Cele News

၃၂ နှစ်လုံးပစ်ထားခဲ့ပြီး သားလေးရဲ့နောက်ဆုံးအချိန်ရောက်မှ တိုးတိုးတိတ်တိတ်ဖုန်းဆက်စုံစမ်းလာတာတွေကို နာကျည်းစွာရင်ဖွင့်လာတဲ့ ရေမွန်ရဲ့မိခင်

၃၂နှစ်လုံးပစ်ထားခဲ့ပြီးသားလေးရဲ့နောက်ဆုံးအချိန်ရောက်မှတိုးတိုးတိတ်တိတ်ဖုန်းဆက်စုံစမ်းလာတာတွေကိုနာကျည်းစွာရင်ဖွင့်လာတဲ့ရေမွန်ရဲ့မိခင်

အမိုက်စားသီချင်းကောင်းလေးတွေနဲ့အနုပညာလောကမှာအောင်မြင်မှုတွေအခိုင်အမာနဲ့အားလုံးရဲ့ချစ်ခင်အားပေးမှုတွေကိုကိုအပြည့်အဝရရှိထားတဲ့Idiotsအဖွဲ့ရဲ့ပင်တိုင်အဆိုတော်ရေမွန်ကတော့အခုဆိုရင်ဘဝတစ်ပါးကိုကူးပြောင်းကွယ်လွန်သွားခဲ့ပါပြီနော်။မိသားစုနဲ့အဝေးတစ်နေရာမှာရှောင်တိမ်းနေရင်းအစာအိမ်သွေးကြောပေါက်ပြီးရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့ရေမွန်အတွက်အားလုံးကယူကြုံးမရခံစားနေရသလိုကာယကံရှင်မိသားစုဝင်တွေအတွက်ကတော့တကယ်ကိုဖြေမဆည်နိုင်တဲ့ကြေကွဲစရာဆုံးရှုံးမှုပါပဲ။

အသက်တစ်နှစ်အရွယ်ကတည်းကအရွယ်ရောက်တဲ့အချိန်အထိဖခင်မရှိဘဲအမေနဲ့ညီမလေးကိုစောင့်ရှောက်ကာကိုယ့်အားကိုယ်ကိုးရုန်းကန်လာခဲ့တဲ့ရေမွန်အတွက်မိခင်ဖြစ်သူကရင်နာစွာနဲ့ စာလေးရေးသားလာခဲ့ပါတယ်။​(၃၂)နှစ်လုံးစွန့်ပစ်ထားခဲ့ပြီးကွယ်လွန်သွားတဲ့နောက်ဆုံးအချိန်ရောက်မှတိုးတိုးတိတ်တိတ်ဖုန်းဆက်စုံစမ်းနေတဲ့ရေမွန်ဖခင်ရဲ့လုပ်ရပ်တွေကြောင့်သားလေးအတွက်ရင်နာရတာတွေကိုနာကျည်းစွာရင်ဖွင့်ပြောပြလာတာဖြစ်ပါတယ်။

၃၂နှစ်လုံးရက်ရက်စက်စက်လူမဆန်စွာစွန့်ပစ်ခဲ့ပြီးကလေးရဲ့နောက်ဆုံးအချိန်ရောက်မှတိုးတိုးတိတ်တိတ်ဖုံးဆက်စုံစမ်းတယ်တဲ့လားဒီအချိန်မှဘာလုပ်ပေးချင်သေးလို့လဲ။ဘာလုပ်ပေးနိုင်တော့လို့လဲ။Shame on uဆိုပြီးအဆိုတော်ဒေါ်ခင်မြတ်မွန်ကသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားပြောပြထားတာပါ။လောကဓံရဲ့ ရိုက်နှက်မှုဒဏ်တွေကိုရင်ဆိုင်ခံစားခဲ့ရတဲ့ရေမွန်တို့မောင်နှမနှစ်ယောက်အတွက်ပရိသတ်တွေစိတ်မကောင်းဖြစ်နေကြရသလိုမိခင်ဖြစ်သူကိုလည်းအားပေးစကားတွေပြောထားကြတာတွေ့ရပါတယ်။

Zawgyi Version

မိသားစုနဲ႕အေဝးတစ္ေနရာမွာေရွာင္တိမ္းေနရင္း အစာအိမ္ေသြးေၾကာေပါက္ၿပီး႐ုတ္တရက္ကြယ္လြန္သြားခဲ့တဲ့ေရမြန္အတြက္အားလုံးကယူႀကဳံးမရခံစားေနရသလိုကာယကံရွင္မိသားစုဝင္ေတြအတြက္ကေတာ့တကယ္ကိုေျဖမဆည္နိုင္တဲ့ေၾကကြဲစရာဆုံးရႈံးမႈပါပဲ။

အသက္တစ္ႏွစ္အ႐ြယ္ကတည္းက အ႐ြယ္ေရာက္တဲ့အခ်ိန္အထိဖခင္မရွိဘဲအေမနဲ႕ ညီမေလးကိုေစာင့္ေရွာက္ကာကိုယ့္အားကိုယ္ကိုး ႐ုန္းကန္လာခဲ့တဲ့ေရမြန္အတြက္မိခင္ျဖစ္သူက ရင္နာစြာနဲ႕ စာေလးေရးသားလာခဲ့ပါတယ္။​(၃၂)ႏွစ္လုံးစြန႔္ပစ္ထားခဲ့ၿပီးကြယ္လြန္သြားတဲ့ ေနာက္ဆုံးအခ်ိန္ေရာက္မွတိုးတိုးတိတ္တိတ္ဖုန္းဆက္စုံစမ္းေနတဲ့ေရမြန္ဖခင္ရဲ႕လုပ္ရပ္ေတြေၾကာင့္သားေလးအတြက္ရင္နာရတာေတြကိုနာက်ည္းစြာရင္ဖြင့္ေျပာျပလာတာျဖစ္ပါတယ္။

၃၂ႏွစ္လုံး ရက္ရက္စက္စက္လူမဆန္စြာစြန႔္ပစ္ခဲ့ၿပီးကေလးရဲ႕ေနာက္ဆုံးအခ်ိန္ေရာက္မွတိုးတိုးတိတ္တိတ္ဖုံးဆက္စုံစမ္းတယ္တဲ့လားဒီအခ်ိန္မွဘာလုပ္ေပးခ်င္ေသးလို႔လဲ။ဘာလုပ္ေပးနိုင္ေတာ့လို႔လဲ။

Credit