Cele News

ကိုဗစ်ကာကွယ်ဆေးတွေသောက်မိလို့ဆုံးပါးသွားရတဲ့ သူငယ်ချင်းဇနီးအကြောင်းပြောလာတဲ့ ကျော်ထက်ဇော်

ကိုဗစ်ကာကွယ်ဆေးတွေသောက်မိလို့ဆုံးပါးသွားရတဲ့ သူငယ်ချင်းဇနီးအကြောင်းပြောလာတဲ့ ကျော်ထက်ဇော်

MRTV-4 မင်းသား ကျော်ထက်ဇော်ဟာဆိုရင် MRTV-4 ဇာတ်လမ်းတွဲတွေကနေတဆင့် အောင်မြင်လာပြီး ပရိတ်သတ်တွေရဲ့အားပေးမှု့ကိုလဲ ရရှိလာတာဖြစ်ပါတယ်။အခုဆိုသူက သရုပ်ဆောင်အပြင် မော်ဒယ်တစ်ယောက်အနေနဲ့ပါလုပ်ကိုင်နေတာပါ။

ခုကာလမှာ အတော်ဆိုးဝါးနေတဲ့ ကိုဗစ်ရောဂါကြောင့် ပြည်သူအတွက်စိုးရိမ်နေပါတယ်။ဟိုတလောက သူ့သူငယ်ချင်းရဲ့ဇနီးကွယ်လွန်သွားရတဲ့အကြောင်းရေးပြထားပါတယ်။ကိုဗစ်ကူးဆက်ရောဂါကြောင့်ဆုံးပါးသွားတာမဟုတ်ဘဲ ကိုဗစ်ကာကွယ်ဆေးတွေကြောင့်ဆုံးပါးသွားရတယ်ဆိုတဲ့အကြောင်းပါ။

“သူငယ်ချင်းတစ်ယောက်ရဲ့ဇနီးတော့ကိုဗစ်နဲ့မသေဘဲလိုင်းပေါ်ကတင်ထားတဲ့ကိုဗစ်ကာကွယ်ဆေးတွေသောက်လို့ ကျောက်ကပ်ပျက်စီးပြီး သေသွားရှာပီ ကျွန်တော့်ဆေးဆိုင်မှာလာဝယ်တဲ့သူတိုင်းကို နေ့စဥ်ရက်ဆက် မသောက်ဖို့ / အလွန်အကျွံ့မသောက်ဖို့ / ကလေးတွေကို မတိုက်ဖို့ ” သတိပေးထားပါတယ်။တန်ဆေးလွန်ဘေးပါ ဆေးကိုအရမ်းအားမကိုးပဲအာဟာရဖြေစေမယ့် Vitamin ပါတဲ့အစားအသောက်တွေကို ပိုစားပေးကြပါလို့လဲ တိုက်တွန်းထားပါသေးတယ်။ဖတ်ရှု့ပေးလို့ကျေးဇူးပါ။

Zawgyi




Credit