Cele News

သူရဲ့မိသားစုဝင်တွေကို အိမ်ပေါ်ထိ လက်နက်တွေနဲ့ တတ်လာပြီး ခြိမ်းခြောက်ခံရတဲ့အကြောင်းပြောလာတဲ့ တိုင်းကျော်

သူရဲ့မိသားစုဝင်တွေကိုအိမ်ပေါ်ထိလက်နက်တွေနဲ့တတ်လာပြီး ခြိမ်းခြောက်ခံရတဲ့အကြောင်းပြောလာတဲ့ တိုင်းကျော်

ပရိသတ်တွေကိုရီမောပျော်ရွှင်အောင်လုပ်နိုင်တဲ့လူရွှင်တော်တိုင်းကျော်ကတော့အမှန်တရားဘက်ကပြည်သူတွေနဲ့အတူရပ်တည်ပြီး လမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ခဲ့ကြတာဘဲဖြစ်ပါတယ်။နောက်ပိုင်းမှာလူရွှင်တော်တိုင်းကျော်ကလွတ်​မြောက်နယ်မြေကိုသွားရောက်ပြီးစစ်သင်တန်းတွေတတ်ရောက်နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့လူရွှင်တော်တိုင်းကျော်ကသူလွတ်မြောက်နယ်မြေသို့ရောက်ရှိပြီးတော်လှန်ရေးတိုက်ပွဲများအတွက်ပြင်ဆင်နေတာကြောင့်မြို့ပေါ်မှာကျန်ခဲ့တဲ့မိသားစုဝင်များကိုအာဏာရှင်လူတစ်စုကအိမ်ပေါ်ထိတက်ပြီးခြိမ်းခြောက်ခဲ့ပုံတွေကိုပြောပြလာတာဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့တိုင်းကျော်ရဲ့ညီမကိုယ်တိုင်သူ့ဆီစာရေးသားပြောပြခဲ့တာကြောင့်အကြောင်းစုံကိုသိရှိခဲ့ရတာဖြစ်ပါတယ်။အာဏာရှင်လူတစ်စုကသူတို့ရဲ့အိမ်ပေါ်ကိုဖိနပ်တွေနဲ့တက်လာကြပြီးအမေ့ပုခုံးပေါ်ကိုသေနတ်တင်ထားတဲ့အတွက်မိခင်ဖြစ်သူမှာတေအသားတွေတဆတ်ဆတ်တုန်နေပြီးကြောက်လန့်ခဲ့ကြောင်းရေးသားထားပါတယ်။

ဖခင်ဖြစ်သူကိုလည်းခင်ဗျားသားလိုင်းပေါ်မှာဘာတွေတင်လည်းသိတယ်နော်အဘိုးကြီးလို့ပြောရုံသာမကညီမဖြစ်သူကိုလည်းနင့်အစ်ကိုဆိုတဲ့ကောင်ကိုအရေခွံစုတ်မှာဆိုပြီးတော့လည်းကြမ်းတမ်းစွာပြောဆိုခဲ့ကြပါတယ်။လက်ရှိအချ်ိန်မှာတော့ဘေးကင်းရာသို့ပြောင်းရွှေ့နေထိုင်နေပြီးကိုယ့်ရပ်ရွာမဟုတ်တာကြောင့်အဆင်မပြေကြောင်းဝမ်းနည်းစွာရေးသားထားပါတယ်။တောထဲမှာရောက်နေတဲ့အစ်ကိုနှစ်ယောက်ကိုလည်းအရေးတော်ပုံအောင်သွားတဲ့အခါဘေးကင်းစွာနဲ့ပြန်လည်တွေ့ဆုံနိုင်ဖို့ကျန်းမာရေးဂရုစိုက်ကြဖို့ညီမဖြစ်သူကရေးသားထားတာဖြစ်ပါတယ်။

Zawgyi Version

ပရိသတ်တွေကိုရီမောပျော်ရွှင်အောင်လုပ်နိုင်တဲ့လူရွှင်တော်တိုင်းကျော်ကတော့အမှန်တရားဘက်ကပြည်သူတွေနဲ့အတူရပ်တည်ပြီး လမ်းမပေါ်ထိထွက်ကာဆန္ဒထုတ်ဖော်ခဲ့ကြတာဘဲဖြစ်ပါတယ်။နောက်ပိုင်းမှာလူရွှင်တော်တိုင်းကျော်ကလွတ်​မြောက်နယ်မြေကိုသွားရောက်ပြီးစစ်သင်တန်းတွေတတ်ရောက်နေတာလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့လူရွှင်တော်တိုင်းကျော်ကသူလွတ်မြောက်နယ်မြေသို့ရောက်ရှိပြီးတော်လှန်ရေးတိုက်ပွဲများအတွက်ပြင်ဆင်နေတာကြောင့်မြို့ပေါ်မှာကျန်ခဲ့တဲ့မိသားစုဝင်များကိုအာဏာရှင်လူတစ်စုကအိမ်ပေါ်ထိတက်ပြီးခြိမ်းခြောက်ခဲ့ပုံတွေကိုပြောပြလာတာဖြစ်ပါတယ်။

ဒီအကြောင်းအရာကိုတော့တိုင်းကျော်ရဲ့ညီမကိုယ်တိုင်သူ့ဆီစာရေးသားပြောပြခဲ့တာကြောင့်အကြောင်းစုံကိုသိရှိခဲ့ရတာဖြစ်ပါတယ်။အာဏာရှင်လူတစ်စုကသူတို့ရဲ့အိမ်ပေါ်ကိုဖိနပ်တွေနဲ့တက်လာကြပြီးအမေ့ပုခုံးပေါ်ကိုသေနတ်တင်ထားတဲ့အတွက်မိခင်ဖြစ်သူမှာတေအသားတွေတဆတ်ဆတ်တုန်နေပြီးကြောက်လန့်ခဲ့ကြောင်းရေးသားထားပါတယ်။

ဖခင်ဖြစ်သူကိုလည်းခင်ဗျားသားလိုင်းပေါ်မှာဘာတွေတင်လည်းသိတယ်နော်အဘိုးကြီးလို့ပြောရုံသာမကညီမဖြစ်သူကိုလည်းနင့်အစ်ကိုဆိုတဲ့ကောင်ကိုအရေခွံစုတ်မှာဆိုပြီးတော့လည်းကြမ်းတမ်းစွာပြောဆိုခဲ့ကြပါတယ်။လက်ရှိအချ်ိန်မှာတော့ဘေးကင်းရာသို့ပြောင်းရွှေ့နေထိုင်နေပြီးကိုယ့်ရပ်ရွာမဟုတ်တာကြောင့်အဆင်မပြေကြောင်းဝမ်းနည်းစွာရေးသားထားပါတယ်။

Credit