Knowledge

ဒေါ်အောင်ဆန်းစုကြည် (၇၆) နှစ်ပြည့်မွေးနေ့ အမှတ်တရအနေနဲ့ ပန်းသပိတ်မှာ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ အနုပညာရှင်များ

ဒေါ်အောင်ဆန်းစုကြည်(၇၆)နှစ်ပြည့်မွေးနေ့ အမှတ်တရအနေနဲ့ပန်းသပိတ်မှာပါဝင်ဆင်နွှဲခဲ့ကြတဲ့ အနုပညာရှင်များ

မြန်မာနိုင်ငံမှာလတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးအနုပညာရှင်တော်တော်များကပြည်သူတွေနဲ့အတူတစ်သွေးတည်းတစ်သားတည်းရပ်တည်ခဲ့ကြပါတယ်။လှုပ်ရှားမှုတွေဆိုရင်လည်းအစွမ်းကုန်ပါဝင်ခဲ့တာကြောင့်(၅၀၅-က)နဲ့တရားစွဲဆိုခံထားရသူတွေလည်းရှိသလိုဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်းရှိနေခဲ့ပါတယ်။

ဘယ်လိုအခြေအနေတွေပဲဖြစ်ဖြစ်စိတ်ရောကိုယ်ပါနှစ်ပြီးပါဝင်ပေးခဲ့ကြတဲ့အနုပညာရှင်တွေကို ပြည်သူတွေကအရင်ထက်ပိုပြီးလေးစားအချစ်ပိုခဲ့ကြပါတယ်။ယနေ့ဇွန်လ(၁၉)ရင်နေ့လေးကတော့မြန်မာနိုင်ငံသားတွေလေးစားချစ်ခင်ရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့(၇၆)နှစ်ပြည့်မွေးနေ့ဖြစ်ရာပန်းလေးတွေကိုတယုတယအမြဲဆင်မြန်းတတ်တဲ့သူမအတွက်အမှတ်တရအနေနဲ့ပန်းသပိတ်လေးကိုပြည်သူအားလုံးဆင်နွှဲခဲ့ကြပါတယ်။

ဒီသပိတ်လေးကိုပြည်သူပြည်သားလူတန်းစားမျိုးစုံပါဝင်ဆင်နွှဲကြသလိုအနုပညာရှင်တွေများစွာကလည်းပါဝင်ခဲ့ကြပါတယ်။မင်းသားတွေဆိုရင်လည်းယောကျာ်းလေးတွေဖြစ်ပေမယ့်ပန်းလေးကိုတော့နားနောက်မှာပန်ကာပါဝင်ခဲ့ကြတာတကယ်လေးစားစရာပါပဲနော်။ပရိသတ်ကြီးအတွက်ပန်းသပိတ်မှာပါဝင်ခဲ့ကြတဲ့အနုပညာရှင်တွေရဲ့ပုံရိပ်တွေကိုဝေမျှပေးလိုက်ပါတယ်။

Zawgyi Version




Credit