Cele News

သူတို့ငါးယောက်လုံး ရယ်စရာတွေမပြောနိုင်တော့တဲ့ နောက်ကွယ်က အကြောင်းရင်းကို ဖွင့်ဟပြောပြလာတဲ့ လူရွှင်တော်တိုင်းကျော်

သူတို့ငါးယောက်လုံးရယ်စရာတွေမပြောနိုင်တော့တဲ့ နောက်ကွယ်ကအကြောင်းရင်းကိုဖွင့်ဟပြောပြလာတဲ့ လူရွှင်တော်တိုင်းကျော်

လူရွှင်တော်တိုင်းကျော်တို့ဟားငါးကောင်အဖွဲ့ကတော့လွတ်မြောက်နယ်မြေမှာစစ်ရေးလေ့ကျင့်ရေးသင်တန်းသွားတက်နေကြတာဖြစ်ပါတယ် ။ပြည်သူတွေကိုကာကွယ်ဖို့အတွက်အရာအားလုံးကိုစွန့်လွှတ်ပြီးတောထဲကိုထွက်လာခဲ့တဲ့ သူတို့အဖွဲ့ကိုပြည်သူတွေကလည်းလေးစားချီးကျူးနေကြတာဖြစ်ပါတယ်။သူတို့ကတော့ အမှန်တရားရဲ့ဘက်တော်သားတွေအဖြစ်ရပ်တည်ပြီးပြည်သူတွေနဲ့အတူရှိနေတာဖြစ်ပါတယ်။

တောထဲတောင်ထဲမှာပင်ပန်းဆင်းရဲစွာနေထိုင်နေရပေမယ့်လည်းသူတို့အဖွဲ့ကလုံးဝစိတ်ဓာတ်မကျဘဲအမြဲတမ်းတက်ကြွနေကြတာဖြစ်ပါတယ် ။ဒါ့အပြင်သူတို့ကပြည်သူတွေအားတက်စေဖို့အတွက်ပါအမြဲတမ်းတိုက်တွန်းနှိုးဆော်ပေးနေကြတာလည်းဖြစ်ပါတယ်။အခုလည်းတိုင်းကျော်ကအရင်ကဆိုရင်စင်ပေါ်မှာလူရွှင်တော်ဝတ်စုံနဲ့ ဟာသပြောရတဲ့ဘဝကိုဘာနဲ့မှမလဲနိုင်ခဲ့တဲ့အကြောင်းပြောပြထားတာဖြစ်ပါတယ်။

ဒါပေမဲ့အခုချိန်မှာတော့ပြည်သူတွေထဲကတစ်ချို့မိသားစုတွေငိုနေရတာမြင်ပြီးသူတို့ရယ်စရာတွေမပြောနိုင်တော့ကြောင်းဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။ဒါ့အပြင်တိုင်းကျော်ကသူတို့အဖွဲ့ကို ဂရုစိုက်ပါ၊အားတင်းထားပါလို့မပြောဘဲပြည်သူတွေသာဂရုစိုက်ပြီးနေကြဖို့ပြောထားတာဖြစ်ပါတယ်။တစ်ချိန်တုန်းကပျော်တော်ဆက်တွေဖြစ်ခဲ့ပေမယ့်အခုတော့အသည်းမာစပြုနေတဲ့ပြည်သူ့ရဲဘော်တွေဖြစ်နေပြီဆိုတဲ့ဟားငါးကောင်အဖွဲ့ရဲ့ပုံရိပ်တွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version

လူ႐ႊင္ေတာ္တိုင္းေက်ာ္တို႔ဟားငါးေကာင္အဖြဲ႕ကေတာ့လြတ္ေျမာက္နယ္ေျမမွာစစ္ေရးေလ့က်င့္ေရးသင္တန္းသြားတက္ေနၾကတာျဖစ္ပါတယ္ ။ျပည္သူေတြကိုကာကြယ္ဖို႔အတြက္အရာအားလုံးကိုစြန့္လႊတ္ၿပီးေတာထဲကိုထြက္လာခဲ့တဲ့ သူတို႔အဖြဲ႕ကိုျပည္သူေတြကလည္းေလးစားခ်ီးက်ဴးေနၾကတာျဖစ္ပါတယ္။

ေတာထဲေတာင္ထဲမွာပင္ပန္းဆင္းရဲစြာေနထိုင္ေနရေပမယ့္လည္းသူတို႔အဖြဲ႕ကလုံးဝစိတ္ဓာတ္မက်ဘဲအၿမဲတမ္းတက္ႂကြေနၾကတာျဖစ္ပါတယ္ ။ဒါ့အျပင္သူတို႔ကျပည္သူေတြအားတက္ေစဖို႔အတြက္ပါအၿမဲတမ္းတိုက္တြန္းႏွိုးေဆာ္ေပးေနၾကတာလည္းျဖစ္ပါတယ္။အခုလည္းတိုင္းေက်ာ္ကအရင္ကဆိုရင္စင္ေပၚမွာလူ႐ႊင္ေတာ္ဝတ္စုံနဲ႕ ဟာသေျပာရတဲ့ဘဝကိုဘာနဲ႕မွမလဲနိုင္ခဲ့တဲ့အေၾကာင္းေျပာျပထားတာျဖစ္ပါတယ္။

ဒါေပမဲ့အခုခ်ိန္မွာေတာ့ျပည္သူေတြထဲကတစ္ခ်ိဳ႕မိသားစုေတြငိုေနရတာျမင္ၿပီးသူတို႔ရယ္စရာေတြမေျပာနိုင္ေတာ့ေၾကာင္းဖြင့္ဟလာခဲ့တာ ျဖစ္ပါတယ္။ဒါ့အျပင္တိုင္းေက်ာ္ကသူတို႔အဖြဲ႕ကို ဂ႐ုစိုက္ပါ၊အားတင္းထားပါလို႔မေျပာဘဲျပည္သူေတြသာဂ႐ုစိုက္ၿပီးေနၾကဖို႔ေျပာထားတာျဖစ္ပါတယ္။တစ္ခ်ိန္တုန္းကေပ်ာ္ေတာ္ဆက္ေတြျဖစ္ခဲ့ေပမယ့္အခုေတာ့အသည္းမာစျပဳေနတဲ့ျပည္သူ႕ရဲေဘာ္ေတြျဖစ္ေနၿပီဆိုတဲ့ဟားငါးေကာင္အဖြဲ႕ရဲ႕ပုံရိပ္ေတြကိုလည္းေဖာ္ျပေပးလိုက္ပါတယ္။

Credit