Cele News

အဆိုတော်ရေမွန်အတွက် သူငယ်‌ချင်းတွေစုပီး အလှူလေးလုပ်ခဲ့တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်

အဆိုတော်ရေမွန်အတွက်သူငယ်‌ချင်းတွေစုပီးအလှူလေးလုပ်ခဲ့တဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်

သရုပ်ဆောင်သင်ဇာဝင့်ကျော်ကတော့ချောမောလှပတဲ့ရုပ်ရည်အမိုက်စားခန္ဓာကိုယ်နဲ့ပီပြင်ပြောင်မြောက်လှတဲ့သရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်၊စိတ်ကောင်းရှိတဲ့သင်ဇာဝင့်ကျော်ကတော့အလှူအတန်းတွေလဲရက်ရောသလိုပရဟိသတွေကိုလဲမကြာခဏပြုလုပ်လေ့ရှိပါတယ်။

လူထုလှုပ်ရှားမှုတွေမှာလဲပြည်သူတွေနဲ့အတူတစ့သားတည်းပါဝင်ပြီးလမ်းပေါ်ထွက်ကာတော်လှန်ရေးကြီးမှာအားတက်တရောပါဝင်ခဲ့ပါတယ်၊အခက်အခဲဖြစ်နေတဲ့ပြည်သူတွေကိုလဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်ကူညီလှူဒါန်ပေးနေတာကိုလဲတွေ့ရပါတယ်၊ဒီတော်လှန်ရေးကြီးမှာတိမ်းရှောင်နေရတဲ့ပြည်သူတွေမြောက်များစွာရှိခဲ့ပါတယ်။

အခုတစ်ခါမှာတော့မိသားစုနဲ့အဝေးတစ်နေရာကိုရှောင်တိမ်းနေရင်းအစာအိမ်သွေးကြောပေါက်ပြီးကွယ်လွန်သွားတဲ့အဆိုတော်ရေမွန်ကိုသိကြမှာပါ၊သူငယ်ချင်းဖြစ်တဲ့ရေမွန်နဲ့ပတ်သတ်ပြီးတော့လဲသင်ဇင်ဝင့်ကျော်ကခံစားချက်တစ်ချို့ကိုလဲရေးသားထားပါသေးတယ်။

ဒီကနေ့ဇူလိုင်လ၁ရက်နေ့မှာဆိုရင်ကွယ်လွန်သွားပြီဖြစ်တဲ့သူငယ်ချင်းရေမွန်အတွက်သင်ဇာဝင့်ကျော်ကသူငယ်ချင်းတွေစုပေါင်းပြီးအလှူလေးပြုလုပ်လာပါတယ်၊ပြုလုပ်လာတဲ့အလှုကိုတော့ဒီနေ့အောင်ဇမ္ဗူကျောင်းမှာသူငယ်ချင်းတွတ်ပီအတွက်ရည်စူးပြီးနေ့ဆွမ်းအလှူရေစက်ချဆရာတော်ငါးပါးအတွက်သင်္ကန်းနှင့်နဝကမ္မအလှူလေးပြုလုပ်ခဲ့ပါတယ်ဤကုသိုလ်ကောင်းမှုအစုစုတို့ကိုသူငယ်ချင်းလေးတွတ်ပီရောက်ရာအရပ်ကသာဓုခေါ်နိုင်ပါစေဆိုပြီးရေးသားဖော်ပြထားပါတယ်။

Zawgyi version





Credit