Cele News

အဆိုတော်ထူးအယ်လင်းဦးစီးပြီးဆောင်ရွက်နေတဲ့ လူမှုကူညီထောက်ပံ့မှုတွေမှာ ပါဝင်လှူဒါန်းပေးသွားမယ့် ချစ်စနိုးဦးရဲ့ခင်ပွန်း

အဆိုတော်ထူးအယ်လင်းဦးစီးပြီးဆောင်ရွက်နေတဲ့ လူမှုကူညီထောက်ပံ့မှုတွေမှာပါဝင်လှူဒါန်းပေးသွားမယ့်ချစ်စနိုးဦးရဲ့ခင်ပွန်း

အဆိုတော်ထူးအယ်လင်းကတော့လတ်တလောမှာပရဟိတလုပ်ငန်းတွေကိုကြိုးစားဆောင်ရွက်နေပါတယ်၊အလှူရှင်များစွာရဲ့စုပေါင်းလှူဒါန်းမှုတွေနဲ့အခက်အခဲဖြစ်နေတဲ့နေရာတွေကိုသွားရောက်လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်၊ပြည်သူတွေသာမကဘဲအနုပညာရှင်များကလည်းထူးအယ်လင်းထံဆက်သွယ်လှူဒါန်းနေကြပါတယ်။

မနေ့ညကလည်းထူးအယ်လင်းရဲ့လူမှုကွန်ယက်ထက်မှာပုံလေးတစ်ပုံတင်ထားပါတယ်၊ဒါကတော့သူလုပ်ဆောင်နေတဲ့လူမှုကူညီရေးထောက်ပံ့မှုတွေမှာအဆိုတော်ဖိုးသားကပါတတ်နိုင်တဲ့ဘက်ကနေပါဝင်လှူဒါန်းမယ့်အကြောင်းဓာတ်ပုံလေးတင်ပြီးရေးသားထားပါတယ်၊အဆိုတော်ဖိုးသားကရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်ချစ်စနိုးဦးရဲ့ခင်ပွန်းဖြစ်ပြီးတေးစီးရီးAlbumတစ်ချို့လည်းထွက်ရှိဖူးသူတစ်ဦးဖြစ်ပါတယ်၊ထူးအယ်လင်းကလည်းလူမှုကူညီ၊ထောက်ပံ့ရေးတွေမှာကူညီလှုပေးမယ်ကြားသိရတာဝမ်းသာတယ်ဗျာကျေးဇူးပါညီလေးဖိုးသားကိုယ့်ရုပ်ကြမ်းတာပိုပေါ်လွင်သွားတယ်ဆိုပြီးရေးသားထော်ပြထားပါတယ်။

ပရိသတ်တွေကလည်းဂီတလောကသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့်လူမှုကူညီရေးလုပ်ငန်းတွေမှာအားဖြည့်လုပ်ဆောင်နေကြတာကိုမြင်တွေ့ရတဲ့အတွက်ဝမ်းသာပီတိဖြစ်နေကြပါတယ်၊မြန်မာနိုင်ငံမှာရှိတဲ့နေရာအနှံ့အပြားမှာဝတ်နေရေးခက်ခဲနေတဲ့ပြည်သူများစွာရှိပါတယ်၊ဒါ့ကြောင့်ပြည်သူတွေအချင်းချင်းလိုအပ်တဲ့နေရာတိုင်းကိုကူညီလှူဒါန်းပေးကြခြင်းဖြင့်ကူညီပေးကြဖို့ပြောကြားရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Zawgyi Version



ပရိသတ်တွေကလည်းဂီတလောကသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့်လူမှုကူညီရေးလုပ်ငန်းတွေမှာအားဖြည့်လုပ်ဆောင်နေကြတာကိုမြင်တွေ့ရတဲ့အတွက်ဝမ်းသာပီတိဖြစ်နေကြပါတယ်၊မြန်မာနိုင်ငံမှာရှိတဲ့နေရာအနှံ့အပြားမှာားဝတ်နေရေးခက်ခဲနေတဲ့ပြည်သူများစွာရှိပါတယ်၊ဒါ့ကြောင့်ပြည်သူတွေအချင်းချင်းလိုအပ်တဲ့နေရာတိုင်းကိုကူညီလှူဒါန်းပေးကြခြင်းဖြင့်ကူညီပေးကြဖို့ပြောကြားရင်းဒီသတင်းကိုတင်ဆက်ပေးလိုက်ရပါတယ်။

Credit