Cele News

ကိုဗစ်တတိယလှိုင်းမှာ ကိုယ့်အားကိုယ်ကိုးပြီး ကာကွယ်ရမှာဖြစ်လို့ ပြည်သူတွေအတွက် အဓိကအရေးကြီးတာတွေကို အကြံပြုပြောပြလာတဲ့ ဒေါင်း

ကိုဗစ်တတိယလှိုင်းမှာကိုယ့်အားကိုယ်ကိုးပြီးကာကွယ်ရမှာဖြစ်လို့ ပြည်သူတွေအတွက်အဓိကအရေးကြီးတာတွေကိုအကြံပြုပြောပြလာတဲ့ဒေါင်း

လတ်တလောမှာတစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ဗီဇပြောင်းကိုဗစ်ရောဂါကြောင့်တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာကူးစက်နှုန်းဟာသိသိသာသာကိုမြင့်တက်လာတာတွေ့ရပါတယ်။ယခုတစ်ခါတတိယလှိုင်းကိုဗစ်ကူးစက်မှုကတော့အရင်ဖြစ်ပွားခဲ့ကိုဗစ်ဒုတိယလှိုင်းတွေထက်တောင်တစ်နေ့တာကူးစက်နှုန်းလည်းမြင့်တက်လာသလိုသေဆုံးလူဦးရေးကလည်းများလာခဲ့ရပါတယ်။ဒါ့အပြင်ဇူလိုင်လ(၆)ရက်နေ့ ည(၈)နာရီကိုဗစ်ရောဂါထုတ်ပြန်ချက်တွေရပိုးတွေ့အတည်ပြုလူနာသစ်(၃၆၀၂)ဦးဖြစ်ပြီးထပ်မံသေဆုံး(၅၂)ဦးရှိခဲ့ပါတယ်။

ဒါဟာမြန်မာပြည်မှာစံချိန်တင်လောက်တဲ့ကူးစက်မှုနှုန်းနဲ့သေဆုံးသူဦးရေမြင့်မားခဲ့တဲ့ဆိုးဆိုးရွားရွားနေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။ယခုအချိန်အခါမှာကိုဗစ်ရောဂါထိန်းချုပ်ကုသရေးကိုအာဏာရှင်များကလုပ်ဆောင်ပေးနေတာကြောင့်အရင်လိုကျန်းမာရေးစောင့်ရှောက်ပေးမှုတွေမလုံလောက်တာလည်းတွေ့နေရပါတယ်။ယခုလိုကိုဗစ်တတိယလှိုင်းမှာမိမိကိုယ်ကိုယ်ကိုပဲအားကိုးရမှာဖြစ်တာကြောင့်ဂရုတစိုက်သွားလာနေထိုင်ရမှာဖြစ်ပါတယ်။

ဒီလိုရောဂါကူးစက်မှုမရှိအောင်ဂရုတစိုက်နေထိုင်သွားလာဖို့အတွက်ပြည်သူတွေနဲ့အတူအမြဲတမ်းရပ်တည်ပေးနေတဲ့သရုပ်ဆောင်ဒေါင်းကလည်းသူ့ရဲ့လူမှုကွန်ယက်မှာပြည်သူတွေအတွက်အကြံပြုပြောဆိုလာခဲ့တာတွေ့မြင့်ရပါတယ်။သူ့ရဲ့အကြံပြုချက်တွေအရကိုဗစ်ရောဂါပျောက်ကင်းတဲ့ဆေးဟာယခုအချိန်ထိမရှိသေးတာကြောင့်ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ဖို့လည်းလိုအပ်ပါတယ်။ဒါ့အပြင်မလိုအပ်ဘဲဆေးတွေကိုအလွန်းအကျွံမသောက်သုံးမိဖို့ကိုလည်းအထူးသတိထားရပါမယ်။ဘာကြောင့်လည်းဆိုရင် ဆေးတွေအလွန်းအကျွံသောက်သုံးမိရင်တော့ကျောက်ကပ်ပျက်စီးတာတွေကိုဖြစ်ပေါ်စေတတ်ပါတယ်။ဒီလိုမျိုးတွေမဖြစ်စေဖို့အတွက်ပြည်သူတွေအနေနဲ့လည်းဂရုတစိုက်သတိထားနေရမယ့်အချိန်လေးဖြစ်တာကြောင့်ဒေါင်းရဲ့အကြံပြုချက်တွေကိုတော့ပြန်လည်ဖတ်ရှု့လို့ရအောင်ပြန်လည်ဖော်ပြပေးထားပါတယ်။

Zawgyi Version

လတ္တေလာမွာတစ္ေက်ာ့ျပန္ျဖစ္ပြားလာခဲ့တဲ့ ဗီဇေျပာင္းကိုဗစ္ေရာဂါေၾကာင့္တိုင္းေဒသႀကီးနဲ႕ ျပည္နယ္ေတြမွာကူးစက္ႏႈန္းဟာသိသိသာသာကို ျမင့္တက္လာတာေတြ႕ရပါတယ္။ယခုတစ္ခါ တတိယလွိုင္းကိုဗစ္ကူးစက္မႈကေတာ့အရင္ျဖစ္ပြားခဲ့ ကိုဗစ္ဒုတိယလွိုင္းေတြထက္ေတာင္ တစ္ေန႕တာ ကူးစက္ႏႈန္းလည္း ျမင့္တက္လာသလိုေသဆုံးလူဦးေရးကလည္း မ်ားလာခဲ့ရပါတယ္။

ဒါဟာျမန္မာျပည္မွာစံခ်ိန္တင္ေလာက္တဲ့ကူးစက္မႈႏႈန္းနဲ႕ေသဆုံးသူဦးေရျမင့္မားခဲ့တဲ့ဆိုးဆိုး႐ြား႐ြားေန႕တစ္ေန႕ျဖစ္ခဲ့ပါတယ္။ယခုအခ်ိန္အခါမွာကိုဗစ္ေရာဂါထိန္းခ်ဳပ္ကုသေရးကိုအာဏာရွင္မ်ားကလုပ္ေဆာင္ေပးေနတာေၾကာင့္အရင္လိုက်န္းမာေရးေစာင့္ေရွာက္ေပးမႈေတြ မလုံေလာက္တာလည္းေတြ႕ေနရပါတယ္။ ယခုလို ကိုဗစ္တတိယလွိုင္းမွာမိမိကိုယ္ကိုယ္ကိုပဲအားကိုးရမွာျဖစ္တာေၾကာင့္ဂ႐ုတစိုက္သြားလာေနထိုင္ရမွာျဖစ္ပါတယ္။

ဒီလိုေရာဂါကူးစက္မႈမရွိေအာင္ဂ႐ုတစိုက္ေနထိုင္သြားလာဖို႔အတြက္ျပည္သူေတြနဲ႕အတူ အၿမဲတမ္းရပ္တည္ေပးေနတဲ့သ႐ုပ္ေဆာင္ေဒါင္းကလည္းသူ႕ရဲ႕ လူမႈကြန္ယက္မွာျပည္သူေတြအတြက္အႀကံျပဳေျပာဆိုလာခဲ့တာေတြ႕ျမင့္ရပါတယ္။
Credit