Cele News
သစ္စာဖောက်ဆိုတဲ့ တံဆိပ်တော့အကပ်မခံပါရစေနဲ့ အရေးတော်ပုံမအောင်မချင်း အိမ်မပြန်ဘူးလို့ပြောလာတဲ့ ပိုင်ဖြိုးသု
သစ္စာဖောက်ဆိုတဲ့တံဆိပ်တော့အကပ်မခံပါရစေနဲ့ အရေးတော်ပုံမအောင်မချင်းအိမ်မပြန်ဘူးလို့ပြောလာတဲ့ပိုင်ဖြိုးသု
ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသမီးချောလေးပိုင်ဖြိုးသုတော့လူထုလှုပ်ရှားမှုတွေမှာတတ်တတ်ကြွကြွပါဝင်လှူပ်ရှားခဲ့ပြီးပြည်သူတွေနဲ့တသားတည်းရပ်တည်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်လည်းပုဒ်မ၅၀၅ကနဲ့ဖမ်းဝရမ်းထုတ်ခံထားရပြီးရှောင်တိမ်းနေရတာလည်းဖြစ်ပါတယ်။
အရေးတော်ပုံမအောင်မချင်းအိမ်မပြန်ဘူးလို့ ပိုင်ဖြိုးသုကသူ့ရဲ့လူမူကွန်ယက်ဖေ့ဘွတ်စ်ကနေဒီကနေမှာပြောလိုက်ပါတယ်။ခံစားချက်ကိုဦးစားပေးခဲ့မိလို့မှားသွားပါတယ်လို့ခံဝန်လေးထိုးပြီးအိမ်မှာအေးဆေးပြန်နေရမယ်တဲ့လား။မိသားစုနဲ့ပြန်တွေ့ရမယ်တဲ့လား။အလုပ်တွေပြန်လုပ်ရမယ်တဲ့လား။တစ်ချို့တွေအသက်တွေပေးသွားကြပြီ။
တချိူ့တွေထောင်ထဲရောက်ကုန်ကြပြီ။တချိူ့တွေအားလုံးကိုပစ်ချထားခဲ့ပြီးလက်နက်တွေကိုင်နေကြရပြီ။သူတို့တွေအိမ်ပြန်လို့မရကြတော့ဘူး။မိသားစုနဲ့လည်းကွဲကွာကုန်ကြပြီ။သူတို့ချစ်တဲ့အလုပ်‌တွေလည်းလုပ်ခွင့်မရကြတော့ဘူး။အဲဒီ့လူတွေကိုငါရှက်တယ်။အဖြစ်မရှိသူဆိုတဲ့ဂုဏ်ပုဒ်‌နဲ့တင်ငါ့အတွက်လုံလောက်ပါပြီ။သစ္စာဖောက်ဆိုတဲ့တံဆိပ်တော့အကပ်မခံပါရစေနဲ့။အရေးတော်ပုံမအောင်မချင်းငါအိမ်မပြန်ဘူးလို့ပိုင်ဖြိုးသုကရေးသားထားပါတယ်။
Zawgyi Version
Credit