Cele News

အဓိကလမ်းမကြီးတွေပေါ်က ကြော်ငြာဆိုင်းဘုတ်တွေပေါ်ကနေ ဖြုတ်ချခံလိုက်ရတဲ့ တရားစွဲခံ အနုပညာရှင်များ

အဓိကလမ်းမကြီးတွေပေါ်ကကြော်ငြာဆိုင်းဘုတ်တွေပေါ်ကနေဖြုတ်ချခံလိုက်ရတဲ့တရားစွဲခံအနုပညာရှင်များ

ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်တရားစွဲခံထားရတဲ့ သရုပ်ဆောင်တွေရဲ့ကြော်ငြာဆိုင်းဘုတ်မှန်သမျှကိုစစ်ကောင်စီခန့်မန္တလေးစည်ပင်သာယာတာဝန်ရှိသူရဲ့အမိန့်နဲ့ နှစ်ရက်အတွင်းအပြီးဖြုတ်ခိုင်းနေတယ်လို့စည်ပင်ဝန်ထမ်းတွေထံကသိရပါတယ်။မန္တလေးမြို့မှာဇွန်လ ၁၅ရက်နေ့ကစပြီးစည်ပင်သာယာဝန်ထမ်းနဲ့စည်ပင်ရဲတွေကကြော်ငြာ ဆိုင်းဘုတ်တွေကိုလိုက်လံဖြုတ်သိမ်းနေကြတာဖြစ်ပါတယ်။ကြော်ငြာဆိုင်းဘုတ်တွေကိုစည်ပင်သာယာထံလုပ်ငန်းရှင်တွေကအခွန်ငွေပေးပြီး ထောင်ရတာဖြစ်တဲ့အတွက်တချို့လုပ်ငန်းရှင်တွေကတော့အခွန်ဆောင်ထားရတာတွေပြန်ပေးမှာလားလို့မေးခွန်းထုတ်နေကြပါတယ်။

လူအသွားအလာများတဲ့အဓိကလမ်းမကြီးတွေမှာ စိုက်ထူထားတဲ့ဆိုင်းဘုတ်တွေအတွက်အခွန်ပိုမိုပေးဆောင်ထားရတယ်လို့လည်းသိရပါတယ်။လမ်းဘေးဆိုင်တွေမှာလည်းအဆိုပါသရုပ်ဆောင်တွေပါဝင်တဲ့ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ကြော်ငြာထားတာမှန်သမျှဖြုတ်ကြဖို့စည်ပင်ကဝန်ထမ်းတွေလိုက်ပြောနေကြတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်တွေအဓိကဖြတ်သန်းသွားလာရာအဓိကနေရာတွေဖြစ်တဲ့မန္တလေးမြို့၇၈လမ်းတစ်လျှောက်၊၈၄လမ်းတလျှောက်၊ ၇၃လမ်းနဲ့လမ်း ၃၀ စတဲ့လမ်းတွေကိုအရင်ဆုံးလိုက်လံဖြုတ်ခိုင်းခဲ့တယ်လို့သိရပါတယ်။

အလားတူရန်ကုန်မြို့မှာလည်းအများပြည်သူ ဖြတ်သန်းသွားလာရာအဓိကလမ်းမကြီးတွေပေါ်ကတရားစွဲခံသရုပ်ဆောင်တွေရဲ့ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေလည်းမရှိသလောက် နည်းပါးသွားပါတယ်။ဒါ့အပြင်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံပါဆိုင်းဘုတ်တွေလည်းဖြုတ်သိမ်းခံထားရသလိုသမ္မတဦးဝင်းမြင့်နေထိုင်ရာတာမွေမြို့နယ်ရှိခြင်းလုံးရုံမှာချိတ်ဆွဲထားတဲ့ခြင်းလုံးခတ်နေတဲ့ဓာတ်ပုံတွေကိုပါစစ်အုပ်စုကလိုက်လံဖြုတ်သိမ်းထားပါတယ်။

Zawgyi Version

အဓိကလမ္းမႀကီးေတြေပၚက ေၾကာ္ျငာဆိုင္းဘုတ္ေတြေပၚကေန ျဖဳတ္ခ်ခံလိုက္ရတဲ့ တရားစြဲခံ အႏုပညာရွင္မ်ား

ပုဒ္မ၅၀၅(က)နဲ႕အမႈဖြင့္တရားစြဲခံထားရတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ေၾကာ္ျငာဆိုင္းဘုတ္မွန္သမွ်ကိုစစ္ေကာင္စီခန႔္မႏၱေလးစည္ပင္သာယာ တာဝန္ရွိသူရဲ႕အမိန႔္နဲ႕ ႏွစ္ရက္အတြင္းအၿပီးျဖဳတ္ခိုင္းေနတယ္လို႔စည္ပင္ဝန္ထမ္းေတြထံကသိရပါတယ္။မႏၱေလးၿမိဳ႕မွာဇြန္လ ၁၅ရက္ေန႕ကစၿပီးစည္ပင္သာယာဝန္ထမ္းနဲ႕စည္ပင္ရဲေတြကေၾကာ္ျငာ ဆိုင္းဘုတ္ေတြကိုလိုက္လံျဖဳတ္သိမ္းေနၾကတာျဖစ္ပါတယ္။ေၾကာ္ျငာဆိုင္းဘုတ္ေတြကိုစည္ပင္သာယာထံလုပ္ငန္းရွင္ေတြကအခြန္ေငြေပးၿပီး ေထာင္ရတာျဖစ္တဲ့အတြက္တခ်ိဳ႕လုပ္ငန္းရွင္ေတြကေတာ့အခြန္ေဆာင္ထားရတာေတြျပန္ေပးမွာလားလို႔ေမးခြန္းထုတ္ေနၾကပါတယ္။

လူအသြားအလာမ်ားတဲ့အဓိကလမ္းမႀကီးေတြမွာ စိုက္ထူထားတဲ့ဆိုင္းဘုတ္ေတြအတြက္အခြန္ပိုမိုေပးေဆာင္ထားရတယ္လို႔လည္းသိရပါတယ္။လမ္းေဘးဆိုင္ေတြမွာလည္းအဆိုပါ သ႐ုပ္ေဆာင္ေတြပါဝင္တဲ့ဗီနိုင္းဆိုင္းဘုတ္ေတြ နဲ႕ ေၾကာ္ျငါထားတာမွန္သမွ်ျဖဳတ္ၾကဖို႔စည္ပင္ကဝန္ထမ္းေတြလိုက္ေျပာေနၾကတယ္လို႔သိရပါတယ္။စစ္ေကာင္စီတပ္ေတြအဓိကျဖတ္သန္းသြားလာရာအဓိကေနရာေတြျဖစ္တဲ့မႏၱေလးၿမိဳ႕ ၇၈ လမ္းတစ္ေလွ်ာက္၊၈၄လမ္းတေလွ်ာက္၊ ၇၃ လမ္းနဲ႕ လမ္း ၃၀ စတဲ့လမ္းေတြကိုအရင္ဆုံး လိုက္လံျဖဳတ္ခိုင္းခဲ့တယ္လို႔သိရပါတယ္။

အလားတူရန္ကုန္ၿမိဳ႕မွာလည္းအမ်ားျပည္သူ ျဖတ္သန္းသြားလာရာအဓိကလမ္းမႀကီးေတြေပၚကတရားစြဲခံသ႐ုပ္ေဆာင္ေတြရဲ႕ေၾကာ္ျငာ ဆိုင္းဘုတ္ႀကီးေတြလည္းမရွိသေလာက္ နည္းပါးသြားပါတယ္။ဒါ့အျပင္နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိုလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕႐ုပ္ပုံပါဆိုင္းဘုတ္ေတြလည္း ျဖဳတ္သိမ္းခံထားရသလိုသမၼတဦးဝင္းျမင့္ေနထိုင္ရာတာေမြၿမိဳ႕နယ္ရွိျခင္းလုံး႐ုံမွာခ်ိတ္ဆြဲထားတဲ့ျခင္းလုံးခတ္ေနတဲ့ဓာတ္ပုံေတြကိုပါစစ္အုပ္စုကလိုက္လံျဖဳတ္သိမ္းထားပါတ ယ္။

Credit