Cele News

ချစ်သူ ပိုင်တံခွန်လွတ်လာမယ်လို့ထင်ထားတဲ့ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတဲ့အတွက် ဝမ်းနည်းနေတဲ့ ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေး

ချစ်သူပိုင်တံခွန်လွတ်လာမယ်လို့ထင်ထားတဲ့ မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရတဲ့အတွက် ဝမ်းနည်းနေတဲ့ပိုင်တံခွန်ရဲ့ချစ်သူကောင်မလေး

ပရိသတ်ကြီးရေမနေ့ကပြန်လွတ်ခဲ့တဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာပိုင်တံခွန်ပါလာမယ်လို့ သတင်းတွေထွက်နေခဲ့ပေမယ့်တကယ်တမ်းဖြစ်မလာခဲ့ပါဘူးနော်။ဒီသတင်းဟာသူ့ကိုစောင့်မျှော်နေသူတွေအတွက်ဝမ်းနည်းစရာပါပဲနော်။ပိုင်တံခွန်တို့တစ်မိသားစုလုံးကလည်းသူပြန်လွတ်လာမယ်အထင်နဲ့ ပျော်နေကြတာပါနော်။

ပိုင်တံခွန်ရဲ့ကောင်မလေးဆိုရင်လည်းသူ့ကောင်လေးအမြန်လွတ်ဖို့နည်းလမ်းပေါင်းစုံနဲ့ကြိုးစားနေခဲ့တာပါနော်။ထောင်ထဲထိရောက်အောင်ထောင်ဝင်စာတွေပို့ပေးခဲ့တဲ့ပိုင်တံခွန်ရဲ့ချစ်သူလေးဟာဒီတစ်ခါမှာတော့အတော်ကိုစိတ်မကောင်းဖြစ်ခဲ့ရပါတယ်နော်။မနေ့ကသူ့ကောင်လေးပြန်လွတ်မယ်လို့ထင်ခဲ့ပေမယ့်မျှော်လင့်ချက်တွေရိုက်ချိုးခံလိုက်ရတာပါနော်။

ကိုယ့်မိသားစုလေးမပျော်ခဲ့ရပေမယ့်ဒီနေ့ပျော်ရွှင်နေကြတဲ့မိသားစုတွေကိုမြင်ရတော့ မျက်ရည်ကြားကပီတိဖြစ်ရပြန်တယ်။ငါတို့ကို surprise လုပ်ချင်လို့များမနက်ကမထွက်လာတာလားဆိုပြီးအရူးတစ်ယောက်လိုငါတွေးနေခဲ့သေးတာမဲလုံးရာဒီအချိန်ထိဆိုမှတော့မနက်ကပြုံးပျော်နေတဲ့ဒို့မေကအခုငိုနေတယ်။တစ်မနက်လုံးအလုပ်ရှုပ်ပြီးဆူညံနေတဲ့အိမ်ကခုတော့တိတ်ဆိတ်လို့။နင့်သူငယ်ချင်းဖူးလေးလွတ်ပြီးနင်မပါတော့စိတ်မကောင်းဖြစ်နေမလား၊အားငယ်နေမလားဆိုပြီးငါ့မှာတွေးပူရပြန်တယ်။ဘာမှမဖြစ်သလိုဟန်ဆောင်ပြနေရတာငါလည်းပင်ပန်းလှပြီလို့ပိုင်တံခွန်ရဲ့အစ်မကိုယ်တိုင်ခံစားချက်တွေရေးထားပါတယ်နော်။

Zawgyi Version




Credit