်မိတဲ့အထိၾကည္ႏူးရေၾကာင္းမွတ္ခ်က္ေပးေရးသားထားၾကတာျဖစ္ပါတယ္။

Credit