Cele News

ဦးဇင်းဦးကိတ္တိသာရ(ဦးကျော်ဟိန်း) ၏ တစ်နှစ်ပြည့်အလှူမှာ ဦးကျော်ဟိန်းရဲ့ကျေးဇူးတွေကို အမှတ်တရရင်ဖွင့်လာတဲ့ ဦးအောင်ခိုင်

ဦးဇင်းဦးကိတ္တိသာရ(ဦးကျော်ဟိန်း) ၏ တစ်နှစ်ပြည့်အလှူမှာ ဦးကျော်ဟိန်းရဲ့ကျေးဇူးတွေကို အမှတ်တရရင်ဖွင့်လာတဲ့ ဦးအောင်ခိုင်

ယနေ့ကသရုပ်ဆောင်မင်းသားကြီးဦးကျော်ဟိန်း သာသနာ့ဘောင်ထဲမှာပျံလွန်တော်မူသွားတာ (၁)နှစ်ရှိခဲ့ပါပြီနော်။ဦးဇင်းမဝတ်ခင် ဦးကျော်ဟိန်းက ခေတ်အဆက်ဆက်မှယနေ့ခေတ်ထိတိုင်တောင် သူ့ရဲ့သရုပ်ဆောင်အောင်မြင်မှု့က ရှိနေဆဲပဲဖြစ်ပါတယ်။အနုပညာသည်အချင်းချင်းတောင် လေးစားအားကျခြင်းခံရတဲ့သူတစ်ဦးပါ။

ယနေ့(၁)နှစ်ပြည့်အလှူကိုကျန်ရစ်သူမိသားစုမှ လူကြမ်းသရုပ်ဆောင်အနုပညာရှင်တွေဖြစ်တဲ့ ကိုလူချောအဖွဲ့သားများနဲ့ ရုပ်ရှင်စက်မှုဆိုင်ရာ အတတ်ပညာရှင်များကို အလှူငွေများလှူဒါန်းခဲ့ကြပါတယ်။အဲမှာကိုလူချောအဖွဲ့ဥက္ကထဦးအောင်ခိုင်က သူ့အပေါ်ကျေးဇူးမကင်းတဲ့ ဦးကျော်ဟိန်းအကြောင်းကို ရင်ဖွင့်ပြောဆိုလာခဲ့ပါတယ်။

အနုပညာလောကမှာ အောင်ခိုင်ရယ်လို့နေရာတစ်ခုရှိလာတာ ဦးကျော်ရဲ့သင်ပြပေးမှု့တွေကြောင့်ပါ။ဦးကျော် ပြောနေကျစကားတစ်ခွန်းရှိပါတယ် “မင်းသရုပ်ဆောင်ကောင်းဖြစ်ချင်ရင် အိုက်တင်မလုပ်ပါနဲ့၊ ဇာတ်ကောင်နဲ့ စရိုက် ကွဲပြားအောင် လုပ်ရမယ်”ဆိုတဲ့စကားပါပဲ။အဲစကားက တကယ်ထိရောက်ခဲ့တဲ့စကားတစ်ခွန်းပါလို့ အောက်မေ့စွာ ရင်ဖွင့်လာခဲ့တာပဲဖြစ်ပါတယ်။ဖတ်ရှု့ပေးခဲ့လို့ကျေးဇူးပါ။

Zawgyi




Credit