Cele News

ကိုဗစ်လူနာတွေ ကိုယ်ခံအားကောင်းဖို့အတွက် ကြက်ပေါင်းနဲ့ ငါးကြင်းပေါင်းတွေလှူဒါန်းသွားမယ့် ခိုင်သင်းကြည်

ကိုဗစ်လူနာတွေကိုယ်ခံအားကောင်းဖို့အတွက်ကြက်ပေါင်းနဲ့ ငါးကြင်းပေါင်းတွေလှူဒါန်းသွားမယ့်ခိုင်သင်းကြည်

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ခိုင်သင်းကြည်ကတော့ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုတ်ကူးခဲ့ပြီးအကယ်ဒမီထူးချွန်ဆုတွေလည်းရရှိထားတဲ့သူတစ်ယောက်ပါ။အများကချစ်စနိုးနဲ့ခေါ်တဲ့မခိုင်လေးကတော့လူထုလှုပ်ရှားမှုကြီးမှာလည်းတတ်တတ်ကြွကြွပါဝင်ခဲ့ပြီးလမ်းပေါ်ထွက်ကရှေ့ဆုံးကရပ်တည်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ဒါအပြင်ခိုင်သင်းကြည်ကအလှူအတန်းလည်းရက်ရောပြီးလိုအပ်တဲ့နေရာတွေကိုပုံမှန်လှူဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့ခိုင်သင်းကြည်ကကိုဗစ်လူနာတွေအတွက်အားရှိစေမယ့်ကြက်ပေါင်းနဲ့ငါးကြင်းပေါင်းတွေကိုဒီနေ့မှာလှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။ပြည်သူအားလုံးအတွက်လှူဒါန်းချင်ပေမဲ့လည်းလောလောဆယ်တော့မနေ့ကသူ့ရဲ့ Liveထဲမှာကနေကိုဗစ်ကူးစက်ခံရတဲ့လူနာအယောက်(၃၀)ကိုရွေးပြီးသူတတ်နိုင်သလောက်လှူဒါန်းပေးခဲ့တာပါ။

ကြက်ပေါင်းနဲ့ငါးကြင်းပေါင်းတွေချက်ပေးတဲ့သရုပ်ဆောင်အေးသီတာကိုရောလူနာတွေထံလိုက်လံပို့ဆောင်ပေးတဲ့သူကိုရောမေတ္တာနဲ့သူ့ရဲ့အလှူလေးအထမြောက်အောင်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းလည်းဖော်ပြထားပါသေးတယ်။ကြက်ပေါင်းနဲ့ငါးကြင်းပေါင်းလက်ခံရရှိတဲ့သူတွေလည်းကိုယ်ခံအားတွေကောင်းလာပြီးရောဂါအမြန်ဆုံးသက်သာပျောက်ကင်းသွားဖို့ကိုလည်းမခိုင်လေးကဆုမွန်ကောင်းတွေတောင်းပေးထားပါသေးတယ်။

Zawgyi Version

ပရိသတ္ေတြခ်စ္ခင္အားေပးရတဲ့ဝါရင့္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ခိုင္သင္းၾကည္ကေတာ့ ႐ုပ္ရွင္ဇာတ္ကားေပါင္းမ်ားစြာရိုတ္ကူးခဲ့ၿပီးအကယ္ဒမီထူးခြၽန္ဆုေတြလည္းရရွိထားတဲ့သူတစ္ေယာက္ပါ။အမ်ားကခ်စ္စနိုးနဲ႕ေခၚတဲ့မခိုင္ေလးကေတာ့ လူထုလႈပ္ရွားမႈႀကီးမွာလည္းတတ္တတ္ႂကြႂကြပါဝင္ခဲ့ၿပီး လမ္းေပၚထြက္ကေရွ႕ဆုံးကရပ္တည္ေပးခဲ့တာလည္းျဖစ္ပါတယ္။

ဒါအျပင္ခိုင္သင္းၾကည္ကအလႉအတန္းလည္းရက္ေရာၿပီးလိုအပ္တဲ့ေနရာေတြကိုပုံမွန္လႉဒါန္းမႈေတြျပဳလုပ္ေပးေနတာလည္းျဖစ္ပါတယ္။ဒီေန႕မွာေတာ့ခိုင္သင္းၾကည္ကကိုဗစ္လူနာေတြအတြက္အားရွိေစမယ့္ၾကက္ေပါင္းနဲ႕ငါးၾကင္းေပါင္းေတြကိုဒီေန႕မွာလႉဒါန္းေပးသြားမွာပဲျဖစ္ပါတယ္။ျပည္သူအားလုံးအတြက္လႉဒါန္းခ်င္ေပမဲ့လည္းေလာေလာဆယ္ေတာ့မေန႕ကသူ႕ရဲ႕ Live ထဲမွာကေနကိုဗစ္ကူးစက္ခံရတဲ့လူနာအေယာက္ (၃၀)ကိုေ႐ြးၿပီးသူတတ္နိုင္သေလာက္လႉဒါန္းေပးခဲ့တာပါ။

ၾကက္ေပါင္းနဲ႕ငါးၾကင္းေပါင္းေတြခ်က္ေပးတဲ့ သ႐ုပ္ေဆာင္ေအးသီတာကိုေရာလူနာေတြထံလိုက္လံပို႔ေဆာင္ေပးတဲ့သူကိုေရာေမတၱာနဲ႕သူ႕ရဲ႕အလႉေလးအထေျမာက္ေအာင္ကူညီေပးတဲ့ အတြက္ေက်းဇူးတင္ရွိေၾကာင္းလည္းေဖာ္ျပထားပါေသးတယ္။ၾကက္ေပါင္းနဲ႕ငါးၾကင္းေပါင္းလက္ခံရရွိတဲ့သူေတြလည္းကိုယ္ခံအားေတြေကာင္းလာၿပီးေရာဂါအျမန္ဆုံးသက္သာေပ်ာက္ကင္းသြားဖို႔ကိုလည္းမခိုင္ေလးကဆုမြန္ေကာင္းေတြေတာင္းေပးထားပါေသးတယ္။

Credit