Cele News

ချစ်သူရဲ့နောက်ဆုံးဈာပနကိုတောင်လိုက်မပို့တဲ့အပြင် hot pot ဖိုးငွေသုံးသိန်းနဲ့ ဖုန်းကိုပါ ကျန်ရစ်သူမိသားစုဆီလာတောင်းနေတဲ့ ရေမွန်ကောင်မလေး

ချစ်သူရဲ့နောက်ဆုံးဈာပနကိုတောင်လိုက်မပို့တဲ့အပြင် hot pot ဖိုးငွေသုံးသိန်းနဲ့ဖုန်းကိုပါကျန်ရစ်သူမိသားစုဆီလာတောင်းနေတဲ့ရေမွန်ကောင်မလေး

စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြတဲ့အချိန်ကာလအတွင်းမှာပဲအဆိုတော်ရေမွန်ဟာပြည်သူတွေဘက်ကနေရပ်တည်ပေးရင်းရုတ်တရက်နှုတ်ဆက်ထွက်ခွာသွားခဲ့တာကြောင့်အနုပညာမောင်နုမတွေအပြင်ပရိသတ်တွေကပါဝမ်းနည်းကြေကွဲဖြစ်ခဲ့ရပါတယ်။ရေမွန်ရဲ့စျာပနပွဲကိုတော့နိုင်ငံရေးအခြေအနေကြောင့်နောက်ဆုံးခေါင်းချခဲ့တဲ့လွတ်မြောက်နယ်မြေမှာပဲကျင်းပပြုလုပ်ခဲ့ပြီးမိသားစုဝင်များ၊အနုပညာမောင်နုမတွေတချို့နဲ့ချစ်တဲ့ပရိသတ်တွေကလိုက်ပါပို့ဆောင်ပေးကြတာတွေ့ရပါတယ်။

ယုံကြည်ချက်တစ်ခုအတွက်နဲ့တောထဲဝင်သွားခဲ့ပြီးမတရားမှုကိုမတွန်းလှန်နိုင်လိုက်ခင်မှာအသက်ဆုံးရှုံးသွားတဲ့အဆိုတော်ကြီးအတွက် အားလုံးကယူကျုံးမရဖြစ်နေခဲ့ပါတယ်။မိခင်နဲ့ညီမဖြစ်သူကိုသိပ်ချစ်ပြီးအပေါင်းအသင်းတွေအပေါ်မှာလည်းစိတ်ကောင်းထားကာအမြဲကူညီတတ်သူမို့လူကောင်းတစ်ယောက်ဆုံးရှုံးလိုက်ရတာတကယ်ကိုနှမြောစရာကောင်းလွန်းပါတယ်။

မနေ့ညကတော့ဖေ့ဘုတ်ပေါ်မှာရေမွန်နဲ့ပတ်သတ်ပြီးစာအရှည်ကြီးတွေရေးတင်တာ attentionရှာခဲ့ပြီးရေမွန်ရဲ့နောက်ဆုံးခရီးလေးကိုတောင်လိုက်မပို့ပေးနိုင်တဲ့ရေမွန်ရဲ့ချစ်သူကောင်မလေးဟာဆိုရင်ပရိတ်သတ်တွေရဲ့ဝေဖန်မှုတွေကိုခံနေရတာပဲဖြစ်ပါတယ်နော်သူမရဲ့မိခင်ကတော့ကျန်းမာရေးမကောင်းလို့ရေမွန်ရဲ့ဈာပနကိုမပို့ဆောင်န်ုင်တာဖြစ်ကြောင်းဆင်ခြေပေးကာ ရှင်းလင်းလာခဲ့ပါသေးတယ်နော်လတ်တလောနာရီပိုင်းအတွင်းမှာတော့သူမဟာချစ်သူရေမွန်ကို hotpotဖိုးလွှဲခဲ့ဖူးတဲ့ပိုက်ဆံသူံးသိန်းနဲ့ပေးခဲ့တဲ့ဖုန်းကိုပါပြန်တောင်းလာကြောင်းသတင်းတွေတက်လာတာပဲဖြစ်ပါတယ်နော်။

သူမဟာရေမွန်မသေဆုံးခင်က barမှာ hotpotစားဖို့အတွက်ငွေသုံးသိန်းလွှဲခဲ့ကြောင်းသိရှိရပြီးယခုထိုငွေကိုကျန်ရစ်သူရေမွန်မိသားစုထံပြန်တောင်းနေတာဖြစ်ကြောင်းသိရပါတယ်။ပရိသတ်များကလည်းရေမွန်သေဆုံးခါစက၀မ်းနည်းကြောင်း facebookပေါ်တစ်မျိုးပြီးတစ်မျိုးရေစတင်ကာဈာပနာပွဲကိုလည်းနေမကောင်းဘူးအကြောင်းပြချက်နဲ့လိုက်မပိုတဲ့အပြင်ယခုအခါ သေဆုံးသူထံအကြွေးလာတောင်းနေတဲ့ချစ်သူကောင်မလေးကိုစိတ်တိုဒေါသဖြစ်နေကြတာပဲဖြစ်ပါတယ်။

ကျနော်ဒီလိုသူများကိစ္စတွေဆိုဂရုမစိုက်တတ်ဘူးဗျဒါပေမယ့်ကိုရေမွန့်ကိုနှမြောမိတဲ့စိတ်ဗျာဒါကြီးကတော့ရုပ်ပေါက်လွန်းပါတယ်ဖြစ်စဉ်က-KကRaymondမဆုံးခင်တုန်းကbarမှာသွားစားသောက်ဖို့ hotpotဖိုး3သိန်းလွှဲထားပေးတာအဲ့သုံးသိန်းကိုအခု Raymondမိသားစုဆီကပြန်တောင်းတာတဲ့ကျနော်တို့လိုတကယ်အချစ်စစ်နဲ့သိပ်ချစ်ခဲ့ပေးတဲ့လူတွေကျမှဘာလို့ဒီလိုမိန်းမမျိုးတွေနဲ့ ဆုံရတာလဲဆိုကာရေးသားလာတာပါ။

ရေမွန်ရဲ့ညီမဖြစ်သူလပြည့်ကဗျာမှာလည်းသူမရဲ့ Facebook storyမှာသူံးသိန်းနဲ့ငါ့အကိုကိုတန်ဖိုးဖြတ်တယ်နော်အင်းပါဆိုပြီးပေါက်ကွဲကာတင်လာတာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်တစ်ယောက်ကလည်းနောက်ဆုံးဖုန်းcall၀င်ခဲ့တာkဆီကိုနောက်ဆုံးထိုးသွားတဲ့tatooကလည်း kဘာနေနေနောက်ဆုံးနောက်ဆုံးကသူနဲ့ပတ်သတ်ခဲ့တာတွေပဲဆိုပြီးတင်နေပြီးတော့3သိန်းကိုကျရက်တောင်မလည်ရသေးဘူးတောင်းတယ်နော်အဲ့စော်mentပိတ်ထားလို့ဒီမှာလာပြောတာခုထိသူ့ဘက်ကသနားပေးတဲ့ကောင်တွေမြင်အောင်လို့ဆိုကာပေါက်ကွဲစကားသံတွေထွက်လာခဲ့ပါတယ်နော်။

သီချင်းအသစ်တွေမဖန်တီးနိုင်ပေမယ့်ဖန်တီးခဲ့တဲ့အနုပညာတွေဟာလည်းအမြဲတမ်းလတ်ဆတ်နေဦးမှာပါပဲ။ဆောင်းဦးမှာပွင့်ပြီးမိုးဦးမှာကြွေလွင့်ခဲ့တဲ့တော်လှန်ရေးပန်းလေးတစ်ပွင့်ကောင်းမွန်ရာအရပ်ဒေသမှာအစွမ်းကုန်ပြန်လည်ပွင့်လန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit