Cele News

သရုပ်ဆောင်ဦးနေအောင် ကွယ်လွန်သည်မှာ သတင်းမှားသာဖြစ်

သရုပ်ဆောင်ဦးနေအောင်ကွယ်လွန်သည်မှာသတင်းမှားသာဖြစ်

ဆယ်စုနှစ်တခုကြာအောင်မြင်ခဲ့ပြီးရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့သလိုအကယ်ဒမီထူးချွန်ဆုတွေရရှိထားတဲ့မင်းသားကြီးဦးနေအောင်ကတော့ဒီနေ့နေ့လည်မှာဘဲရုတ်တရက်ကွယ်လွန်သွားခဲ့ပြီလို့ရုပ်ရှင်အစည်းအရုံးအတွင်းရေးမှုးဦးဝင်းမြိုင်ကလူမှုကွန်ရက်စာမျက်နှာမှာမျှဝေလာခဲ့တာဘဲဖြစ်ပါတယ်။

များမကြာမှီမှာအကယ်ဒမီစင်ရော်မောင်မောင်မှဦးနေအောင်လုံးဝကျန်းမာပါတယ်အခုဘဲဖုန်းဆက်ရပါတယ်လို့ပြန်လည်ရှင်းလင်းလာခဲ့ပါတယ်။ဒါအပြင်ဂျွန်လွင်ကလည်းဦးနေအောင်သက်ရှိထင်ရှားရှိကြောင်းလူမှုကွန်ရက်စာမျက်နှာမှာပြောပြလာပါတယ်။

ဦးဝင်းမြိုင်ကလည်းသတင်းပို့သူကဦးနေဒေါင်းကွယ်လွယ်ကြောင်းပြောပြသည်ကိုဦးနေအောင်ဟုနားကြားလွဲ၍ဦးနေအောင်ကွယ်လွယ်ကြောင်းတင်လိုက်မိပါတယ်။အမှန်တကယ်ကွယ်လွန်သူမှာဦးနေဒေါင်း(ဇာတ်ညွှန်း)ဖြစ်ပါတယ်။အကိုကြီးဦးနေအောင်အားအနူးအညွှတ်တောင်းပန်အပ်ပါတယ်ဟုဦးဝင်းမြိုင်ကဖေ့ဘုတ်ကနေပြန်လည်ရှင်းပြလာခဲ့ပါတယ်။

Zawgyi Version



Credit