Cele News

သွားလာရခက်ခဲတဲ့ ခုလိုမိုးတွင်းမှာ သက်ကြီးရွယ်အိုများ အဆင်ပြေစေရန် ရည်ရွယ်ပြီး ဆန်အိတ်များ သွားရောက်လှူဒါန်းခဲ့တဲ့ နေဒွေး

သွားလာရခက်ခဲတဲ့ခုလိုမိုးတွင်းမှာသက်ကြီးရွယ်အိုများ အဆင်ပြေစေရန်ရည်ရွယ်ပြီးဆန်အိတ်များသွားရောက်လှူဒါန်းခဲ့တဲ့နေဒွေး

နေဒွေးကတော့ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားများမှာ  ပါဝင်သရုပ်ဆောင်ရင်းပရိသတ်တွေရဲ့အားပေးမှုတွေကိုသိမ်းပိုက်ရရှိထားတာပဲဖြစ်ပါတယ်။အရေးကြုံတဲ့အခါတိုင်းပြည်သူတွေဘက်ကနေမားမားမတ်မတ်ရပ်တည်ခဲ့တာကြောင့်လည်းအားလုံးကလေးစားနေကြတာဖြစ်ပါတယ်။နေဒွေးကတော့အနုပညာလှုပ်ရှားမှုတွေကိုသာမကဘဲစီးပွားရေးလုပ်ငန်းတွေကိုလည်းအောင်မြင်မှုတွေရရှိအောင်ဦးစီးလုပ်ကိုင်နေသူလည်းဖြစ်ပါတယ်။

ဒါ့အပြင်အလှူအတန်းနဲ့ပတ်သက်လာရင်လည်း လက်မနှေးတဲ့နေဒွေးကနေ့စဉ်တိုင်းလိုလိုလိုအပ်တဲ့နေရာများကိုသွားရောက်ကာသူကိုယ်တိုင်ရောင်းချလျက်ရှိနေတဲ့ဆန်များကိုလှူဒါန်းခဲ့သလိုမိတ်ဆွေသူငယ်ချင်းများနဲ့လည်းစုပေါင်းကာအလှူငွေများ၊လိုအပ်တဲ့အစားအသောက်များကိုလှူဒါန်းလျက်ရှိတာကိုလေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်းသွားလာရခက်ခဲတဲ့ခုလိုမိုးတွင်းမှာ သက်ကြီးရွယ်အိုများအဆင်ပြေစေရန်ရည်ရွယ်ပြီးမိတ်ဆွေတွေနဲ့စုပေါင်းကာဆန်အိတ် (၁၀၀)ကိုသွားရောက်လှူဒါန်းခဲ့ပါတယ်။အလှူနဲ့ ပတ်သက်ပြီးလည်းအရှေ့ဒဂုံ၁၃ရပ်ကွက် ရေကြီးပြီးစားဝတ်နေရေးအခက်အခဲဖြစ်နေသော သက်ကြီးရွယ်အိုဘိုးဘွားများနှင့်ပြည်သူများကို JITTOO ဆန်အိတ် ၁၀၀လှုဒါန်းခဲ့ပါသည်ကျွန်တော်နှင့်အတူပူးပေါင်းလှုဒါန်းကြသောအလှု့မိတ်ဆွေ အကိုအမနှင့်ညီအကိုမောင်နှမများအားလုံးကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version




Credit