Cele News

ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော်ကြီးဦးမန်းဝင်းအားရည်စူးပြီး အောက်စီဂျင်အိုးတွေလှူဒါန်းပေးခဲ့တဲ့ ကျန်ရစ်သူမိသားစု

ကွယ်လွန်သွားပြီဖြစ်တဲ့လူရွှင်တော်ကြီးဦးမန်းဝင်းအားရည်စူးပြီးအောက်စီဂျင်အိုးတွေလှူဒါန်းပေးခဲ့တဲ့ ကျန်ရစ်သူမိသားစု

ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့လူရွှင်တော်ကြီးဦးမန်းဝင်းကတော့ဘဝတရားသို့ကွယ်လွယ်သွားခဲ့ပြီဘဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကျန်ရစ်သူမိသားစုကဦးမန်းဝင်းအတွက်ရည်စူးပြီးမွန်မြတ်တဲ့အလှူဒါနတခုကိုပြုလုပ်ခဲ့တာဘဲဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ကဒ်ရောဂါကြောင့်အောက်စီဂျင်မလုံလောက်မှုပြဿနာတွေမြန်မာနိုင်ငံအနှံ့အပြားမှာဖြစ်ပေါ်နေပြီးလူသေဆုံးမှုတွေပြဿနာတွေလည်းရှိနေတာဖြစ်ပါတယ်။ဒါကြောင့်ဦးမန်းဝင်းရဲ့ကျန်ရစ်သူမိသားစုကလက်ရှိဖြစ်ပေါ်နေတဲ့အောက်စီဂျင်လိုအပ်မှုတွေအတွက်အောက်စီဂျင်အိုးတွေလှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။

အမှန်တကယ်လိုအပ်နေတဲ့အချိန်မှာလှူဒါန်းပေးခဲ့လို့ကျန်ရစ်သူမိသားစုလည်းကုသိုလ်များစွာရရှိပြီးဦးမန်းဝင်းလည်းကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။အားလုံးလည်းမွန်မြတ်လှတဲ့အလှူလေးကိုသာဓုခေါ်ပေးပါဦးနော်။

Zawgyi Version




Credit