Cele News

၅၀၅-က ဖြင့်ထိန်းသိမ်းခံထားရသော သရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့တူမ မေတိုးခိုင် ပြန်လည်လွတ်မြောက်လာ

၅၀၅ကဖြင့်ထိန်းသိမ်းခံထားရသောသရုပ်ဆောင်အိန္ဒြာကျော်ဇင်ရဲ့တူမမေတိုးခိုင်ပြန်လည်လွတ်မြောက်လာ

သရုပ်ဆောင်မင်းသမီးမေတိုးခိုင်ကတော့အကယ်ဒမီရွှေကြိုအနေနဲ့အများကသိကြပြီးအကယ်ဒမီအိန္ဒြာကျော်ဇင်ရဲ့တူမအနေဖြင့်စတင်သိခဲ့ကြပါတယ်၊ချစ်ရာကောင်းတဲ့အမူအရာလေးတွေကြောင့်လဲပရိတ်သတ်ကချစ်ခင်အားပေးနေရပါတယ်၊နောက်ပိုင်းမှာဇာတ်ကားတွေကိုရိုက်ကူးလာတာကြောင့်လဲပရိတ်သတ်ကအားပေးခဲ့ကြပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ဂုဏ်ကြောင့်တက်လာတဲ့သူမဟုတ်ပဲသူမကြိုးစားမှုနဲ့တက်လာခဲ့တဲ့အတွက်ပရိတ်သတ်ကလဲအသိအမှတ်ပြုကြရပါတယ်။မေတိုးခိုင်ကတော့ဒီတော်လှန်ရေးစကတည်းကပြည်သူတွေနဲ့အတူလမ်းပေါ်ထွက်ဆန္ဒပြပြီးလုထူလှုပ်ရှားမှုတွေမှာအားတက်သရောပါဝင်ခဲ့တဲ့အပြင်CDMဝန်ထမ်းတွေကိုလဲကူညီဖို့တိုက်တွန်းခဲ့သူပဲဖြစ်ပါတယ်၊ဒီလိုတိုက်တွန်းနိုးဆော်ခဲ့တဲ့အတွက်ကြောင့်၅၀၅ကနဲ့အမှုဖွင့်ထားခြင်းခံရပြီးပြေတီဦးအိန္ဒြာကျော်ဇင်တို့နဲ့အတူမတရားဖမ်းဆီးထားခြင်းခံခဲ့ရပါတယ်။

ဒီကနေ့ဇွန်လ၃၀ရက်ဗုဒ္ဓဟူးနေ့မှာဆိုရင်တော့၅၀၅ကနဲ့အမှုဖွင့်ဖမ်းဆီးထားတဲ့သရုပ်ဆောင်မေတိုးခိုင်ဟာလွှတ်မြောက်လာကြောင်းသိရှိရပါတယ်၊ဖမ်းဆီထားဆဲဖြစ်တဲ့ပြေတီဦးအိန္ဒြာကျော်ဇင်နဲ့အခြားအနုပညာရှင်ညီအစ်ကိုမောင်နမတွေအားလုံးပြည်သူတွေအားလုံးပြန်လွတ်ပါစေလို့ဆုတောင်းပေးရင်းဒီသတင်းကိုတင်ဆက်လိုက်ရပါတယ်။

Zawgyi version




Credit