Cele News

ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်ဝယ်ယူရန်အတွက် အလှူငွေ (၁၀) သိန်း ပါဝင်လှူဒါန်းခဲ့တဲ့ အုပ်စိုးခန့်

ပြည်သူတွေလိုအပ်နေတဲ့အောက်စီဂျင်ဝယ်ယူရန်အတွက်အလှူငွေ(၁၀)သိန်းပါဝင်လှူဒါန်းခဲ့တဲ့အုပ်စိုးခန့်

လူငယ်ပရိသတ်တွေရဲ့အားပေးမှုအပြည့်အဝရရှိထားတဲ့အဆိုတော်အုပ်စိုးခန့်ကတော့သီချင်းကောင်းလေးတွေကိုအသံချိုချိုလေးနဲ့သီဆိုနိုင်သူတစ်ယောက်ပါ။အုပ်စိုးခန့်ကတော့လူထူလှုပ်ရှားမှုတွေမှာတတ်တတ်ကြွကြွပါဝင်ခဲ့သလိုအလှူအတန်းတွေပြုလုပ်ပေးနေတဲ့သူတစ်ယောက်ပါ။

လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့်အောက်စီဂျင်မလုံလောက်ဘဲပြည်သူများစွာ အသက်ဆုံးရှုံးနေရတာလည်းဖြစ်ပါတယ်။ဒါကြောင့်ပြည်သူများစုပေါင်းပြီးအောက်စီဂျင်ဇာတ်ရုံတွေတည်ထောင်ဖို့ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။ပြည်သူတွေအပြင်အနုပညာရှင်တွေကလည်းတတ်အားသလောက်ကူညီလှူဒါန်းပေးနေတာလည်းဖြစ်ပါတယ်။

အခုလည်းအုပ်စိုးခန့်က Clean Yangon ကိုအောက်ဆီဂျင်ဝယ်ယူရန်အတွက်အလှူငွေ(၁၀)သိန်းပါဝင်လှူဒါန်းခဲ့ပါတယ်။အလှူနဲ့ပတ်သက်ပြီးကျနော်ဒီနေ့ Clean Yangon မှာ oxygen အတွက်ငွေသား(၁၀သိန်းကျပ်)လှူလိုက်တယ်အားလုံးအဆင်ပြေချောမွေ့ကြပါစေရေးသားဖော်ပြထားရာပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Zawgyi Version




Credit