Cele News

လွန်ခဲ့သော ၃၃ နှစ်က ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတစ်ချို့ကို ပြန်လည်ပြောကြားပေးလိုက်တဲ့ သရုပ်ဆောင်သက်မွန်မြင့်

လွန်ခဲ့သော၃၃နှစ်ကဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့စကားတစ်ချို့ကိုပြန်လည်ပြောကြားပေးလိုက်တဲ့ သရုပ်ဆောင်သက်မွန်မြင့်

သရုပ်ဆောင်သက်မွန်မြင့်ကတော့အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူပရိတ်သတ်တွေရဲ့အားပေးချစ်ခင်မှုကိုအခိုင်အမာရရှိထားတဲ့အကယ်ဒမီမင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်၊သက်မွန်မြင့်ကတော်လှန်ရေးကြီးမှာလဲနေထိလို့မရတဲ့ရောဂါရှိနေပေမယ့်လဲလမ်းထွက်ကာပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပါတယ်၊နောက်ပိုင်းအကြောင်းအမျိုးမျိုးကြောင့်မပါဝင်နိုင်ပေမယ့်လဲသူမတတ်နိုင်တဲ့ဘက်ကနေပါဝင်တော်လှန်နေပါတယ်၊ယခုတစ်ခါဒေါ်အောင်ဆန်းစုကြည်ပြောကြားထားတဲ့စကားတစ်ချို့ကိုသက်မွန်မြင့်ကပြန်လည်ရေးသားဖော်ပြထားပါတယ်။

သက်မွန်မြင့်ကတော့ဒေါ်အောင်ဆန်းစုကြည် ၇ရက်၉လ၁၉၈၈၊လွန်ခဲ့သော၃၃နှစ်ကပြောခဲ့တာ၊ပြည်သူဘက်ကအားကြီးနေပါပြီ၊ဒီအားကိုစနစ်တကျသုံးဖို့ပဲလိုပါတော့တယ်၊ကျွန်မကအဲ့တာကိုပိုပြီးအရေးထားပါတယ်၊အားကတော့ကြီးပါရဲ့အဲ့ဒီအားကိုမထိန်းနိုင်ရင်ပေါက်ကွဲသွားရင်ပြည်သူကိုပြန်ထိမယ်၊ပြီးတော့ဘယ်လောက်ကြာကြာရုန်းကန်ရဦးမယ်ဆိုတာလဲမသိနိုင်သေးဘူး၊အားမွေးထားပြီးစနစ်တကျလုပ်သွားသင့်တယ်လို့ကျွန်မထင်ပါတယ်၊ပြည်သူတွေခြေကုန်လက်ပမ်းကျသွားမှာကျွန်မစိုးရိမ်တယ်၊အခုတောင် ကျွန်မတို့အတော်ပင်ပန်းနေကြပါပြီဆိုပြီးတော့ပြောကြားထားပါတယ်။

နောက်ပြီးတော့ပြည်သူ့ဆန္ဒမြန်မြန်ပြည့်ဝမှတိုင်းပြည်သက်သာမယ်၊ကြာလေတိုင်းပြည်နာလေပဲ၊ဖယ်မပေးရင်ဖယ်ပေးအောင်ပြည်သူလူထုကလုပ်ရမှာပေါ့၊ပြည်သူလူထုမှာအင်အားရှိနေပြီပဲ၊ကျွန်မရဲ့သဘောကတော့ပြည်သူလူထုဟာလိုအပ်လို့ဝုန်းခနဲထလုပ်စရာရှိရင်အသင့်အနေအထားမှာရှိရမယ်၊ရုတ်တရက်ရပ်လိုက်မယ်ဆိုရင်လဲရပ်လို့ရတဲ့ ထိန်းချုပ်နိုင်တဲ့စွမ်းအားရှိဖို့လိုပါတယ်၊ရှိလဲရှိစေချင်ပါတယ်၊သွေးပူတုန်းလုပ်တာစစ်မှန်တဲ့တကယ့်သတ္တိမဟုတ်ဘူး၊သွေးအေးအေးနဲ့လုပ်မှတကယ့်သတ္တိပါ၊တခြားအသုံးကျတဲ့သူတွေရှိပါတယ်၊ကျွန်မတစ်ယောက်တည်းမဟုတ်ပါဘူး၊ဒီတစ်ယောက်တည်းရှိမှဖြစ်မယ်ဆိုတဲ့အဖြစ်မျိုးမဖြစ်စေချင်ပါဘူး၊ပြည်သူတွေစည်းကမ်းရှိဖို့အရေးကြီးပါတယ်၊ဒါကြောင့်စည်းကမ်းရှိဖို့ကျွန်မဆက်လက်နှိုးဆော်မယ်၊စည်းကမ်းရှိတယ်ဆိုတာတကယ်တော့ဒီမိုကရေစီပါပဲဆိုပြီးတော့သက်မွန်မြင့်ကတစ်ဖန်ရေးသားဖော်ပြထားပါတယ်။

Zawgyi Version

သ႐ုပ္ေဆာင္သက္မြန္ျမင့္ကေတာ့အေကာင္းဆုံးသ႐ုပ္ေဆာင္ခ်က္ေတြနဲ႕အတူပရိတ္သတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကိုအခိုင္အမာရရွိထားတဲ့အကယ္ဒမီမင္းသမီးတစ္ေယာက္ပဲျဖစ္ပါတယ္၊သက္မြန္ျမင့္ကေတာ္လွန္ေရးႀကီးမွာလဲေနထိလို႔မရတဲ့ေရာဂါရွိေနေပမယ့္လဲလမ္းထြက္ကာျပည္သူေတြနဲ႕အတူလူထုလႈပ္ရွားမႈေတြမွာပါဝင္ခဲ့ပါတယ္၊ေနာက္ပိုင္းအေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္မပါဝင္နိုင္ေပမယ့္လဲသူမတတ္နိုင္တဲ့ဘက္ကေနပါဝင္ေတာ္လွန္ေနပါတယ္၊

သက္မြန္ျမင့္ကေတာ့ေဒၚေအာင္ဆန္းစုၾကည္၇ရက္၉လ၁၉၈၈၊လြန္ခဲ့ေသာ၃၃ႏွစ္ကေျပာခဲ့တာ၊ျပည္သူဘက္ကအားႀကီးေနပါၿပီ၊ဒီအားကို စနစ္တက်သဳံးဖို႔ပဲလိုပါေတာ့တယ္၊ကြၽန္မကအဲ့တာကိုပိုၿပီးအေရးထားပါတယ္၊အားကေတာ့ႀကီးပါရဲ႕ အဲ့ဒီအားကိုမထိန္းနိုင္ရင္ေပါက္ကြဲသြားရင္ျပည္သူကိုျပန္ထိမယ္၊ၿပီးေတာ့ဘယ္ေလာက္ၾကာၾကာ႐ုန္းကန္ရဦးမယ္ဆိုတာလဲမသိနိုင္ေသးဘူး၊အားေမြးထားၿပီးစနစ္တက်လဳပ္သြားသင့္တယ္လို႔ ကြၽန္မထင္ပါတယ္၊ျပည္သူေတြေျခကုန္လက္ပမ္းက်သြားမွာကြၽန္မစိုးရိမ္တယ္၊

ေနာက္ၿပီးေတာ့ျပည္သူ႕ဆႏၵျမန္ျမန္ျပည့္ဝမွတိုင္းျပည္သက္သာမယ္၊ၾကာေလတိုင္းျပည္နာေလပဲ၊ဖယ္မေပးရင္ဖယ္ေပးေအာင္ျပည္သူလူထုကလုပ္ရမွာေပါ့၊ျပည္သူလူထုမွာအင္အားရွိေနၿပီပဲ၊ကြၽန္မရဲ႕သေဘာကေတာ့ျပည္သူလူထုဟာလိုအပ္လို႔ဝုန္းခနဲထလုပ္စရာရွိရင္အသင့္အေနအထားမွာရွိရမယ္၊႐ုတ္တရက္ရပ္လိုက္မယ္ဆိုရင္လဲရပ္လို႔ရတဲ့ ထိန္းခ်ဳပ္နိုင္တဲ့စြမ္းအားရွိဖို႔လိုပါတယ္၊ရွိလဲရွိေစခ်င္ပါတယ္။

Credit