Cele News
ခိုင်နှင်းဝေပရဟိတအသင်းသို့ အောက်စီဂျင်ဝယ်ယူရန်အလှူငွေ(15)သိန်းလှူဒါန်းလိုက်တဲ့ ပိုးအိအိခန့်တို့မိသားစု
ခိုင်နှင်းဝေပရဟိတအသင်းသို့ အောက်စီဂျင်ဝယ်ယူရန်အလှူငွေ(15)သိန်းလှူဒါန်းလိုက်တဲ့ ပိုးအိအိခန့်တို့မိသားစု
ချစ်ပရိတ်သတ်ကြီးရေ ပိုးအိအိခန့်ဆိုတာနဲ့ဗီဒီယိုခေတ်တွေကတည်းကသရုပ်ဆောင်ခဲ့ပြီးကျော်ကြားခဲ့တဲ့သူမကိုမြင်မိမှာပဲနော်။သူမရဲ့မျက်နှာလေးကချစ်ဖို့ကောင်းတဲ့အပြင် လှပတဲ့ခန္တာကိုယ်ရှိ​ပြီး မြန်မာဝတ်ဆုံလေးနဲ့ ပရိတ်သတ်ကိုအချစ်ပိုစေခဲ့သူဆိုလဲမမှားပါဘူးနော်။သူမရဲ့ချစ်ဖို့ကောင်းတဲ့ဟန်မူယာလေးတွေကြောင့်လဲ ကြည့်မိတဲ့သူတွေကိုအသည်းယားစေလောက်ပါတယ်နော်။
ခုဆိုသူမက နိုင်ငံကျော်ဘောလုံးသမားအောင်သူနဲ့တရားဝင်လက်ထက်ထားပါတယ်။ချစ်ရတဲဲ့အမျိုးသားနဲ့အတူအရမ်းချစ်ဖို့ကောင်းတဲ့သားလေးတစ်ယောက်လဲရှိပါတယ်။သူမတို့မိသားစုကတော်လှန်ရေးမှာလဲ ပြည်သူတွေနဲ့အတူရပ်တည်ပြီးတတ်တတ်ကြွကြွပါဝင်ခဲ့ပါတယ်။ယခုဆိုပိုးအိက သူမရဲ့ခင်ပွန်းအတူထိုင်းနိုင်ငံမှာသွားရောက်နေထိုင်နေပါတယ်။
ပိုအိတို့မိသားစုကအလှူအတန်းရက်ရောပြီး ပရဟိတလုပ်ငန်းတွေမှာလဲ အမြဲပါဝင်လျှက်ရှိတာကိုမြင်တွေ့ရပါတယ်။သူမရဲ့သားလေးမွေးနေ့အကြိုအလှူအဖြစ် အခုလတ်လောမှာ ကပ်ရောဂါပိုးခံစားနေရတဲ့လူတွေအတွက်အောက်စီဂျင်ဝယ်ယူနိုင်ရန် အလှူငွေ(15) သိန်းကို ခိုင်နှင်းဝေရဲ့ပရဟိရအသင်းမှာပါဝင်လှူဒါန်းခဲ့ပါတယ်။ အလှူအတန်းကိုရက်ရက်ရောရောလှူပေးတဲ့မိသားစု ဒီထက်မကအောင်မြင်ပြီးပိုတိုးလှူဒါန်းနိုင်ပါစေလို့ခိုင်နှင်းဝေကသူမရဲ့ Social Media ပေါ်မှာကျေးဇူးတင်စကားဆိုထားတာကိုတွေ့ရပါတယ်။ဖတ်ရှူ့ခဲ့တဲ့ပရိတ်သတ်ကြီးကိုလဲကျေးဇူးတင်ရှိပါတယ်။
Zawgyi
Credit