Cele News

ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်ရရှိရေးအတွက် အလှုငွေသိန်း(၅၀)လှူဒါန်းပေးလိုက်တဲ့ မင်းသားချော ဇေရဲထက်

ပြည်သူတွေလိုအပ်နေတဲ့အောက်စီဂျင်ရရှိရေးအတွက်အလှုငွေသိန်း(၅၀)လှူဒါန်းပေးလိုက်တဲ့မင်းသားချောဇေရဲထက်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့မင်းသားချောဇေရဲထက်ကတော့ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးအောင်မြင်ခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ဇောရဲထက်ကတော့ဖောရွေပြီးချစ်ဖို့ကောင်းတဲ့အပြုံးလေးတွေကြောင့်နှာခမ်းနီမလေးတွေအသည်းစွဲအားပေးနေကြတာလည်းဖြစ်ပါတယ်။ဇေရဲထက်ကတော့လူထုလှုပ်ရှားမှုကြီးမှာပါဝင်ခဲ့ခြင်းမရှိပေမယ့်အလှူအတန်းတွေတော့ပြုလုပ်ပေးနေသူတစ်ယောက်ပါ။

လတ်တလောဖြစ်ပေါ်​နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့်ပြည်သူတွေအများအပြားအောက်စီဂျင်ပြတ်ပြီးသေဆုံးနေကြတာလည်းဖြစ်ပါတယ်။ထို့ကဲ့သို့အောက်စီဂျင်မလုံလောက်မှုမဖြစ်စေရန်ပြည်သူတွေနဲ့အတူအနုပညာရှင်အချို့ကလည်းတတ်အားသ၍လှုဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာတော့မင်းသားချောဇေရဲထက်ကအောက်စီဂျင်လိုအပ်နေတဲ့ပြည်သူတွေအတွက်ဒို့လယ်ဝေးပရဟိတလူငယ်များအသင်းမှာအောက်စီဂျင်ရရှိရေးအတွက်အလှူငွေသိန်း(၅၀)လှူဒါန်းပေးခဲ့တာဘဲဖြစ်ပါတယ်။ပြည်သူတွေအမှန်တကယ်လိုအပ်နေတဲ့အရာကိုလှူဒါန်းတဲ့မင်းသားချောဇေရဲထက်ရဲ့မွန်မြတ်လှတဲ့အလှူလေးကိုသာဓုခေါ်ပေးပါဦးနော်။

Zawgyi Version




Credit