Cele News

ကိုဗစ်ရောဂါကူးစက်ခံရပြီး အနံ့ပျောက်ကာ နေမကောင်းဖြစ်နေတဲ့ ဟာသလူရွှင်တော်ကြီးဦးငြိမ်းချမ်

ကိုဗစ်ရောဂါကူးစက်ခံရပြီးအနံ့ပျောက်ကာနေမကောင်းဖြစ်နေတဲ့ဟာသလူရွှင်တော်ကြီးဦးငြိမ်းချမ်း

ပရိသတ်တွေကိုရီမော်ပျော်ရွှင်အောင်လုပ်နိုင်တဲ့ဟာသလူရွှင်တော်ဦးငြိမ်းချမ်းကတော့ရင်ထဲကိုအေးမြသွားမယ့်ရေခဲရေဆိုတဲ့ပြက်လုံးလေးနဲ့လူသိများလာခဲ့တာဘဲဖြစ်ပါတယ်။လူရွှင်တော်ငြိမ်းချမ်းဟာပြီးခဲ့တဲ့နှစ်အတွင်းကမျက်နှာလေတခြမ်းဖြတ်သွားခဲ့ပြီး၊ကျန်းမာရေးပြန်ကောင်းလာပြီးနောက်မိသားစုနဲ့အတူအွန်လိုင်းမှာအဝတ်အထည်များ Live Sale ရောင်းချနေသူဖြစ်ပါတယ်။

လူရွှင်တော်ဦးငြိမ်းချမ်းကတော့အင်တာဗျူးတခုမှနိုင်ငံရေးမှာမပါဝင်ကြောင်း၊ကိုယ်လုပ်မှကိုယ်စားရမှာလို့ပြောခဲ့တာကြောင့်ပရိသတ်တွေရဲ့ပြင်းထန်စွာဝေဖန်ခြင်းခံခဲ့ရတာလည်းဖြစ်ပတယ်။ဒီနေ့မှာဦးငြိမ်းချမ်းကကိုဗစ်ရောဂါကြောင့်အနံ့ပျောက်ကာနေမကောင်းတဲ့အကြောင်းအခုလိုပြောပြလာပါတယ်။ဒီနေ့အနံ့ပျောက်သွားပြီးဖျားနေပြီ။ကိုယ်ခန္ဓာတခုလုံးအသားတွေနာတယ်။အကြောတွေတက်နေတယ်။

ငါမရှိလို့မဖြစ်၊ငါ့မိသားစုအတွက်ငါနေကောင်းရမယ်။အကောင်းဆုံးကျော်ဖြတ်နိုင်ရမယ်လို့ငြိမ်းချမ်းကဆိုပါတယ်။မြန်မာပြည်အနှံ့ကူးစက်မြန်ကိုဗစ်ရောဂါကြောင့်ပြည်သူတွေနဲ့အနုပညာရှင်အချို့လည်းကွယ်လွန်နေတာဘဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်းဦးငြိမ်းချမ်းအမြန်ဆုံးကျန်းမာပါစေလို့ဆုတောင်းပေးပါဦးနော်။

Zawgyi Version




Credit