Cele News

တော်လှန်ရေးကိစ္စတွေမှာ တိတ်ဆိတ်လွန်းနေပမဲ့လည်း အလှူမှာတော့ ရက်ရောပြတဲ့ Mytel မင်းသားနေတိုး

တော်လှန်ရေးကိစ္စတွေမှာတိတ်ဆိတ်လွန်းနေပမဲ့လည်း အလှူမှာတော့ရက်ရောပြတဲ့ Mytelမင်းသားနေတိုး

အကယ်ဒမီမင်းသားချောနေတိုးကတော့ပရိသတ်တွေရဲ့အချစ်တွေကိုအခိုင်အမာယူထားနိုင်သူပဲဖြစ်ပါတယ်နော်နေတိုးကကြော်ငြာမှာရောရုပ်ရှင်ဇာတ်လမ်းကားတွေမှာလည်းသရုပ်ဆောင်ပိုင်နိုင်လွန်းတာကြောင့်လူကြီးရောလူငယ်ပါအသည်းစွဲချစ်နေရတဲ့မင်းသားတစ်ယောက်ပဲဖြစ်ပါတယ်။မင်းသားချောနေတိုးကတော့အနေအထိုင်သိုသိပ်သူပီပီချစ်သူရှိနေတာကိုသိပေမဲ့လက်ထပ်ဖို့အတွက်ရည်ရွယ်ပြီလားဆိုတာကိုလည်းပရိသတ်ကိုအသိမပေးဘဲနေထိုင်သူလည်းဖြစ်ပါတယ်။

အရာရာကိုသိုသိပ်ပြီးနေတတ်သူပီပီနိုင်ံငံရေးနဲ့ပက်သက်လာရင်လည်းတိတ်ဆိတ်လွန်းနေတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်ခြင်းကိုခံနေရသူလည်းဖြစ်ပါတယ်။မင်းသားချောနေတိုးကဝေဖန်မှုတွေရှိခဲ့ရင်လည်းဖြေရှင်းချက်ပေးလေ့မရှိဘဲသူလျောက်လှမ်းနေတဲ့လမ်းကိုသာဂရုစိုက်ပြီးနေထိုင်သူဖြစ်ပါတယ်။အလှူအတန်းတွေနဲ့ပက်သက်ရင်လည်းလက်မနှေးတတ်တဲ့မင်းသားချောနေတိုးကဇွန်လ၂၇ရက်နေ့မှာရန်ကုန်မြို့မှာရှိတဲ့အလိုတော်ပြည့်ဘုန်းကြီးကျောင်းမှာအရှင်ကုမာရဆီကိုအလှူငွေများလှူဒါန်းနေကြောင်းသိရပါတယ်။

ဘုန်းဘုန်းအရှင်ကုမာရကလဲဒီနေ့မင်းသားနေတိုးရဲ့ကုသိုလ်တော်ကောင်းမူအလိုတော်ပြည့်ပါစေဆိုပြီးတော့လဲဆုပေးထားပါသေးတယ်။ပြီးနောက်နေတိုးကပရိသတ်ကြီးလည်းသာဓုခေါ်ပါနော်ဆိုပြီးလည်းဖေ့ဘုတ်စာမျက်နှာထက်မှာတင်လာခဲ့တာဖြစ်ပါတယ်။နေတိုးကိုချစ်တဲ့ပရိသတ်ကြီးလည်းသာဓုခေါ်ပေးကြပါအုံးနော်။

Zawgyi Version




Credit