Cele News

ဘယ်သူမှမသိအောင် အိမ်ပြန်လာပီး သားလေးကိုတဖွဖွ အလွမ်းပြေနမ်းနေတဲ့ သရုပ်ဆောင်မင်းမော်ကွန်ရဲ့ဗီဒီယို

ဘယ်သူမှမသိအောင်အိမ်ပြန်လာပီးသားလေးကိုတဖွဖွနမ်းနေတဲ့သရုပ်ဆောင်မင်းမော်ကွန်ရဲ့ဗီဒီယို

သရုပ်ဆောင်မင်းမော်ကွန်းကတော့၁၀စုနှစ်၁ခုအောင်မြင်မှုတွေရရှိထားပြီးပီပြင်လွန်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့်ပရိတ်သတ်တွေရဲ့အားပေးမှုကိုတခဲနက်ရရှိထားတဲ့မင်းသားတစ်ပါးပဲဖြစ်ပါတယ်၊မင်းမော်ကွန်းကသရုပ်ဆောင်နေတိုး၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊ရဲလေးတို့နဲ့အတူနှင်းဆီအမည်ရှိတဲ့လူရွှင်တော်အဖွဲ့မှာလဲပါဝင်ပြီးတော့အငြိမ့်တော်တော်များများကခဲ့ဖူးတဲ့မင်းသားလဲဖြစ်ပါတယ်၊မင်မော်ကွန်းမှာတော့ချစ်စရာကောင်းတဲ့သားသားမီးမီးတွေလဲပိုင်ဆိုင်ထားပါသေးတယ်။

သရုပ်ဆောင်မင်းမော်ကွန်ကတော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူအမှန်တရားဘက်ကရပ်တည်ပေးပြီးလမ်းထွက်ကာလူထုလှုပ်ရှားမှုတွေမှာလဲအားတက်သရောပါဝင်လှုပ်ရှားခဲ့ပါတယ်၊ဒီလိုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တာကြောင့်ပုဒ်မ၅၀၅ကနဲ့မတရားအမှုဖွင့်အရေးယူထားခြင်းခံရတာကြောင့်ဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်၊တိမ်းရှောင်နေစဥ်အတောအတွင်းမှာလဲသူတတ်နိုင်တဲ့ဘက်ပါနေတော်လှန်ရေးကြီးမှာတထောင့်တနေရာကနေပါဝင်လှုပ်ရှားခဲ့ပါသေးတယ်။

မင်းမော်ကွန်းကမကြာခဏဆိုသလိုသူ့ရဲ့လူမှုကွန်ယက်ထက်မှာအိမ်ကိုလွမ်းကြောင်းတွေ၊သားသားမီးမီးကိုလွမ်းကြောင်းတွေ၊ခံစားချက်တစ်ချို့တွေကိုလဲရေးသားပြောပြလေရှိပါတယ်၊ယခုတစ်ခါမှာလဲသားသားလေးကိုလွမ်းတဲ့အကြောင်းMyDay Storyမှာတင်ထားပြီးလွမ်းနေကြောင်းကိုသက်သေပြလိုက်ပါတယ်၊အခုလိုမိသားစုနဲ့ဝေးပြီးတိမ်းရှောင်နေရတဲ့ပြည်သူတွေအားလုံးလဲမိသားစုနဲ့အမြန်စုံစည်းနိုင်ပြီးအေးအေးချမ်းချမ်းနေထိုင်နိုင်ပါစေလို့ဆုတောင်းပေးရင်ဒီသတင်းကိုတင်ဆက်လိုက်ရပါတယ်။

Video ကြည့်ရန်

Zawgyi Version




Credit