Cele News
အကြမ်းဖက်စစ်ကောင်စီက လိုက်ဖမ်းနေတာကြောင့် အဖွားဖြစ်သူရဲ့နောက်ဆုံးခရီးကို လိုက်ပို့ခွင့်မရလို့ ဝမ်းနည်းနေတဲ့ မင်းသမီးလေး ပိုင်ဖြိုးသု
အကြမ်းဖက်စစ်ကောင်စီကလိုက်ဖမ်းနေတာကြောင့်အဖွားဖြစ်သူရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ခွင့်မရလို့ဝမ်းနည်းနေတဲ့မင်းသမီးလေးပိုင်ဖြိုးသု
ဒါရိုက်တာဏကြီးနဲ့ပိုင်ဖြိုးသုတို့ဇနီးမောင်နှံတော့လက်ရှိမှာမြန်မာပြည်မှာဖြစ်နေတဲ့အရေးတွေကြောင့်ဖမ်းဝရံထုတ်ခံထားရပေမဲ့လည်းဇွဲမလျှော့ဘဲအမြဲတမ်းတက်ကြွစွာပါဝင်ပေးနေဆဲဖြစ်ပါတယ်။အွန်လိုင်းပေါ်မှာလည်းဝေဖန်ခံရမှုတွေတစ်ချို့ရှိခဲ့ပေမဲ့နောက်မဆုတ်ဘဲရဲရဲဝင့်ဝင့်ရှိနေပေးလို့ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူလေးဖြစ်ပါတယ်။
ခုချိန်မှာပြည်သူ့အစိုးရဖြစ်တဲ့CRPHအတွက်ပြည်သူတိုင်းကတတ်နိုင်သလောက်အလှူငွေထည့်နေကြတာဖြစ်ပြီးပိုင်ဖြိုးသုတို့ကလည်းပါဝင်လှူဒါန်းခဲ့ကြပါသေးတယ်။လွန်ခဲ့တဲ့၃လလောက်တုန်းကလည်းဒါရိုက်တာဏကြီးရဲ့မိခင်ဆုံးပါးသွားတုန်းကလည်းတိမ်းရှောင်နေရတဲ့ကာလဖြစ်တာကြောင့်မိခင်ရဲ့နောက်ဆုံးခရီးကိုလည်းလိုက်မပို့ခဲ့ရပါဘူး။
ဇွန်လ၃၀ရက်နေ့ကလည်းပိုင်ဖြိုးသုရဲ့အဖွားဖြစ်သူကလည်းဘယ်တော့မှပြန်မဆုံနိုင်တော့တဲ့သံသရာခရီးကိုထွက်သွားခဲ့ပြီပဲဖြစ်ပါတယ်။တိမ်းရှောင်နေတဲ့ကာလမှာဘဲချစ်ရတဲ့သူတွေကွယ်လွန်သွားတဲ့အတွက်လည်းဝမ်းနည်းနေမှာအသေအချာပါပဲနော်။ပိုင်ဖြိုးသုရဲ့အဖွားလဲကောင်းရာမွန်ရာရောက်ပါစေလို့ပရိသတ်ကြီးနဲ့အတူဆုတောင်းပေးလိုက်ပါတယ်နော်။
Zawgyi Version
Credit