Cele News

KNU တပ်မဟာ (၅) ရောက်ကာ သေနတ် ပစ်သင်နေတယ် ဆိုပြီး အွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ ဆုမြတ်နိုးဦး နဲ့ မေပန်းချီ တို့ရဲ့ ဗီဒီယို

KNU တပ်မဟာ(၅)ရောက်ကာသေနတ်ပစ်သင်နေတယ်ဆိုပြီးအွန်လိုင်းပေါ်ပြန့်နှံ့နေတဲ့ ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦးနဲ့မေပန်းချီတို့ရဲ့ဗီဒီယို

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာအနုပညာရှင်တွေတော်တော်များများကလည်းပြည်သူတွေနဲ့အတူတစ်သွေးတည်းတစ်သားတည်းရပ်တည်ကာအမှန်တရားဘက်မားမားမတ်မတ်ရပ်တည်နေကြတာတွေ့ရပါတယ်။၅၀၅ကဖြင့်အမှုဖွင့်အရေးယူခြင်းခံထားရတဲ့အနုပညာရှင်တချို့ဟာဖမ်းဆီးထိန်းသိမ်းအကျဉ်းချခံနေရသလိုတချို့ကတော့ GZ လူငယ်တွေနဲ့အတူတောထဲမှာစစ်ရေးလေ့ကျင့်မှုတွေစစ်ပညာသင်နေကြပြီးအန္တရာယ်အခက်အခဲတွေကြားကရှောင်တိမ်းနေကြရတဲ့အနုပညာရှင်တွေကလည်းအများအပြားပါပဲ။

​တော်လှန်ရေးအတွက်အမှန်တကယ်လုပ်ဆောင်နေကြသူတွေရှိသလိုသတင်းအမှားတွေလည်းတွေ့မြင်နေရပြီး ညီထွဋ်ခေါင်၊ဆုမြတ်နိုးဦးနဲ့မေပန်းချီတို့ဟာ KNU တပ်မဟာ ၅ကိုရောက်ရှိနေကာသေနတ်ပစ်သင်နေတယ်ဆိုပြီးလူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာဗီဒီယိုဖိုင်တွေပြန့်နှံ့နေတာတွေ့ရပါတယ်။

ဒီဗီဒီယိုဖိုင်ကိုလက်ရှိမှာတော့ပြန်လည်ဖြန့်ဝေသူတွေများစွာရှိနေပေမယ့်လည်းတကယ်တော့ဒီဗီဒီယိုဟာအရင်တုန်းကရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တစ်ခုပဲဖြစ်ပါတယ်။လက်ရှိမှာတော့သရုပ်ဆောင်ဆုမြတ်နိုးဦးနဲ့မေပန်းချီတို့ဟာအခြေအနေအမျိုးမျိုးကြောင့်အခက်အခဲတွေရှိပေမယ့်စားဝတ်နေရေးအတွက်ကြိုးစားရုန်းကန်နေကြတာကိုလည်းသူတို့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေကနေတစ်ဆင့်တွေ့မြင်နေရပါတယ်။

Video ကြည့်ရန်

Zawgyi Version




Credit