Cele News
စျေးရောင်းပြီးရတဲ့ ရန်ပုံငွေ(၁၀)သိန်းကို အောက်စီဂျင်ရရှိရေးအတွက် လှုဒါန်းခဲ့တဲ့ ရေဗက္ကာဝင်း
စျေးရောင်းပြီးရတဲ့ရန်ပုံငွေ(၁၀)သိန်းကိုအောက်စီဂျင်ရရှိရေးအတွက်လှုဒါန်းခဲ့တဲ့ရေဗက္ကာဝင်း
သီချင်ကောင်းလေးတွေနဲ့ပရိသတ်တွေအားပေးမှုရရှိလာခဲ့တဲ့အဆိုတော်ရေဗက္ကာဝင်းကတော့ဂီတနယ်ပယ်မှာအောင်မြင်မှုနေရာတခုရရှိခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှာရေဗက္ကာဝင်းကအနုပညာအလုပ်တွေကိုရပ်နားထားပေးမယ့်လည်းတတ်အားသ၍လှုဒါန်းမှုတွေပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံအနှံ့အပြားမှာအောက်စီဂျင်မလုံလောက်ပြီးအသက်တွေဆုံးရှုံးနေရတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့အောက်စီဂျင်စက်ရုံတွေတည်ဆောက်ရန်ပြည်သူတွေနဲ့အတူအနုပညာရှင်အချို့ကလည်း တတ်နိုင်တဲ့ဘက်ကနေလှုဒါန်းမှုတွေပြုလုပ်ပေးနေရတာလည်းဖြစ်ပါတယ်။
ဒီနေ့မှာတော့ရေဗက္ကာဝင်းကမြစ်ကြီးနားမြို့ကအောက်စီဂျင်စက်ရုံဆောက်လုပ်ဖို့အလှုလေးမှာ(၁၀)သိန်းလှူဒါန်းဖြစ်ခဲ့ပုံကိုသူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောပြလာပါတယ်။ရေဗက္ကာဝင်းကပထမအကြိမ်ရန်ပုံငွေစျေးရောင်းပြီးရတဲ့အလှူငွေကိုလှူဒါန်းခဲ့ပါတယ်ရှင်တဆင့်သွားရောက်လှူဒါန်းပေးတဲ့ချစ်လှစွာသောပရဟိတမိခင်အဒေါ်ဖြစ်တဲ့ Dim Pre Lahpai Nangpri ကိုလဲကျေးဇူးတင်ပါတယ် Charity Saleမှာပါဝင်လှူဒါန်းအားပေးကြတဲ့သူအယောက်စီတိုင်းလဲစိတ်ချမ်းသာကိုယ်ကျန်းမာပြီး ကပ်ကြီး၃ပါးကျော်လွှားနိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ရှင် PS: Account ထဲကfriend တွေကိုလဲ spicy အနက်ရောင်တကယ်ပို့ပေးပါမယ်(လိပ်စာလေးတွေပို့ထားပေးပါ)ရေးသားထားရာပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Zawgyi Version
Credit